လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကပေါ့ဗျာ၊ ကျွန်တော်တို့ အဖွားဇာတိဖြစ်တဲ့ ရမည်းသင်းမှာ သွားပြီး ရွာ အလှုလေးတစ်ခုလုပ်ဖြစ်ခဲ့တယ်။ ပထမက တော့ အဘွား ဆုံးတာ ၅ နှစ်ပြည့်တဲ့ အနေနဲ့ သူဆုံးတဲ့ အသက်ဖြစ်တဲ့ ၈၁ နှစ်ကိုစွဲပြီး ဘုန်းကြီး ၈၁ ပါးပင့်၊ ဆွမ်းကျွေး၊ သက္ကန်းသက်စေ့ လှုဖို့ စီစဉ်ထားတာပါ။ နောက်တော့ ရွာနဲ့ မြို့ကြားမှာရှိနေတဲ့ တံတားတစင်း ကို အဖွားက ပြန် ဆောက်လှုတာ ပြီးသွားတာနဲ့တိုက်ဆိုင်နေသလို၊ ရွာဘုန်းကြီးကျောင်းရဲ့ အ၀င်မုဒ်ဦး အသစ် ပြန်ဆောက်လှုတာပါပြီးနေတာနဲ့ တိုက်ဆိုင်နေတာနဲ့ မြေးတွေကိုပါ ရှင်ပြုနားသ အလှုတစ်ခု ရောလုပ်လိုက်မယ်ဆိုပြီး ပြန်စီစဉ်ကြပါတယ်။ ဒီဇင်ဘာလထဲမို့ ကလေးတွေကလည်း စာမေး ပွဲနီးနေပါပြီ ဆိုပြီး အမြန်တက်သုတ်ရိုက်စီစဉ်ကြပါတယ်။ ကျွန်တော်တို့ရောက်ပြီး နောက်နေ့ မှာဘဲ ရှင်လောင်းလှည့်ပါတယ်။ ရှင်လောင်း လေးပါး၊ နားသ နှစ်ပါးပါ။ ဘိုးသူတော်လေး ၂ပါး အဖြစ် ကျွန်တော့ညီ အငယ်ဆုံး လေးနဲ့ တ၀မ်းကွဲညီလေး နှစ်ယောက်ပေါ့။ အမြန်စီစဉ်တယ် ဆို ပေမယ့် အတော်စည်ကားတဲ့ ပွဲတစ်ခုပါ။ ကျွန်တော်တို့ ကမြင်းနဲ့ မောင်ရင်လောင်း လှည့်ပါတယ်။ လူဝင်း၊ နတ်ဝင်း ၀င်းအခန်းအနားလဲပါ တယ်။ လိုအပ်တဲ့ မင်းခန်းမင်းနား တွေကို မန္တလေး ကသွားငှားကြပါတယ်။ နောက်ပြီး အလှုကလဲ ၇- ရက်တိတိ မဏ္ဍပ်ထိုး ထားပြီး ရွာနီးချုပ်စပ်တွေကိုပါ ထော်လာဂျီနဲ့ လိုက်ဖိတ်ထားသမို့ ထမင်းနေ့ည ကျွေးမယ့် ဟာလဲပါသလို၊ တောကြိုက်ဖြစ်တဲ့ အငြိမ့် တည၊ ဇာတ်ပွဲတည၊ ရုပ်ရှင်တရက်ခြား၊ ဗွီဒီယို တရက်ကလဲ နေ့စေ့အောင်ပြ ဦးမှာဆိုတော့ ၀က်ဝက်ကွဲ အောင်လူစီပါတယ်။ ရွာက အဖွားတို့ အိမ်ရှေ့မှာတော့ ထုံးစံ အတိုင်း ရွှေချထားတဲ့ မဏ္ဍပ်ဆောက်ထားပြီး ဘုန်းကြီးတွေကို ဆွမ်း ၊ သက္ကန်းနဲ့ ပစ္စည်းလေးပါး အလှုရေစက်ချပွဲ လုပ်ပါတယ်။ ဆွမ်းတွေ၊ ကျွေးဖို့ မွေးဖို့ တွေကို ရွာပြင်မှာ ရော၊ အိမ်နားမှာပါမျှလုပ်ပါတယ်။ ဟင်းချက်တာကို အိမ်နားမှာလုပ်ပေမယ့် ထမင်း ချက်တာကို ထမင်းရည်ချောင်းစီး မောင်းတီးလှုတယ်ဆိုတဲ့ ဆို၇ိုးအတိုင်း ရွာပြင်မှာထမင်းချက် လို့ အဲဒီ ထမင်းချက်တဲ့ ဖိုနားမှာ မြောင်းတွေဖောက်ထားပြီး ထမင်းရည်တွေကို မြောင်းထဲ ငှဲ့ ချပစ်ပါတယ်။ ထမင်းအိုးတခါချက်တိုင်း မောင်းတချက်လဲ တီးရပါတယ်။ အစီအစဉ်တကျ အားလုံးချောချော ချုချုပါဘဲ၊ ပထမနေ့မှာ အငြိမ့် ကို အဖွားတို့ အိမ်ရှေ့ မဏ္ဍပ်မှာ ပြပါတယ်။
