အ၀ါရင့်ရင့် ကျွန်တော့်သစ်ပင်

ကျွန်တော်သူ့ ကို စတွေ့ တော့ သူကို ကျွန်တော် အ၀ါရင့်ရင့် လို့ အမည်ပေး ပစ်လိုက်တယ်။ အဲဒီ အထိတော့ ကျွန်တော် လွတ်လပ်နေ သေးတယ် လို့ ခံစားလို့ ရသေးတယ်။ ဘာလို့ အ၀ါရင့်ရင့်လဲ မမေးနဲ့ နော် ၊ ကျွန်တော် ကာလာတွေနဲ့ အချေအတင် စကား မပြော ချင်ဘူး။ သူကသစ်ပင်၊ ကျွန်တော် က ကျွန်တော် ၊ သူကလဲ ကျွန်တော် ဖြစ်ဖို့ မကြိုးစားသလို ကျွန်တော်လဲ သူဖြစ်အောင်ကြိုးစားခဲ့ တယ်လို့ မထင်ခဲ့ဘူး။ ထားပါလေ ဘာ ဘဲ ဖြစ်ဖြစ် သူ့ အနား ကို ရောက်တိုင်း ကျွန်တော် ဘာမှန်း မသိခံစားရတယ်။ ဒါကြောင့် ထင်တယ်သူနဲ့ ပတ်သက်ရင် ဘာမှန်းမသိတဲ့ အကြောင်းတွေ ဘာရယ်မှန်း မသိဝင်ဝင် လာ တတ်လို့ ဘယ်လိုဖြေရှင်း ရမှန်းမသိဘူး။ သေချာတာ ကတော့ သူနဲ့ ကျွန်တော့်ကြားမှာ ဘာခံစားမှု့ မှမရှိ ဘူးလို့ ပြောရခက်သလို ၊ ဘယ်လို ခံစား မှု့ မှန်းလဲ ပြောရ ခက်တဲ့ အကြောင်းတွေ ရှိတယ်။ ရှုတ်တယ်လို့မထင်နဲ့ နော်


မရှင်းတာကတော့တကယ်ဘဲ။ မုန်ဝါးတဲ့ ညတွေမှာ သူကကျွန်တော့် အပေါ် အလင်းရောင်မပေး နိုင်ပေမယ့် သဏ္ဍန် တစ်ခုအဖြစ် ကျွန်တော့်ကို အဖော်ပြု နေနိုင်ခဲ့တယ်။ ပူပြင်းတဲ့ နေ့ တွေမှာလဲ သူက ကျွန်တော့် ကိုမအေး မြ စေ သည့် တိုင်ကျဲပါးပါး အရိပ် အဖြစ်ကာကွယ်ပေးသေးတယ်။ ကျွန်တော်ဘယ်သွား သွား သူမပါဘူး၊ ဒါပေမယ့် သူကတော့ ဒီနေရာမှာ အမြဲ ရှိနေ ပြီး မျှော် နေလား စောင့်နေလား၊ ဒါတော့ မဝေခွဲတတ်ဘူး၊ သူကတော့ ဘယ်မှမရွေ့ဘဲ အထီးကျန် ဆန်ဆန် နှုတ်ဆိတ် နေလေ့ ရှိတယ်။ အင်းပါလေ တခါတခါ သင်္ချာတွက် ကြည့်၊ တောင်ခြစ်မြောက်ခြစ်စဉ်းစား ကြည့်တော့၊ သူကို တစ်ထား ကျွန်တော် တစ်ယူ ထပ်ပေါင်း၊ နှစ်ရ နေတယ်။ တကယ်က သူနဲ့ ကျွန်တော်ဘယ်လိုမှ နှစ်မဟုတ်

နိုင်ဘူး၊ နှစ်မဟုတ်တဲ့နှစ် ၊ အသွင်သဏ္ဍန်သာ ရှိပြီး တကယ် ချပြလို့ရတယ်လို့လဲ စိတ်ကူးလို့ မရဘူး။

နှုတ်ကြည့်မယ်နော်၊ ဒါဆို သုံည ဘဲ။ အဲဒီသုံည ကလဲ ကျွန်တော်နဲ့ သူ့ ကို ခွဲပစ်လို့ မရပြန်ဘူး။

အဲတာပြောတာပေါ့ ၊ ရှုတ်ပါတယ်ဆိုမှ၊ ဘာမှကို ရေရာတယ် မရှိဘူး။ စိတ်ညစ် စရာကောင်းတဲ့ သီချင်းသံ တွေကို လစ်လျူ ရှုပြီး တိတ်ဆိတ်မှု့ ကို နားဆင်နေတဲ့ တကိုယ်ရေညတွေမှာ သူ့ရဲ့ ငြိမ်သက်ခြင်းတွေဟာ

