ပညာယောင်အိပ်မက်

လင်းရောင်ခြည်နွေးနုနုကြားမှ တိုးထွက်လာတဲ့အေးစက်စက် တိုက်ခတ်နေသည့် လေရိုင်းတို့အား သူမျက်နာမူထားသည်။ သူနှင့်မျက် နှာ ချင်းဆိုင်တည့်တည့် ၊ မလှမ်းမကမ်းတွင် ရပ်နေသည့် သူတစ်ဦးလဲရှိနေသေးသည်။ နှစ်ဦးသား အကြည့်တို့က ရင်းနှီးစိမ်းလေး စိမ်းနေပြီး အငြိုးတစ်ခုခု အားနှစ်ဘက်လုံးမှမြိုသိပ်ထားဟန်ရှိသည်။ မျက်တောင်မခတ်ဘဲ တယောက်ကတယောက် ဘာလုပ်မည်ကို တိတ်ဆိတ်စွာ ချောင်းနေကြသည်။ သူတို့နှစ်ဦးကိုကြည့် ရသည်မှာတကယ်ကို တိုက်ခိုက်ကြတော့မည့်ပုံ။ သူတို့နှစ်ဦးဆိုသည်ကား ဂိုဏ်းတူ ညီအစ် ကိုများဖြစ်ကြပါလျက်တယောက်နှစ်တယောက် ပညာအပြိုင်လွန်သွားပြီး ဘယ်သူ စီနီယာ၊ ဘယ်သူက မပေါ်သေးတဲ့ဂိုဏ်းချုပ် စတဲ့ မဖြစ် စလောက်ပြသနာ အသေးစားလေးမှ ရန်ငြိုးဖွဲ့ လာကာရ အခုတစ်ကယ်ပင် ချကြတော့မည်။ ဟော နှစ်ဦးသားစွတ်ဆွဲကြသည်က ဘလောက်ဂါ သိုင်းလောကဥရှောင် နေရာကို သူယူမည်ငါယူမည် ဟုသူများမြောက်ပေး ထင်ကြေးပေတာနှင့် အုန်းထမင်းကို ၀က်သားမြစ်ချဉ်နဲ့စား၊ ရွှေရင်အေးသောက်ထားသည့်ပမာ သွေးနားထင်ရောက်ကုန်ကြပြီး အခုချိန်းပွဲကို စိန်ခေါ်ခဲ့ခြင်းဖြစ်လေသည်။


