စိတ်ရဲ့ ကိုယ်ပွား

လေပြေညှင်းလေး တိုက်ခတ်နေသည်။ ကျွန်တော့်ရင်မှာ တစ်ခုခု ကိုမျှော်လင့်မိသလိုလို၊ အချိန်တစ် ခုကို ရောက်ခဲ့လေတိုင်း မှန်မှန်လာနေတတ်တဲ့ဝေဒနာတစ်ခု အပေါ် သာယာနေတတ်သည့် ဘာမှ သံသယဖြစ်စရာ မရှိသည့်အဖြေ တစ်ခု ကျွန်တော့မှာ ရှိနေသည်။ ဘာကြောင့် ဘယ်လို တွေးတော နိုင် စွမ်း ကျွန်တော်မရှိချင်၊ မစဉ်းစား ချင်လျက်နဲ့ ရောက်ရောက်လာတတ် တဲ့ဆင်ခြင် ခြင်း သဘောတရားတွေ ပုံသေနည်း ထဲကဖယ်ထုတ်ပြီး မွခြေချင် စိတ်ပေါက်လာအောင် မောဟတရား လွှမ်းမိုးမှု အောက်မှာ နေ့ စဉ်လူးလိမ့်ရခြင်း အားလဲ ကျွန်တော် ငြီးငွေ့နေပြီ။ သူ့အပေါ် ကျွန်တော့်မရိုး သားမှုများ လစ်လျှူ ရှု ပြီး အတ္တဘောင်ခတ် ကည့်ရင်သူဟာ အဖြူရောင်သတ်တန့် တမျိုးအဖြစ် ကျွန်တော့်ရင်ဘတ်ထဲမှာ လှပနေဆဲဘဲ။ ကိုယ်တိုင်တိုးဝင်ထားတဲ့ ပိုက်ကွန်တစ်ခုထဲက ရှုန်းထွက်ချင်တာ မဟုတ်ခဲ့ရင်တောင် ကျွန်တော် လွတ် မြောက်လိုတဲ့ဆန္ဒကို မြိုသိပ်ထားနိုင်သေးတယ်။ တဘက်ကကြိုးတွေကခြည်နှောင်ခဲ့ ပြီးတာလူတွေသိနေပြီ။ သူ့ရဲ့ မျက်ဝန်းတစ်စုံ ဖမ်းစားမှုတစ်ခု ကို တကယ်တမ်းတော့ ကျွန်တော်ရှောင်လွဲခဲ့သင့်တယ်။ ပြီးတော့မှ ဖြစ်လာတဲ့ ပျက်ခြင်းဆိုတဲ့ တရားဟာအဖန်တလဲလဲ ဒီရင်ကို လှုပ်ခတ်အသတ်သွင်းနေခဲ့ပြီး၊ မှော်ဆရာဆန်တဲ့ ၀ိညာဉ်ဟာ အသိစိတ်မဲ့စွာ ရှင်သန်ခဲ့တဲ့ ကျားသေကို အသက်သွင်း သေခြင်းနဲ့ အဆုံးသတ်ခဲ့တဲ့ ပုံပြင်တွေ ကို မုန်းလာတာလဲ အမှန်ဘဲလေ။ အမှန်တရားကို မြတ်နိုးပါတယ် ဆိုတဲ့ ကိုယ့်စိတ်တွေကို ကိုယ်ကိုတိုင်ပြန်ညာနေခဲ့ တော့ ဘယ်သူကမှ ဖြောင်းဖျ လို့ မရနိုင်ခဲ့ဘူး။ သူတကယ် မသိတာလား၊ သူတ ကယ် မမြင်မိတာလား။ ကိုယ့်စရိုက်ကို မင်းဘာသဘောကျနေလဲ၊ မင်းကိုယ့်အကြောင်း ဘယ်လောက်သိလို့လဲ ၊ တကယ်တော့ကိုယ်ဟာ- - - -။ အင်း- - -သက်ပြင်းတွေတချချနဲ့  နှုတ်မထွက်ရဲ သေးတာ အတော်တောင် ကြာသွားပါ ရောလား။ ပြင်ဆင်လာတဲ့ အမှန်တရားတွေကို မြင်မြင် လာတဲ့ ဒီရုပ် နံ နှစ်ပါးက ဘာရယ်ကြောင့် စွန့်ခွာ ပြေးထွက်သွားခဲ့တာလဲ။ မင်းသတ္တိ မရှိဘူးလား ၊ မပြောရဲဘူးလား၊ ပဲ့တင်ထပ် နေတဲ့ ခေါင်းထဲက မေးခွန်းတွေကို မကြားခြင်ဟန်ဆောင် နေ့ စဉ်မှာ တော့ လေလှိုင်းကြားက စိတ်ရဲ့ အစာ ကို လွှတ်ချဖို့ မဆုံးဖြတ်ရဲသေးဘူး။ တနေ့ တခါ ကလင်ကလင် စီးဝါးလေး ကိုချိုမြိန်စွာ နှမြောလက်တွန့် နေတော့ ငါဘာမှ ဖွင့်မပြောချင်ဘူး၊ ရေလိုက်ငါးလိုက် နေသွားဖို့ က ရေ၇ှည်မှာလဲ မဖြစ်နိုင်ဘူး။ မင်းဘက်ကို ငါငဲ့ ကြည့်နေတာ မင်းသိရဲ့လား။ ငါခံစားနိုင်တယ်၊ ငါ လွမ်းထားနိုင်တယ် မင်းကိုယ်ပေါ် အရောင်ဆိုး မင်းကို စိတ်ဒဏ်ရာတွေမပေးချင်ဘူး။ ငါမိုက်မဲ ခဲ့တာငါသိတယ်။ တကယ်တော့ မင်းလမ်းမင်းသွား ငါ့ကို မသနားပါနဲ့ ကွာ လို့ပြောပြလိုက်ချင်တယ် ၊ အခုပြောရင်ပို ဆိုးမလား၊ နောက်ပြောရင် စိတ်ဆိုးမလား ဘာဖြစ် ဖြစ် သေခြာတာ ငါသာတကယ် နာကြင်ခဲ့မယ်။ ထားပါလေ မင်းသာ ဘာမှ မခံစားရဘူး ဆိုရင် နောက်တနေ့ ဖုန်းသံတွေ တိတ်တိတ်နေပေးလိုက်တော့ မယ်ကွာ။

1 comments:

pandora said...

ဘာတွေဖြစ်နေလဲဟ။ အိမ်ကမိန်းမ ဘယ်နားသွားထားလဲ။ သိရင်ကွိုင်တက်တော့မှာပဲ။ လိမ္မာစမ်းပါဟာ။