မန်းလေးမှပေးစာ

မနက်ဖန်ကျင်းပမယ့် မန်းလေးပွဲ စီစဉ်သူ မရတနာချဉ်နဲ့ ကျွန်တော့်ရဲ့ ပေးစာများကို ဖော်ပြလိုက်ပါတယ်။ မန်း သတင်းတချို့ သိချင်တဲ့ သူတွေ အတွက်ပါ။ နောက်ထပ် သတင်းလေးများရရင် ဖော်ပြပေးပါဦးမယ်။ ဒါလွန်ခဲ့တဲ့ ရက်ပိုင်းလေး ကမှတိတိ ကျကျ ပြောရင် ၁၈ရက်နေ့ ကစတဲ့ အပြန်အလှန်ပေးစာလေးတွေပါ။


18-7-07
Hi ......
This is invitation information.Pls advice me.
I'm warmly welcome your advices.

မရတာချဉ် ဒီလိုဘဲရင်းရင်းနှီးနှီး ခေါ်မယ်နော်၊တို့ တွေက အချင်းချင်းဘဲ၊ ဟုတ်ဝူးလား။ ခုလို တကူးတက ဖိတ်တာ ကျေးဇူးတင်ပါတယ်။ ဘာဘဲဖြစ် ဖြစ်ဒီထက်စောရင် အကြံကောင်းလေးတွေပံ့ပိုးပေးနိုင်မယ်လို့ထင်ပါတယ်။ နောက်တခုက ဟောပြောပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်မှာ ဘလောက့် ခြင်း အလေ့ အထပြန့် ပွားရေး။ နေရာဒေသ မရွေး ဘာအစွဲမှမရှိ ချစ်ကြည်ရေးတွေ ထည့်ပြော နိုင်ပါစေ။ ရန်ကုန်မှာလဲ လာမယ့် ၃၁ သြဂုတ် ဘလောက်ဒေး အတွက် အစီအစဉ်တွေရှိတယ်။ ဒီဘက်ကိုလဲ မန်းလေး ဟောပြောပွဲ ရလဒ်တွေမျှပါဦး။ အချိန်မရသေးလို့ နောက်မှဘဲ ရှည်၂ ပြောတော့မယ် အောင်မြင်ပါစေ
ဇော်ဇော်(ဘလာဂေါက်)

ကျေးဇူးတင်ပါတယ်။ကိုဘာနာခေါက်……..
ဒီလိုဆိုတော့လည်း ရတနာ ပိုအားရှိသွားတာပေါ့။
ဘာတွေဟောမယ် ၊ ဘာစာရွက်တွေဝေမယ်ဆိုတာ
ထပ်ပြီးအီးမေး ပို့လိုက်ပါဦးမယ်။
မန္တလေး အနေနဲ့ က အခုမှစတာဆိုတော့ ပြင်ဆင်စရာတွေက
အများကြီးပါ။ "Everything is Bloggable" ဖြစ်တဲ့ အတွက်
Blog အကြောင်း စာ၂မျက်နှာရေးမယ်။ တစ်ရွက် က
Fields ပေါင်းစုံမှာ Blog ရေးလို့ရတယ်ဆိုပြီး။
examples တွေနဲ့ ရေးသွားမယ်စိတ်ကူးတယ်။
Travel Blog ဆို http://ivlp-ye.blogspot.com
Team Blog ဆို http://ie-trainers.blogspot.com
Author Blog ဆိုhttp://chaweimahn.blogspot.com/, http://nyohtunlu.blogspot.com

literature blog ဆို http://truth-aungnyeinchan.blogspot.com/...etc....

…………………………….
အခု ဘယ်ဘလော့တွေထည့်မယ်ဆိုတာကို detail စီစဉ်နေတယ်။
အဲလို ထည့်ပေးတဲ့ .ရေးပေးတဲ့ ဘလော့တွေကို sponser တောင်းတယ်။
ဧည့်ခံဖို့ စာရွက်စာတန်းတွေဝေဖို့ပေါ့။
ဘယ် ဘလော့တွေ ထည့်သင့်တယ်ဆိုတာကို အကြံပေးပါဦး။
ကိုဘာနာခေါက် ဘလော့ ကို လည်း Personal blog အဖြစ်
ထည့်ပေးမယ်လေ။ sponser ကတော့ ၃၀၀၀၀ အနည်းဆုံးပါ ။
အချင်းချင်းမို့ လျော့ယူလိုက်တယ်။

1 comments:

နိုင်းနိုင်းစနေ said...

ဟေ့ ပြာဂေါက်.. ဘောလုံးပွဲရှုံးလို့လား.. ဖဲရှုံးလို့လား.. စီဘောက်ကို ပေါင်လိုက်ကြပြီလား.. မောင်ပွတ်ကောပဲ.. မလာတာ ၂ ရက်ထဲပါ.. စီဘောက်ကော ကော်မန့်ရေးဖို့ နေရာကော...ဘာမှ ရှိတော့ဘူးကော...ဘယ်လိုဖြစ်ကြတာလဲ.. မောင်ပွတ်မိန်းမ ခိုးသွားလားမသိဘူး... သူ့ဘလော့ထဲဝင်တော့ ဘာမှမရှိတော့ဘူး။ အသဲပုံတွေပဲ မြင်လိုက်တယ်.. ဘလော့တိုင်း(မ်) မှာ ကြော်ငြာထည့်ချင်လို့.. ဘယ်နားသွားပြောရမှန်းမသိလို့ ဒီအောက်မှာ ၀င်ရေးလိုက်တာ...