အရှုံးပွဲ

မရနိုင်တဲ့ အရာတစ်ခုကို တောင့်တခဲ့တာ
ကလေးဆန်တာလား။ အတွေး မမှန်တာလား။
မျှော်လင့်ခြင်းနဲ့ ရယူလိုခြင်း ၊ ကိုယ်တိုင်တောင်
မခွဲတတ်ဘူး။ ။

သံယောဇဉ်တဲ့
ဒီသံယောဇဉ်ကြိုးတွေ အတန်တန် ရစ်ပတ်လို့
မင်းနဲ့ ငါ့ ကြားမှာ ၊ ပိုက်ကွန်ပမာ
ငါကတော့ မရုန်းသာ မလွန့် သာနဲ့။ ။

"အချစ်"
ဒီစကား လုံးထက်လေးနက်တဲ့ စကားရှိရင်
ငါ့ကို သတိပေးပါကွာ။
ငါနင့် ကို ပြောချင်လို့ လေ၊
ဒါပေမယ့် အခုတော့လေ
"သူငယ်ချင်း" ဆိုတဲ့ ကဗျဉ်း
ငါ့ ရင်မှာစိုက်ထူ ၊ နှလုံးသားသင်္ချုင်းမှာ
အရှုံး သမားအဖြစ်
မင်းငါ့ ကို မြှုတ် နှံခဲ့။ ။ ။

2 comments:

hninhnin said...

ရေးထားတာတော့ ကောင်းပါတယ်။ စာလုံးပေါင်းလေးတွေ မှားတာက လွဲရင်ပေါ့။ ခွိခွိ...

ဂျစ်တူး - gyit_tu said...

ကြိုက်တယ်ဟေ့