အတော်ရီစရာကောင်းတဲ့ လူရွှင်တော်တွေပါတဲ့ အငြိမ့်ပါ။ နာမည်က ဒူးဝါး လို့ ထင်ပါတယ်။ မန်းမှာတော့ အတော်အတန်အမည်ရှိတဲ့ အငြိမ့်လို့လဲ ပြောပါတယ်။ နောက်နေ့မှာ တော့ ပြသနာ စတော့တာပါဘဲဗျို့၊ နောက်နေ့က ရုပ်ရှင်ပြတဲ့ နေ့ပေါ့၊ နေရာကတော့ ဘုန်းကြီးကျောင်း ထဲကရေကန်ကြီးအနား မြေကွက်လပ်မှာပါ။ ဘောလုံးကွင်း အဖြစ်လဲ သုံးနေတာမို့ မြေကလဲ ဖြူးနေတာပါဘဲ၊ မီးမရှိတဲ့ ဒေသမို့ တရုတ်မီးစက် ကြီးကိုလဲ ရေကန် နားမှာထားပြီး ပြရပါတယ်။ ညနေ ၆နာရီလောက်မှာ ရုပ်ရှင်စပြပါတယ်။ ကျော်သူကား ပါ၊
ကောင်းချစ်တဲ့မမ ဆိုတဲ့ကားပေါ့။ ဟောကြည့်နေတုန်း ကျော်သူက ကမ်းခြေမှာ သီချင်းလေး ဆိုရင်းပြေးအလာ ဗြုန်းဆို မီးပျက်သွားပါတယ်။ ကြည့်နေတဲ့ သူတွေကလဲ အသံတွေထွက် ၊
ရုပ်ရှင်ပြစက် သမားတွေလဲ ပြာယာခပ်နဲ့ တနာရီလောက် အကြာမှာ ပြန်ပြပါတယ်။ မီးစက်သံ ကလဲ တဒိုင်းဒိုင်းနဲ့ မနဲဘဲ ဇတ်လမ်း ထဲက အသံကို နားစွင့်နေရပါတယ်။ ဒုတိယကားက တော့ ချက်နောရစ်ကားပါ။ လေယာဉ်ပြန်ပေးဆွဲတဲ့ကား၊ စလို့မှ ဘာမှမရှိသေးဘူး မီးစက်ပျက်သွား ပြန်ပါတယ်။ ကိုးနာရီလဲ ကျော်နေပါပြီ၊ ကျွန်တာ့်ဦးလေးတွေ နဲ့ မီးစက် ဆရာ တွေ ကြိုးစားပမ်းစား ပြင်လိုက်တာ


Posted in 








ဖတ်လို့ကောင်းလိုက်တာ ကိုဘလာဂေါက် ဟီးဟီး…
Blog မှာ ဒါမျိုးလေးတွေရေးထားတော့ စုံသွားတာပေါ့။
နောက်ပြီး မြန်မာမှာ ကျေးလတ်နေလူတန်းစားတွေရဲ့ ရှေးထုံးစဉ်လာကို မဖျက်ဘဲ ထိမ်းးသိမ်းထားထဲ့ သဘောကိုလည်းဆောင်၊ နောက်ပြီး ကိုဘလာဂေါက်ရဲ့ အတွေးနဲ့အရေးကလည်း ကောင်းတော့ ဖတ်ရတာ ရသတစ်မျိုးပဲဗျို…
စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
မောင်ဂေါက်ရေ.. တယ် စိတ်ဝင်စားစရာပဲ ။ ဘီလူးရှိတယ်ဆိုတာ.. အင်းး… သိပ္ပံအတွေးနဲ့ဆိုရင်တော့ ဘယ်ထဲ ထည့်ရမယ်မသိ ။ ဒါပေမယ့် ဒီလိုကိစ္စတွေကလည်း ရှင်းမပြနိုင်တာ အများသား ။
ကျေးဇူးပါဗျာ၊ နောက်လဲဒီလို အကြောင်းလေးတွေ တင် သွားပါဦးမယ်။
Great Post.. really interesting