ကျွန်တော့် နားထဲ လှိုင်းတံပိုးထန်ကာ စီးဆင်းရိုက်ခတ်တတ် တယ်။ ကာရံ တွေမရှိတဲ့ ကျွန်တော့် ကဗျာ တွေကို

မညည်းမညူ ထထဟစ်တဲ့ ကျွန်တော့် အပေါ် အပြည့် ၀ဆုံး နားလည်ပေးတတ် တယ်လို့ ကျွန်တော် နားလည်မိ

သလိုဘဲ။ သက်ပြင်းတွေ ကိုတိတ်တိတ်လေး ခိုးခိုး ချတတ်တဲ့ မပြေလည်မှု့ ကြားမှာ ဘယ်သူတွေဘာလုပ်တယ်

ဆိုတာ သူသိနေပေမယ့် ကျွန်တော့ ကိုဖုံးကွယ်ထားတတ် တာတော့ ဘယ်လိုမှ မေးလို့ မရတဲ့ သူနဲ့ ကျွန်တော့်

ကြားက ဘာသာစကားပဲ။ အကြည့်တွေကို ပြန်ပြန် ဖတ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့ အကြည့် ကိုဆုံဖို့ တခါမှ

အားမထုတ်ခဲ့ ဘူး။ ကြာခဲ့ပါပြီ။ သူကိုမတွေ့ခဲ့ တော့တာ။ သူ့ကို နောက်ဆုံး တွေ့ တုန်းက ကျွန်တော် ပြောခဲ့ တာတွေ သူဘယ်နား သွားသိမ်းထားလဲ ၊ လွှတ်ပစ်လိုက် သလား၊ လွင့်မြော သွားလား၊ ပေါက်ကွဲ သွားလား၊ ကျွန်တော် သိပ်သိချင်တာဘဲ။ မမျှော်လင့် ဘဲ ပြန်ရောက်ခဲ့ တဲ့ သူ့နားကို ဝေးနေတုန်းမှာ တခါတခါ မျှော်မိသေးတဲ့ ကျွန်တော် ၊ထုံးစံ အတိုင်းသူ့ နေရာမှာ မဟုတ်တဲ့ တခြားနေရာမှာ ပြန်တွေ့ ရတော့၊ ငါ့သစ်ပင်လေး၊ စိမ်းလန်းနေတာ ၀မ်းသာမိတယ်။ သစ်ပင်လေးတောင် ပြောင်းလဲ တတ်နေပြီနော်၊

ကျွန်တော် ဘာမှားနေတယ်တော့ မသိဘူး စိတ်ကူးမိတာပါ။ သစ်ပင်လေးနားမှာ တ၀ဲလည်ပြီး ဟို အရင် အငွေ့ အသက်တွေကို ပြန်ရလိုရငြား၊ ဝေ့၀ဲမိတဲ့ အာရုံတစ်ခုနောက်မှာ ကျွန်တော်ရုန်းရင်းဆန်ခတ် ပြန်ထွက်လာမိတယ်။ သစ်ရွက်လေးတွေလှုပ်ခတ်။ မိုးရေစက်တပေါက် တွဲလွဲ မခိုစေချင်ဘူး။

လွတ်မြောက်လာတဲ့ ကျွန်တော့် အပြုံးတွေကို သူကောက် ယူပြီး ပြန်ပေးကာ အသိအမှတ်ပြု ထွက်ခွာ သွားတဲ့

သစ်ပင်လေးကို ဘာလို့ အခုမှ တမ်းတ မိလဲ။ အမှန်က သူ့ စည်းရိုးလေး ကာစဉ်ကတည်းက ကျွန်တော် မရောက် ခဲ့တာ သူစိတ်ဆိုး ရင်ဆိုးခဲ့မှာပါ။ ကိုယ်ကလဲ ကိုယ့်အတွေး နဲ့ ကိုယ်လေ။ လွင့်နေလိုက်တာ။

ပြီးသွား ပါပြီ။ သစ်ပင်လေးလဲ အရောင်ပြောင်းသွားပြီ။ ကျွန်တော် သိတဲ့ အ၀ါရင့်ရ၀့်တွေ သူ့ကိုယ်ပေါ်

ဖြန့် ကျက်မထားတော့ ပါဘူး။ သစ်ပင်လေးရေ မင်းအမြဲ စိမ်းလန်းပါစေလေ။ စိတ်ကူးနဲ့ အိမ်ပြန်လမ်းက တော့

ဘာဖြစ်ဥိးမယ် ငါတော့ မသိဘူး - - - ။ ။ ။

2 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုဂေါက်ရေ…
အရမ်းကောင်းတယ်..
စာလုံးလေးတွေ သိပ်လှတယ်

JJ said...

စာအရေးသားကောင်းလွန်းလို့  ဖေးဘရိတ် ထဲ့ထားလိုက်ပြီ၊ ဆက်ရေးပါ အားပေးနေတယ် ။