ရွှေရောင်ကတိ

၁၉၄၁ – စစ်ကြီး မဖြစ်ခင်ကာလအကြို ရန်ကုန်မြို့ ကြီးသည် ပုံမှန်လှုပ်ရှား သွားလာနေသူများ နှင့် အသက်ဝင်နေသည်။ နေရာတကာတွင် ကုလား လူမျိုးများအများ အပြားတွေ့ နေရခြင်းက မြန်မာပြည်လား အိန္ဒိယ လား သူ့ကိုယ်သူပြန်ပြန် မေးမိနေတတ်သည့် မေးခွန်းတစ်ခုဖြစ်လို့နေသည်။
အညာမှာ ဒီအချိန်ဆို အမတို့တော့ ငါ့ကိုစိတ်ပူနေမှာဘဲ ၊ အင်းငါတော့ မြို့တတ် လာ လိုက်တာ မှားနေပြီထင်တယ်။


ကိုမောင်ဝင်းတစ်ယောက် တွေးချင်ရာတွေးပြီး ဆူးလေတ၀ိုက်တွင် လမ်းလျှောက်နေမိသည်။ ဒီရက်ပိုင်းတော့ အညာပြန်တော့မယ်ဟု စိတ်ကူးထား သဖြင့်ရန်ကုန်မြို့ထဲ နောက်ဆုံး အကြိမ် လည်ပတ်နေခြင်းလဲဖြစ်သည်။ တွေ့လိုက်သည့် နေရာတွေမှာ ပြိုးပြိုး ပျက်ပျက် အရောင်တလက်လက်နှင့် ကားတွေ၊ ဖိတ်ဖိတ်တောက်နေသည့် ကုန်တိုက်ကြီးများ၊ ၀တ်ကောင်းစားလှနှင့် သွားလာနေသော ရန်ကုန်သူ အမျိုးသမီးတွေ ၊ သူ့အိမ်မက်တွေလက်လျော့ ကာပြန်ရတော့မည်။ အလုပ်လုပ်ချင်လို့ သာရန်ကုန်တက်လာခဲ့တယ် ၊ ကိုယ်က ဘာမှမယ်မယ်ရရ လုပ်တက် တာမဟုတ်၊ ကုန်ရောင်းကုန်ဝယ်လုပ်ရအောင်လဲ သိပ်နားမလည်၊ ရှိစေတော့လေ။ ၀ိတိုရိယပန်းခြံထဲ ၀င်ဦးမည်စိတ်ကူးမိသေးသည်၊ ဟိုက်ကုတ်၏ ၀င့်ထည်မှု့ ၊ မြို့တော်ခန်းမ၏ ခန့်ညားမှု့၊
သာယာ သပ်ရပ် သန့်ရှင်းသည့် လမ်းတွေ အပေါ်သူ မိန်းမောနေမိ ပြီးမြို့ပြ အပေါ် သူ့ စိတ်ကူးတွေ လျော့လိုက်ရမှာ နှမြောမိသေးနေသလိုလို။ စကော့ဈေးဘက် ၀င်ကြည့်မယ် ပြီးရင် ဘူတာကြီး ဘက်သွား၊ မောင်ဂိုမာရီလမ်းတလျောက် ဓါတ်ရထားစီး၊ သူတည်းနေသည့် ပုဇွန်တောင်ပန်းခြံနားက ညောင်တုန်းဘုန်းကြီး ကျောင်း ပြန်မည်ဟု တကိုယ်တည်း အစီအစဉ်စွဲကာ ထထွက်လာခဲ့ လေသည်။ ဟိုကြည့်ဒီကြည့်နှင့်ဒံပေါက်စားချင်လာပြန်သည်။ ဆရာတော်ကတော့ ပြောဖူးတယ် ၊ မြို့ထဲရောက်လို့ ဒံပေါက်စားချင်ရင် မဂိုလမ်းက ဘလီအောက်မှာ ကောင်းတယ်ဆိုဘဲ၊ မဂိုလမ်း ဘယ်နားလဲ သိပ်မသိတော့ ဟိုလူ့မေးဒီလူ့မေးနှင့်ဒံပေါက်ဆိုင်များ၊ ကုလားအချိုမုန့်များ ၊ ပလီတက်ရာတွင်သုံးသောပစ္စည်းများရောင်းသည့် ဆိုင်များ၊ ခေါင်းကိုက်လောက်အောင်မွှေးသည့် ကုလားရေမွှေးဆိုင်များ စီတန်းထားရာ ပလီတစ်ခုအောက်သို့ သူရောက်လာသည်။ လမ်းတဖက်မှာတော့ စိန်တိုက်ကြီးတွေ၊ ရွှေရောင်းသည့်ဆိုင်တွေ၊ စိန်ဘာဘူကုလားတွေ ယက်တောင် တဖျက်ဖျက်ခပ်ပြီးထိုင်နေတာတွေ တွေ့သောအခါ၊ ငါလဲတနေ့ ချမ်းသာဦးမှ ဒီဘာဘူတွေဆီစိန်လာဝယ်ပြီး ရွာက ဘုရားမှာ ထီးတင်ပစ်မဟဲ့ လို့စိတ်ထဲကြုံးဝါး လိုက်သေးသည်။
နေကလဲပူလိုက်တာ၊ မြန်မြန်စားမြန်မြန်ပြန် မယ်
ပြောပြောဆိုဆိုနှင့်ဆိုင်ထဲဝင်လာခဲ့ ပြီးအနားရှိကုလားလေးတယောက်ကို ဒံပေါက်တပွဲမှာလိုက်လေသည်။ မြန်မာလိုပြောသည်ကို နားမလည်သဖြင့်၊ ကိုရင်ကြီးသင်ပေးထားသော ဟင်ဒူလို ပြောမှ အချား ဟုဆိုကာ ထွက်သွားလေ၏။
အော် ရန်ကုန်ရန်ကုန် ၊ ကုလားလိုမှနဲနဲ မတတ်ဘဲ လျောက်သွားလို့ကတော့ ဒန်ပေါက်တောင်မှာစားလို့ ရမယ်မထင်ဘူး။
သူထိုင်နေသော စားပွဲတွင် ဘယ်အချိန်ရောက်နေမှန်းသတိမထားမိသည့် ဘုန်းကြီးအိုကြီးတပါးလဲ ထိုင်နေသည်ကို တွေ့ရလေသည်။ မကြာခင် ကုလားလေး ဒန်ပေါက်လာချ ပေးသောအခါ
ဘာရယ်မသိမိမိ စိတ်ကပေါ်လာသော သဒ္ဒါ တရားတစ်ခုကြောင့် ဘုန်းကြီးအိုကြီးအား ဆွမ်းဘုန်းပေးပါရန် ကပ်မိလေသည်။ ဘုန်းကြီးလဲ နေမွန်းမတည့်သေးသဖြင့် အသာတကြည်လက်ခံ လိုက်ကာ သာဓု သုံးခါခေါ်ပြီး သူဟာသူ မြိန်ယှက်စွာ ဘုန်းပေးနေလေ၏။ သူကတော့နောက်တစ်ပွဲထပ်မှာပြီး ဘုန်းကြီးကို ကြည့်လိုက်၊ စားလိုက်နှင့် ပီတိဖြစ်နေလေသည်။
စားပြီးသောအခါ ကျသင့်သော ငွေသုံးမတ်အား ပေးနေစဉ် ဘုန်းကြီးအိုကြီးလဲ ရုတ်ချည်းပျောက်သွားလေတော့၏။
အော် သူလဲသွားစရာရှိပေမပေါ့၊
ဘုန်းကြီးအ

You can leave a response, or trackback from your own site.

2 Responses to “ရွှေရောင်ကတိ”

  1. မျက်လုံး says:

    ကိုဂေါက်။ ဒါမျိုးတွေလည်း ရေးစရာရှိသကိုး။ ကောင်းတယ်ဗျာ။ ဘာပဲပြောပြော ရှေးလူတွေမှာ သင်ခန်းစရာ ယူစရာတွေ အများကြီးပဲနော်။ နောင်ကိုလည်း ဒါမျိုးတွေ တင်ပါဦးခင်ဗျာ။

  2. Moe says:

    how that tarmarine gold bullion looks like? like a real tarmarine fruit?

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice