မြန်မာ ဘလော့ဂါများ ပူးပေါင်းကျင်းပတဲ့ Why do we blog ဆိုတဲ့ Open Seminar ဟောပြောပွဲ အခမ်းအနားကို လာမည့် 01.09.2007 စနေနေ့ ၁၁နာရီကနေ ၄နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဘလော့ဂ် ရေးသားနေကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ဘလော့ဂါတွေကိုယ်တိုင် ဟောပြောကြမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှဝေချင်လို့လဲ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူတိုင်း စိတ်ဝင်တစား [...]
Archive for August, 2007
ဘာဖြစ်သွားတာလဲ
တိတ်တိတ်လေးဘဲ ဆတ်ကနဲကျိုးဘုတ်ကနဲကျဘယ်သူမှမသိလိုက်ဘူး "ဂျွတ်" တဲ့ ။ ။
မလိုချင်ဘူး
မပျော်ဘူး ကလေးရယ်မင်းနဲ့ မတွေ့ရ ငါ့ည တွေမှာတိတ်ဆိတ် တမ်းတလွမ်းရမယ့် အဖြစ်တွေလဲမလိုချင်ဘူး။ မယုံချင်ဘူး ကလေးရယ်လူတွေပြော သမျှမင်းနဲ့ ငါ့အကြောင်းအဟောင်းတွေ မကောင်းတွေဒါတွေအားလုံးမလိုချင်ဘူး။ မဆိုချင်ဘူး ကလေးရယ်လွမ်းရ တမ်းတ ဆွေးရ စေတဲ့ကဗျာ သီချင်း လွမ်းတေးဆိုညည်း ကြေကွဲမှုတွေမလိုချင်ဘူး။ မငိုချင်ဘူး ကလေးရယ်ငါ့အားဝေးထားမင်းလေးသွားမယ့်နေ့မှာရင်ခုန်လွမ်းရ တမ်းတဆွေးပူမျက်ရည်စက်လက်လွမ်းမယ့် ရက်ကိုမလိုချင်ဘူး။ မမျှော်ချင်ဘူး ကလေးရယ်တရက် တရက်မင်းဖုန်းဆက်မျှော်ပြက္ခဒိန်တွေ ကျော်ကျော်သွားမယ့်နေ့ည တွေကို စိုးရိမ်စောင့်စားပြီး အိပ်မရခြင်းတွေမလိုချင်ဘူး။ ။ ။
နားညီးလို့တဲ့ဗျာ
လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကပေါ့ဗျာ၊ ကျွန်တော်တို့ အဖွားဇာတိဖြစ်တဲ့ ရမည်းသင်းမှာ သွားပြီး ရွာ အလှုလေးတစ်ခုလုပ်ဖြစ်ခဲ့တယ်။ ပထမက တော့ အဘွား ဆုံးတာ ၅ နှစ်ပြည့်တဲ့ အနေနဲ့ သူဆုံးတဲ့ အသက်ဖြစ်တဲ့ ၈၁ နှစ်ကိုစွဲပြီး ဘုန်းကြီး ၈၁ ပါးပင့်၊ ဆွမ်းကျွေး၊ သက္ကန်းသက်စေ့ လှုဖို့ စီစဉ်ထားတာပါ။ နောက်တော့ ရွာနဲ့ မြို့ကြားမှာရှိနေတဲ့ တံတားတစင်း ကို အဖွားက ပြန် ဆောက်လှုတာ ပြီးသွားတာနဲ့တိုက်ဆိုင်နေသလို၊ ရွာဘုန်းကြီးကျောင်းရဲ့ အ၀င်မုဒ်ဦး အသစ် ပြန်ဆောက်လှုတာပါပြီးနေတာနဲ့ တိုက်ဆိုင်နေတာနဲ့ မြေးတွေကိုပါ ရှင်ပြုနားသ အလှုတစ်ခု ရောလုပ်လိုက်မယ်ဆိုပြီး ပြန်စီစဉ်ကြပါတယ်။ ဒီဇင်ဘာလထဲမို့ ကလေးတွေကလည်း စာမေး ပွဲနီးနေပါပြီ ဆိုပြီး အမြန်တက်သုတ်ရိုက်စီစဉ်ကြပါတယ်။ ကျွန်တော်တို့ရောက်ပြီး နောက်နေ့ မှာဘဲ [...]
