ကျွန်တော် ပျော်ဝင်နေသော ညည်းငွေ့ခြင်းများ

ကာရံ ဆိုတာ
ဘေးဘက်မှာ လုံခြုံမှု့ ရှိနေသည့်တိုင်
မော့ကြည့်တော့ ဟင်းလင်းကောင်းကင်
ငါဘာကို စိတ်ချရမလဲ။

ဖရိုဖရဲ တွေလှလှ ပပဆင်ယင်ပြီး လမ်းလျောက်ထွက်၊
ငါ့ကြည့်မှန်တွေလဲ ကာလာ လွဲနေတာ သတိမထားမိတော့ဘူး။


ညီမျှခြင်းရဲ့ နောက်က ကောင်ကို အဖြေလို့ ပြောနေသည့်တိုင်
သင်ကိုယ်တိုင်ရော ကျေနပ် နိုင်လို့လား
ရေရေ ရာရာ ပြောဖြစ်တာ ကတော့
မသေချာ တဲ့ အစိတ်အပိုင်းတွေဘဲ။

လောကဓံ ကို ဘယ်လိုရှစ်ပိုင်း ပိုင်းထားလဲ
ခုထိတော့ အတိအကျ မသေးဘူး
သိနေတာက တစ်ခုနဲ့ တင် လုံလုံလောက်လောက်
ငါ့ကို ကလူပြု နိုင်တယ်လေ။

လူတွေ ကြားထဲ ငြင်းခုန်၊ လက်ဖက်ရည်ဖိုးကုန်နေတာတောင်
လက်စမသတ်တတ် တဲ့စကားများ၊
ဟိုနေရာမှာ မြော ၊ ဒီနေရာမှာပေါ။
ငါလဲဘဲ သွားလည်ဖူးတာဘဲ။

ကောင်းတာကို မကောင်းကြောင်း လေ့လာ
လမ်းပေါ်မှာ ဗီဟေကယ်လ် တွေကများနေပြီ
အတ္တတွေ ခင်းချ၊ နင်းလို့ ရရ မရရ ၊ ငါကတော့ သွားနေ၊
လူတွေပြောတော့ ခယောင်းလမ်း၊ ငါ့အတွက်တော့ မဟောင်းနွမ်းသေးဘူး။

လေထဲ မှာဝဲ၊
နားထဲကြားယောင် ၊ မနေ့ကလဲ ပြော၊ ဒီနေ့လဲ ပြော၊
စကားတွေ အမှားတွေ ၊
ဘယ်တော့မှလဲ မပြင်ကြ၊
အင်ဂျင်ကျတဲ့ကားလိုဘဲ ၊ မီးခိုးကလဲအူ၊၊
စက်သံကလဲ ဆူညံနေသေး။

ဘာမှသိတယ်၊ ဘာမှမသိတာ၊
တစ်ခုခု ထည့်ထားတဲ့ အိုးလို
ထပ်ဖြည့်အမျှ အရော တွေချည်းဘဲ
ငါ့ခေါင်းထဲ မှာ ထုတ်မရဘူး ၊ လှုပ်မရဘူး။

သံမို စွဲ တဲ့ယုံကြည်ချက်တွေ
ကာလရွေ့လျား၊
ဂျီးးတွေလဲ များများ လာခဲ့ပြီ။

ခက်တာက
ကိုယ်ကိုယ်တိုင်က စိတ်ဓါတ်မကျ ဘူးသာပြောနေ၊
လက်တွေရဲ့ ကြား၊ ငါမျက်ရည်တွေဘာတွေ ၀ိုင်းသွားလားလို့၊
ပွတ်လိုက်ရတဲ့ မျက်စေ့တွေ၊ နီရဲပြီး တောင်ကျိမ်းစပ် နေပြီ။

ထွက်ပေါက် တွေ့ ထားတဲ့ သားကောင်လို ၊ ချည်တုံချတုန်စဉ်းစား
ငါ့ အချိန်တွေ ပါးပါး လာခဲ့၊
မနက်ဖန်ဆိုတာ ကို မနက်ဖန်မှ ပြောတဲ့
ပစ္စုပန် လူသား ၊ ငွေဒင်္ဂါးတွေလား၊ ရွှေဒင်္ဂါးတွေလားနဲ့
မျှားခေါ်သတ်ဖြတ်၊
ငါ့ စိတ်ဓါတ်တွေ
နေရဲမလား
သေရဲသလား၊
အင်း- - - -စဉ်းစား- - -စဉ်းစား- -။ ။ ။


0 comments: