ပထမဆုံးလိုက်တဲ့အမှုကြီး
(သို့မဟုတ်)ညက်လီဆင်း၏ဟုတ်စိန်ကြီး
ကျွန်တော်တက်လော့ဟုန်းနှင့်နေလာခဲ့တာ ရက်အတော်ကြာခဲ့လေပြီ။ ခုထိတော့ ဘာအ မှု့မှမလိုက်ရသေး၊ နဲနဲတော့ ပြင်းနေသည်။ မြို့ထဲတွင်ဘိုင်စကုတ်ကြည့်ရင်ကောင်း မ လားဟု တွေးမိကာ တက်လော့ဟုန်းအား အဖော် စပ်မိလေသည်။
ကိုယ့်လူရာ နေစမ်းဘာ၊ ဘိုင်စကုတ်ကြည့်မည့် အစား လန်ဒုံပြဇတ်ရုံမှာလာ ပြမယ့် နှဲမှုပ်ပွဲသွားရအောင်လား။
ခုမှသတိရတော့သည်။ တက်လော့ဟုန်းသည် လေမှုတ်တူရိယာများကို လွန်စွာ ၀ါ သနာ ထုံသည့်အလျောက် ဘာဂျာ၊ နှဲ၊ ဆက်ဆိုဖုန်း စသည်တို့ အပြင် လေမှုတ်အော်ဂင်၊ လေ မှုတ်အကော်ဒီယံ၊ ကားလေထိုးစက်၊ စက်ဘီးလေထိုးတံစုံနေအောင်ရှိသည်။ ညညဆို တစုံတစ်ခုကို မကြေနပ်သည့်ဟန်ဖြင့်နှဲကို ကောက်ကောက်မှုတ်လေ့ ရှိလေရာ လွန်စွာနား မခံသာဖြစ်ရလေတော့သည်။
ကွမ်းကလေးမြှုံ့လိုက်၊ နှဲလေးမှုတ်လိုက်နှင့်တော့ ဟုတ်နေတတ် သည်။
ထားပါတော့ဗျာ မကြည့်လဲနေပါ ၊ နှဲပွဲတော့ မလိုက်ပါရစေနဲ့။
ကျွနုပ်လဲ စိတ်ပေါက်ပေါက်နှင့် နေကြာစေ့ခွာစားရင်း သတင်းစာအား လှန်လှော ဖတ်ရှု နေလိုက်သည်။ ဖတ်နေရင်း တခုသော သတင်းက ထူးဆန်းနေရာ တက်လော့ဟုန်းအား ခေါ် ပြလိုက်မိလေသည်။
သတင်းမှာ- – မဟာရာဂျာ ညက်လီဆငိး၏ ဟုတ်စိန်ပြောက်ဆုံးသွားခြင်း
အိန္ဒိယမှလာရောက်လည်ပတ်သော မဟာရာဂျာ ညက်လီဆင်းတယောက် သည်၎င်း တည်းခိုရာ ပွဲစားကြီးမယား ဟော်တယ် ညကလပ်တွင် သောက်စားနေခိုက် အခန်းထဲတွင် ထားခဲ့သော ဟုတ်စိန်မှာ ပြောက်ဆုံး သွားကြောင်း၊ ထိုပျောက်ဆုံးမှုအတွက် ပုလိပ်ဘက် မှ အပူတပြင်းလိုက်လံ ရှာဖွေလျက်ရှိပြီး၊ ညက်လီဆင်းမှာမူ ပြန်မတွေ့ ပါက သူ့ရည်းစားရိုက်မည်ဆိုကာ ၀မ်းနဲမှောက်ခုံဖြစ်ကာ သောကပွေပြီး ဘီယာများ လှိမ့်သောက်နေကြောင်း။ သူကပင် ထိုဟုတ်စိန်အားတွေ့ အောင်ရှာပေးနိုင်သူအား နီလာကြီး ပေးမည်ဟူကာ ပြောကြားကြောင်း သတင်းရရှိ ပါသည်။
ဟုတွေ့ရလေသည်။
တက်လော့ဟုန်းတစ်ယောက် ဖတ်ပြီးသကာလ စဉ်းးစားခန်းဝင်နေသည်မှာ နာရီအနည်းငယ်ကြာသွားကာ ပါးစပ်တွင်ကွမ်းများ ရဲပတောင်းခတ်အောင်စား ပြီး ကျွနုပ်အား စကားစပြောလေသည်။ ဒီလိုရှိတယ်မစ္စတာပွတ်ရဲ့ ဟုတ်စိန်ဆိုတာ အတော်လေး အရည်အသွေး ကောင်းတဲ့ စိန်ပြာကြီးလို့ ကျွနုပ် သိထားတယ်။ ညက်လီဆင်း ဟာ ဘယ်လို သဘောနဲ့ နမော်နမဲ့ထားသလဲမသိပါဘူးဗျာ။ ပျောက်သွားတယ်ဆိုတာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး အခိုးခံရတာဖြစ်မယ် ဟုရှင်းပြလေသည်။ ထို့နောက် ဒီပစ္စည်းကို ယူသွားသူ ဟာ သေချာပေါက် သူခိုးဘဲဖြစ်ရမယ်ဗျာ ဟုလည်း မျက်လုံးများတွင် အရောင် တဖျက်ဖျက် လက်အောင် ပြူးပြရင်း ပြောလေ၏။
ဟုတ်ပါပေ့ မစ္စတာတက်ရယ်၊ တယ်လဲ ဥာဏ်ပြေးသကိုးဟု ကျွနုပ်ကချီးမွမ်းရာ – -
တယ်မဟုတ်လှပါဘူးဗျာ ဟုပြုံးပြုံးကြီး ပြန်ဖြေလေသည်။
နေ့လည်စာစားချိန်လောက် အရောက်တွင် အောက်ဖက်လှေခါးမှ တဒေါက်ဒေါက်နှင့် အသံများကြားလေရာ တက်လော့ဟုန်းသည် အသာလေးနားစွင့်နေလေ၏။
မှမ်းစမ်းမစ္စတာပွတ်၊ အသံကိုနားထောင်ရတာ လူတယောက်ဖြစ်ရမယ်၊ အဲဒီလူက အပေါ်ကိုတက်လာတာဖြစ်ရမယ်။
မှန်ပေသည်၊တက်လော့ဟုန်းမှန်းရင်လွဲခဲသည်၊
သေခြာတာ ဒီလူ့လက်ထဲတခုခုပါကိုပါရမယ်။ တဒေါက်ဒေါက်နဲ့ ၊ ဟောအခန်းဝကို ရောက်နေပြီ၊ ထိုစဉ် တံခါးခေါက်သံကြားသောအခါ၊ သွားဖွင့်ခြေဗျာဟု ပြောသဖြင့် ကျွနုပ်လဲ အလျင်အမြန်သွားဖွင့်လေ၏။
အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်တုတ်ကောက်


Posted in 








အမှုကတော့ စိတ်ဝင်စားစရာပဲဗျို့ ၊ အဲဒီ မဟာရာဂျာ ညီလင်းဆက် အမှုပြီးရင် မေစတာ ရောင်အန်ရဲ့ ရည်စားစာ ပျောက်ဆုံးမှုလေး ရေးပေးပါဦးဗျာ။ အားပေးလျှက်
အမှုနောက်ဆက်တွဲကို စောင့်ဖတ်နေပါတယ်
cbox မတွေ့လို့ပြန်သွားတယ်
Ha haa haa LOL. Pls continue…Thks