ရခဲ့ရင်ပေါ့လေ
မေ့မနေနဲ့ချစ်သူရယ်မင်းနဲ့ငါကြားကျောချင်းကပ်လို့အနီးဆုံးအဝေးတွေမလှမ်းချင်ဘူး။ရင်ကြားစေ့ဖို့ဒို့နှစ်ယောက်မှာနားလည်မှုတွေလိုတယ်။ ဆုံးရှုံးမှုတွေပြန်စဒို့အကြောင်းတွေပြန်မဟပါရစေနဲ့၊မင်းအတွက်လဲဆုံးရှုံးမှုတိုင်းအားသစ်တွေဖြစ်ပါစေ။ အထပ်ထပ်ရစ်ပတ်နှောင်ခြည်ထွေးလုံးသံယောဇဉ်ကြိုးတွေလဲထုန်းနေခဲ့ပြီလေ။ ဘုရားသခင်ဘဲမေ့လို့လားလူတွေကိုဖန်ဆင်းပတ်ဝန်းကျင်မှာ မျှဝေခံစားတတ်သူတွေရှားရှားလာနေ၊ဒို့နှစ်ယောက်ပြဇတ်သူတို့ကြောင့်တခန်းရပ်ရတော့မလား။ လူကြိုက်များတဲ့ သရုပ်ဆောင်မပါဇတ်ပို့မ၀ိုင်းဒို့စိတ်ကူးတွေရိုင်းချင်ရိုင်းနေလိမ့်မယ်၊မင်းနဲ့ချစ်ရတာ ကံကောင်းပါ့မလား။ပြန်ပြန်ကာမေး ငါ့အတွေးနဲ့ငါလွင့်လွင့်နေတယ်။ ဘာတွေပြောပြောဘာတွေလုပ်လုပ်မင်းသာ ငါ့အနားရှိနေအရာအားလုံးမှားယွင်းတိုက်ပွဲလဲခင်းချင်ခင်းလိုက်ငါခပ်မိုက်မိုက် နဲ့ဝင်တိုက်လိုက်ချင်တယ်။ မင်းသာခွင့်လွတ်ရင်တစ်ကသာပြန်စလိုက်ချင်တယ် ကွာတကယ် ပါ။ ။
ပွဲကောင်းလေးတခု
ရိုးစင်းတဲ့ ကစားကွက်တွေနဲ့ ကစား၊ဖိုင်ဆိုဒ် မသိဘဲ ဒေါင်းလော့ဆွဲ သလို၊ဘယ်အချိန်မှာ ပြီးမလဲစောင့်စား၊တိုက်ကွက်တွေလဲ များများနေပြီ။ အရှုံးအနိုင် တခု ခုတော့ငါပိုင်ရမယ်၊တွန့်ဆုတ်နေလဲ ရှေ့သာတိုးသွားငါ – ကလေးကလားကစားနေတာမဟုတ်ဘူးနော်။ သေနင်္ဂဗျူဟာတွေ လွဲမှားဖဲကစားတဲ့ ပွဲအလားအဆင်ကောင်းလို့ တဖဲလိုက်ငါမွဲကိန်းလဲ မဆိုက်ချင်ဘူး။ ကစားကွက်တွေဆင်တော့မင်းနဲ့ငါကျားနဲ့ ဆင်လယ်ပြင်မှာ တွေ့ကြတာပေါ့ကွာ။ ကမူးရှုးတိုးတော့ မမိုက်နဲ့သွေးတိုးလဲ မစမ်းနဲ့ဘေးထိုးလဲ မကြမ်းနဲ့ တဲ့ဆို၇ိုးစကား တွေမင်း မမေ့နဲ့ နော်။ မေတ္တာဆိုတာဖန်တီးလို့ မဖြစ်တောင်ဖျက်ဆီး ဖို့လဲမကောင်းသံယောဇဉ် အကြောင်းတွေရှင်းရှင်းပြနေရတာ အချိန်ကုန်တယ်။ မှန်းရခက်တဲ့ မြင်းပွဲ တွေလိုပန်းအ၀င်မှာ ခြေလိတ်ငါ့စိတ်နဲ့တော့ မဖြစ်ပါဘူး။မစဥ်းစားချင်ဘူး ၊ပြောမသွားချင်ဘူး၊ငါမင်းကိုချစ်တာလေ။
အနီရောင်သင်္ကေတ(ဇာတ်သိမ်း)
