မိုးရေစက်များ၏ သုညအတ္တအင်အား
မိုးခါးကြီးရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည်။ ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏။ ယခင်ဤရွာလေး ရှိကြောင်းပင်မသိ။ ဤရွာကလေးတွင်နေထိုင် ကြသော လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ။
ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများရူးသွားကြောင်း၊ မသောက်ဘဲ နေသူများက လည်း ကျောက်ရုပ်ဖြစ်ကျန်ခဲ့ကြောင်း သတင်းနှင့်အတူ ဤရွာမှလူများ၏ ရှေးဟောင်းသင်္ချာ နည်း စနစ်များကို သူသိခဲ့ရခြင်း ဖြစ်သည်။
မိုးခါးကြီး ရွာခြင်း၊ ရူးသွပ်ခြင်း ၊ကျောက်ရုပ်ဖြစ်ခြင်း၊ စသည့် သတင်းများထက် ရှေးဟောင်း သင်္ချာ နည်းဆိုင်ရာသတင်းက သူ့ကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ လေ့လာ ဆည်းပူးချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာပြီးနောက် သူဤ ရွာသို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည်။
မိုးခါးရေ သောက်ထားပြီးသူ တွေဟာ အသ်စိတ် မရှိကြတော့။ သူတို့ ပြောနိုင်တာ တချက်ဘဲ ကျန်ရစ် ခဲ့သည်။ ထိုအချက်ကတော့ သူတို့ သောက်ခဲ့သည့် မိုးခါးရေခွက်အရေအတွက် ကို ပြောပြ နိုင်ခြင်း ဖြစ်၏။
မိုးခါးရေက အတော်ဆွဲဆောင်မှုရှိပုံပဲ
ထိုသို့ ပင်သူမှတ်ချက် ချမိ၏။ မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလဲ ထပ်ထပ်သောက် ချင်နေစိတ်ရှိအောင် ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံ ရသည်။ အချို့လူများသောက်ခဲ့ သည့် မိုးခါးရေခွက် အရေ အတွက်က အတော်များလေ၏။
ထိုခွက်အရေ အတွက်များကို သူတို့၏ရှေးဟောင်း သင်္ချာ ညွှန်ပြချက် နည်းများအတိုင်းညွှန်ပြ သွား ကြ၏။ ထိုညွှန်ပြချက်နည်းများကို သူစိတ်ဝင်တစားလေ့လာ မိလေသည်။
အစုသုံးစုခွဲ ပြီးသူလေ့ လာလိုက်ရ၏။
ပထမ အစုမှ လူအများသည်ဓားများ ဝှေ့ရမ်းပြီး ပါးစပ် မှလည်း ရေ- – -ရေ – - -ဟု ညည်းတွားနေ ကြ၏။ သူတို့ သောက်ခဲ့သော တစ်ဦးစီ၏ ခွက်အရေအတွက်များကို သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ ရ သည်။ ပင်စည်ပေါ်မှာ ဓါးနှင့် အထစ်ကလေးများ ထစ်ပြီး ခွက်အရေ အတွက်ကို ရေးမှတ်ကြ သူများ ဖြစ်သည်။ ဓါးထစ်တ ထစ်လျှင် တခွက်ဖြစ်သည်။
ဒုတိယ အစုမှလူအများကတော့ လက်ထဲမှ ကြိုးများကို ဆွဲချည် ဆန့်ချည် လုပ်ရင်း တဟင်းဟင်း အော်နေကြ ၏။ သူတို့ သောက်ခဲ့သည့် ခွက် အရေ အတွက်ကို သူတို့လက်ထဲမှ ကြိုးများမှ တဆင့် သိ ရ၏။ သူတို့ က ကြိုးကို အထုံးကလေးထုံးရင်း မှတ်သားသွားကြ ခြင်းဖြစ်၏။
ကွစ်ပူ (ျှကငစက) ပုံစံပါလား
သူ… အလွန် သဘောကျသွား၏။ ထိုသို့ကြိုးအထုံးဖြင့် ရေတွက်မှုသဘောတရားကို တောင်အမေ ရိကတိုက်မှ အင်ကာ လူမျိုးများ လည်းသုံးစွဲဖူး၏။
လေ့လာရ အခက်ခဲဆုံးဖြစ်ခဲ့သည်မှာ တတိယ အုပ်စုဖြစ်သည်။
တတိယ အုပ်စုမှလူများသည် လမ်းမပေါ်မှာ ကခုန်နေကြ၏။ ဘာစကားကိုမှ မပြောကြ။ သို့သော် သူတို့၏ မျက်လုံးများထဲမှ မွတ်သိပ်မှုကို တွေ့နေရသည်။
အားပါးပါး….မလွယ်ပါလား
သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေ အတွက်ကိုညွှန်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကိန်းဂဏာန်းများ အဖြစ် သင်္ကေတပြုကာ ဖော်ပြ နေကြခြင်းဖြစ်၏။
အဓိပ္ပါယ်ဖတ်ရန် အတော် ခက်ခဲလေသည်။ ဤကဲ့သို့ သော ရေတွက်မှုပုံ စံကို နယူးဂီနီ လူမျိုးများ လည်း သုံးစွဲ ကြ၏။ သူ..ကြိုးစားပမ်းစား လေ့လာယူရလေသည်။ ကျေနပ်အားရ မှုလည်းရှိခဲ့၏ ။
လေ့လာမှုမျာ


Posted in 








တင်လို့တောင်မပြီးသေးဘူး သူက ၀င်ဖတ်နေပြီ ..