တယောက်က ဘလော့စပေါ့ဝူရှောင်၊ နောက်တယောက်ကဝေါ့ပရပ်ဘူကောင်၊ နှစ်ယောက်လုံး မှာရှောင်ဘလင် ဂိုဏ်းမှဖြစ်သည်။ သူတို့မှာ တပည့်တပန်းတွေများမှများ၊ သူတို့တပည့်တွေ ပညာပြိုင်ရာမှ ဆရာကြီးနှစ်ဦးထချကာ အဆုံးအဖြတ်ပေးရတော့မည့် အခြေအနေဖြစ်လာသည်။
စပါပြီ နှစ်ယောက်သားစတင်လှုပ်ရှားကြပြီ။
ဘလော့စပေါ့မှ ဖိုင်းယားဖောက်နှင့်ကိုင်ပစ်လိုက်သည်။ ဘယ်ရမလဲ ဝေါ့ပရပ်မှလဲခေသူမဟုတ် အော်ပရာဖွင့်ပြလိုက်သည်။ သူတို့နှစ်ဦး တိုင်ခိုက်သံတွေညံနေသည်။ နှစ်ယောက်လုံးကိုင်ဆွဲ ထားသည့်လက်နှက်ကား ကိုယ့်ဘလောက်ကိုယ်ကြွား ပလက်ဖောင်းဓား ။
ရော့- - စီဘောက်ထည့်မယ် ဘလောက်ရှစ်ဆယ် ၀ူရှောင်ကအော်ပြီးတိုက်ခိုက်သည်။ ဘူကောင်ကလဲ ငုံ့မခံ ငါမှာထည့်ထား ရှောက်ဘောက် များဟု ဟစ်ကာပြန်ချသည်။
အိုင်ပီ လှမ်းဘမ်း ပစ်လိုက်သည်။ သို့သော်မရ ၊ နောက်အိုင်အက်စ်ပီ ပြောင်းပစ်သည်။
ရော့ ကွာတန်းပလိပ်ပြင်နည်း နှစ်ဆယ့်တစ်ကွက်၊ ဒီတခါတော့ ဘူကောင်အလူးအလဲ၊မကြာပါ ဟိုက်ယား-- ညာသံပေးလိုက်ပြီး ငါ့မှာရှိထားတန်းပလိပ်များ မင်းထက်ငါက ပိုလို့များ၊ ကဗျာရွက်သိုင်းကွက်ဖြင့် လှမ်းတွက်လိုက်သည်။ ၀ူရှောင်ပတ်လက် လန်တော့မလို့တဲတဲလေးလိုသွား၏။ မထူးလှခြေ ။ ဒီအကွက်တွေကကျောင်းမှာသင်ထားပြီးသားတွေဖြစ်နေသည်။ ၀ူရှောင်က ဇော်ဂျီဖောင့်ကို လက်နှက်ပုံးအဖြစ် ထုတ်သုံးလိုက်သည်။ မရ ဟိုက မီးလျှံမြေခွေး ပြန်ဖွင့်လိုက်သည်။ တရက်စပ်ပစ်လိုက်သော လက်နှက်ပုန်းရန်ကို တိမ်း ရှောင်ပြီး အီးအိုတီလုပ်ချလိုက်လေသော်၊ နှစ်ဘက်လုံးဘာမှမမြင်ရတော့၊ ခပ်သွက်သွက်လေးခွာထွက်လိုက်ကြပြီး အိုင်အီးထုတ်သုံး ကြသည်။ နှစ်ယောက်လုံးက လက်ညီနေသည်၊ သူတို့ ထုတ်သုံးသည့် အိုင်အီးက အဆင့်မြင့်လွန်းသည်။ နောက်ဆုံးထုတ် အိုင်အီးဆဲ ဗင်း၊ နှစ်ဦးလုံးလေးလေးလံလံ ဖြစ်သွားကြပြီး တိုက်ခိုက်မှုက အားကျသွားသည်။ ၀င်းဒိုး၊ အိုင်မတ်၊ လင်းနစ် စသည့်တောင်ကြီးများပေါ်ရှောက် ပြေးလွှားကြသည်။ တယောက်ကရှေ့ ကပြေး တယောက်ကနောက်ကလိုက်နှင့် ကြည့်ကောင်းနေသည်။ နှစ်ဦးလုံး အနားကပ်သွားပြန်သည် တိတ်တိတ်လေး ခိုးကျင့်နေသော ဗစ်စတာပေါ် တောက်ရှောက်ခေါ် အကွက်ကိုအင်နှင့် အားနှင့်ထုတ်သုံးလိုက်သော် နှစ်ယောက်သား တုန့်ကနဲရပ်သွားသည်။
ကော်နက်ရှင်မရတော့၊ အယ်ရာတက်သွားပြီ၊ အက်ဖိုက်ကို နှိပ်ခံလိုက်ရလျှင်တော့ သူတို့နှစ်ဦး အစကပြန်ချရတော့မည်။ ဘာမှလုပ်မရ
ဒါကို မရပ်ချင်သေး၊ ကဗျာရွက်ပြိုင်ကြပြန်သည်။
ဘလောက်လှမ်းခေါ် သီချင်းတက်သနော်
ငါလဲတက်သားမင်းသိလား
ငါ့မှာလူအားမင်းထက်များ
မကြောက်ပါကွာ ဘလောက်ဂါ ဘာသာစုံစွာရေးနေမှာ
မင်းကို ခေါ်ထားသိပ်ကြာသား
ကွန်နက်ရှင်ရောကောင်းလို့လား
တယောက်တပေါက်ပြိုင်အော်နေသည်။ ကောင်းကင်ကြီးမဲမှောင်ကျလာသည်။ လေတွေတရက်ကြမ်းတိုက် ခတ်နေပြီး လျှက်စီးတွေ ၀င်း ၀င်းထလာ၏ ။ ထို့နောက် ကောင်းကင်ပေါ်မှ အသံကြီးတစ်သံကြားလိုက် ရသဖြင့်နှစ်ဦးသား လန့်သွားသည်။
ဟေ့ နှစ်ယောက်လုံး မကောင်းဘူး ဘာလို့လဲ သိလား
မင်းတို့ ကအလကားပေးတော့ အလကားကောင်တွေဖြစ်နေလို့ ဘူးထွား ဟား- ဟား- ဟား
တစ်ယောက်မျက်နှာ တယောက် ကြည်လိုက်သည်
မင်းဘယ်သူလဲ
ပြိုင်တူ မေးလိုက်သည့် အသံကဟိန်းထွက်သွား၏
ပြန်ဖြေလိုက်သော အသံကြောင့် နှစ်ယောက်လုံးမူးမေ့ လဲကျသွားလေတော့သည်။
သိ ဘူး

5 comments:

နိုင်းနိုင်းစနေ said...

ဟား...ဟား..ဖတ်လို့အသေကောင်း..း)
ဖားရားဖောက်သိုင်းတွေ အိုင်အီးသိုင်းတွေနဲ့ အဲအရှော်အမော် ၂ယောက်ကို လက်ညိုးလေးတစ်ချက်လုပ်ရုံနဲ့ နိုင်နိုင်တယ်သိလား..ဟီး.. ကွန်ပြူတာ ခလုတ်လေး ပိတ်ထည့်ပစ်လိုက် ပြီးရေား)

pandora said...

ဟိုက် ရှာလပတ်ရည်... မောင်ဂေါက်တို့ ပြောင်မြောက်နေပုံ. ဗကေးရှင်းကျောက်ဖျာကြီးတင်းလို့ လာကြည့်မိတာ.. ဆက်လုပ်ထားဟ..

balargout said...

thank you for your comment.
thank everyone.

တပြည်သူ အိမ့်ချမ်းမြေ့ said...

ဒီပိုစ့်ဖတ်ပြီး ရင်ထဲမှာ ကလိကလိနဲ့
အော်ရီလို့လဲ မရဘူး ကိုဂေါက်

demO kittO said...

လိုက်မမှီဘူး.. ကိုဂေါက်ရယ်.. မြင့်လွန်းတယ်..