အနီရောင်သင်္ကေတအကြိမ်ကြိမ်ပေးခဲ့တဲ့ ဂတိတွေနဲ့ အတူ သူနဲ့ဝေးရမှာကို သေမလောက်အောင် ကြောက်ခဲ့မိတာ အမှတ်ပါဘဲ။ ကျွန်တော်နဲ့သူ အနမ်းတွေ မရေတတ်အောင်ခြွေခဲ့တဲ့ နေ့တနေ့ ပြီးနောက်မှာတော့ ဒီရက်ကျွန်တော့်နှလုံးသားလေး ဘုတ်ကနဲ ကြွေကျသွားမယ်ဆိုတာ ကျွန်တော်မထင်ခဲ့မိဘူး။မထင်မှတ်ဘဲ သူကျွန်တော့်ကို အကြောင်းမဲ့ ပစ်ခွာသွားခဲ့တယ်။ ဘာကြောင့်လဲကျွန်တော် မစဉ်း စား ချင်ခဲ့ဘူး။ သူ့အချစ်ကိုဘဲပြန်မျှော်နေခဲ့မိတယ်။ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ သူ့ကို တွေ့ဖို့ပါ။ နောက်ဆုံး သူ့အိမ်နဲ့ကျွန်တော် ရန်တွေဖြစ်၊ သူ့အကိုနဲ့ထိုးလားကြိတ်လားတွေ ပါဖြစ်အောင် အခြေအနေဆိုးလာခဲ့ရတယ်။ ကျွန်တော့်မျက်ခုံး ကွဲသွားခဲ့တယ်။ ကျွန်တော်ဆေးခန်းသွား ပလာစတာ လေးကပ်လို့ အိမ်ပြန်လာခဲ့တယ်လေ။ နောက်ရက်မှာ သူ့ရဲ့ ကျွန်တော့်ကို ပြတ်စဲပါ တယ်ဆိုတဲ့ စာလေး တစောင်ရောက်လာခဲ့တယ်။ မုန်းတယ်လို့တော့ ပါမလာပါဘူး။ ကျွန်တော်စဉ်းစားတယ်။ ဝေးပြီ ပေါ့နော်။ ၀မ်းနည်းတယ်၊ ခံရခက်တဲ့ဝေဒနာတွေပေးထားခဲ့တယ်။ [...]
အများသိစေရန်
အကြွေးတွေ အကြွေးတွေ များနေပြီဗျာ၊ ကျွန်တော်လဲ လူထဲကလူပေမို့ လုပ်ချင်တာတွေက ခပ်များများ၊ အလုပ်တွေမနိုင်မနင်းနဲ့ဘလောက်အတွက်ပို့တွေ မတင်ဖြစ်ဘူး။အနီရောင်သင်္ကေတ၊ တက်လော့ဟုန်း၊ မြန်မာ့သစ်ခွ၊ မြန်မာ့သမိုင်း ၊ နဲ့ တခြား အကျိုး ပြု စာလေးတွေရေးဖို့ပျက်ကွက်နေတယ်။ ကျွန်တော်ဘာမှ မတင်ဖြစ်လဲ အချိန်မှန် လာရောက် လေ့လာကြတဲ့ ကျွန်တော့်တို့ရဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။ နောက်အခါ လာရကျိုးနပ်စေမယ့်စာတွေ ရေးနိုင်အောင်ကြိုးစားပါ့မယ်။ဘလောက်တိုင်းလဲ အမြန်ထွက်လာ အောင် မောင်ပွတ်လဲလုပ်ပေးနေပါတယ်။လက်တလောမှာတော့ စက်တင်ဘာတရက်နေ့ဟောပြောပွဲအတွက်လုံးပမ်းနေရ တာမို့ ကျဲ နေနိုင်ပါသေးတယ်။ နောက်တခုက ပွဲအတွက် လိုအပ်နေတဲ့ နေရာတွေမှာ ပူးပေါင်းကူ ညီလိုတဲ့မိတ်ဆွေများ ကိုလဲအမြန်ဆက်သွယ်ပေးဖို့ ပြောချင်ပါတယ်။ကမ္ဘာအနှံ့ကမြန်မာဘလောက်ဂါများ နဲ့မြန်မာနိုင်ငံသားတွေချမ်းသာကိုယ်စိတ်မြဲကြပါစေဗျာ။
ဖန်ဆင်းတဲ့ အပြစ်
သက်ပြင်းတွေ အတိုအရှည်ညှိ အိပ်မက်တွေ ကိုလိုသလိုရှိစေဖို့ညည ဆိုဖုန်းဆက် မင်းနဲ့တော့ ဂွတ်နိုက်ပါ။ တွေဝေ တာလဲရှိ ၊ ဇွတ်တိုးတာလဲရှိငါကိုယ်တိုင်လဲသိ နေတာ ခက်တယ်။ နှစ်သိမ့် ပေးတဲ့ စကားတွေကြားမှာမြော မင်းနဲ့ စကားတွေပြောနေရင် မောတယ်လဲမထင် တသားပျော်ဝင် ရင်ခုန်နှုန်းလဲ တို့နှစ်ဦးအသက် ၀င်လာခဲ့ပြီ။ဆုံဆုံတတ်တဲ့ မင်းမျက်ဝန်းက အကြည့်လဲ့လဲ့တွေနဲ့ ဖမ်းစားမာယာတောမှာ ငါမြုးကြွကြွ ခုန်က နှလုံးသားလဲ မှော်ရုံတောက နိုးမထွက်တော့ပြီ။မှားပြီးရင်းမှားအဲဒီ အမှားတွေပိပိ ရိရိ ကြူးလွန်ဖို့ငါကိုယ်တိုင် ဖန်ဆင်းအပြစ်တခုနဲ့ ချစ်ခြင်း ငင်နေခဲ့ သူပါ။ ။
ကြော်ငြာ
ပွတ်အန်ဂေါက် ဘရားသား ခရီးသွားလုပ်ငန်း အနယ်နယ်အရပ်ရပ်ရှိ မြန်မာဘလောက်ဂါများအတွက် မုန်တိုင်းရာသီ ချောင်းသာခရီးစဉ်အချိန်မအားလပ်ကြသော အလုပ်တဖက်နှင့် မြန်မာဘလောက်ဂါများအတွက် အထူးစီစဉ်တရပ်အနေဖြင့် အောက်ပါ ၀န်ဆောင်မှုများပါ ၀င်သော ခရီးစဉ် တခုအား ရောင်းချပေးနေပါပြီ။ညခြင်းပြန်ခ၇ီးစဉ်ဖြစ်ပါသည်။၁။ ရန်ကုန်မြို့ တွင်းဘက်စိကား အကြိုအပို့၂။ မေတ္တာလက်ဆောင် ရေသန့်ဘူးသေးတစ်ဘူး၊ ၅-၉ ကျွတ်ကျွတ်အိတ်တလုံး၃။အဆင့်မြင့် ကုန်နှင့်လူနှင့်တွဲတင်သော ဒူးမလွတ်ထိုင်ခုံများဖြင့် သက်တောင့်သက်တာ ဒေ၀ူးကားအပြာ၎။ချောင်းသာရောက်သည်နှင့် လေအ၀ရှုရန် ၁၀ မိနစ်၊ အပေါ့အပါးသွားရန် ၁၀ မိနစ်၅။ အစားအသောက်အတွက် ကျောက်ခေတ်စတိုင် ဘူဖေး၆။ မြောင်းဖု အလကားကျွေးမည်(ငရှဥ့် ၊ ဖား ၊ ငရံ့ခေါင်းတို )ရ။ ကားပေါ်တွင် လမ်းတလျောက် တွံတေးသိန်းဒန် လိုက်ဖ်ရှိုး နန်းစတော့ ဧည့်ခံမှု့ရောက်ပြီးတာနှင့် နာရီဝက် အတွင်းပြန်လည်ထွက်ခွာပါမည်။ ချောင်းသာ အရောက်ခရီးစဉ်သာဖြစ်ပါသည်။စိတ်ကူးပေါက်ကာ တညအိပ်ချင်သူများအတွက်၁။ ကြယ်အလုံးမရေနိုင် [...]


Posted in








