အနီရောင်သင်္ကေတ(ဇာတ်သိမ်း)

အနီရောင်သင်္ကေတ
အကြိမ်ကြိမ်ပေးခဲ့တဲ့ ဂတိတွေနဲ့ အတူ သူနဲ့ဝေးရမှာကို သေမလောက်အောင် ကြောက်ခဲ့မိတာ အမှတ်ပါဘဲ။ ကျွန်တော်နဲ့သူ အနမ်းတွေ မရေတတ်အောင်ခြွေခဲ့တဲ့ နေ့တနေ့ ပြီးနောက်မှာတော့ ဒီရက်ကျွန်တော့်နှလုံးသားလေး ဘုတ်ကနဲ ကြွေကျသွားမယ်ဆိုတာ ကျွန်တော်မထင်ခဲ့မိဘူး။
မထင်မှတ်ဘဲ သူကျွန်တော့်ကို အကြောင်းမဲ့ ပစ်ခွာသွားခဲ့တယ်။ ဘာကြောင့်လဲကျွန်တော် မစဉ်း စား ချင်ခဲ့ဘူး။ သူ့အချစ်ကိုဘဲပြန်မျှော်နေခဲ့မိတယ်။ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ သူ့ကို တွေ့ဖို့ပါ။ နောက်ဆုံး သူ့အိမ်နဲ့ကျွန်တော် ရန်တွေဖြစ်၊ သူ့အကိုနဲ့ထိုးလားကြိတ်လားတွေ ပါဖြစ်အောင် အခြေအနေဆိုးလာခဲ့ရတယ်။ ကျွန်တော့်မျက်ခုံး ကွဲသွားခဲ့တယ်။ ကျွန်တော်ဆေးခန်းသွား ပလာစတာ လေးကပ်လို့ အိမ်ပြန်လာခဲ့တယ်လေ။ နောက်ရက်မှာ သူ့ရဲ့ ကျွန်တော့်ကို ပြတ်စဲပါ တယ်ဆိုတဲ့ စာလေး တစောင်ရောက်လာခဲ့တယ်။ မုန်းတယ်လို့တော့ ပါမလာပါဘူး။ ကျွန်တော်စဉ်းစားတယ်။ ဝေးပြီ ပေါ့နော်။ ၀မ်းနည်းတယ်၊ ခံရခက်တဲ့ဝေဒနာတွေပေးထားခဲ့တယ်။ ဖတ်ဖူးတဲ့ ကဗျာထဲကလိုလေ
မင်းချစ်ခဲ့တဲ့ငါဟာ မင်းချစ်တဲ့အချစ်နဲ့ဘဲ မင်းချစ်တာကိုခံချင်ခဲ့သူပါ၊ ဒါကို အတ္တလို့ခေါ်မလား။
မသိဘူး၊ ကျွန်တော်သူနဲ့ နောက်ဆုံးတွေ့ ခဲ့ရတဲ့နေ့ကဖြစ်တဲ့ဒဏ်ရာ၊ ရင်ထဲကအနာ၊ ပြီးတော့မျက်ခုံး ကအနာရွက်ကလေး၊ ပြန်စမ်းမိတယ်။ သိရမိတယ်။ ဆေးခန်းလေးလေ ၊ သူနဲ့ကျွန်တော် အချစ်ကို စတင်ခဲ့တဲ့ နေ့က ဆေးခန်းရဲ့ အမှတ်အသားလေး၊ နောက်ဆုံးတွေ့တဲ့နေ့က ဆေးခန်းက အမှတ်တံ ဆိတ်လေး၊ အနီရောင်သင်္ကေတ လေ၊ အစလည်းဖြစ်သလို အဆုံးသတ်လဲ သူနဲ့ မှသွားတွေ့ ရပြန်တယ်။ အလွမ်းသင်္ကေတကိုခြေရာပြန်ကောက်လိုက်တယ်။ ဒီသင်္ကေတနဲ့ စခဲ့တဲ့ ဇာတ်လမ်းလေး ဒီသင်္ကေတနဲ့ အဆုံးသတ်ပေးလိုက်တော့တယ် ကျွန်တော့်ရဲ့ အနီရောင်သင်္ကေတကို ပေါ့။ ထူးထူး ဆန်းဆန်းဘဲ သူနောက်ဆုံးပေးလိုက်တဲ့စာတစောင်လုံး အနီနဲ့ ရေးထားပြီး ကျွန်တော်ဖတ်လိုက် တဲ့နေ့ကလဲ ဧပြီ ၈ ရက်- ကျွန်တော့မွေးနေ့ ဖြစ်နေတယ်ဆိုတာဘဲ။ ။
၂၂- စက်တင်ဘာ- ၂၀၀၂

You can leave a response, or trackback from your own site.

One Response to “အနီရောင်သင်္ကေတ(ဇာတ်သိမ်း)”

  1. ကိုဖြိုး says:

    ဟေ့လူ အဆက်အသွယ်ဖြတ်ထားတာလားဗျ

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice