တက်လော့ဟုန်းနှင့်မိတ်ဆွေဖြစ်ခြင်း

ထိုကဲ့သို့ ကျွနုပ်နှင့်တက်လော့ဟုံး ဆုံတွေ့ ကြပြီးနောက် တက်လော့ဟုန်း လည်း မကြာမကြာ့ ကျွနုပ်ထံသို့ ရောက်ရောက်လာကာ မဟုတ်မဟတ်များပြောရင်း ညီရင်း အစ်ကိုယ်တမျှ မိတ်ဟောင်းဆွေဟောင်း သဖွယ်ရင်းနှီးသွားကြ လေသည်။ အဘယ့် ကြောင့် ဆိုသော် သူသည် ကျွန်ုပ်ကဲ့သို့ လူပေါတယောက် ဖြစ်နေသောကြောင့်ပင်။

ကျွန်ုပ်လဲလက်ရှိအလုပ်ကို စိတ်မပျော်ပိုက်သည် တကြောင်း၊ အသစ်ဖြစ်သော လုပ် ငန်းများကို လုပ်ကိုင်ရန်ဆန္ဒရှိသည်တကြောင်းဖြင့် မိဘများကို ခွင့်တောင်းကာ တက်လော့ဟုန်း၏ အလွတ်စုံထောက်လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်ရန် ဆုံးဖြတ် လိုက် လေသည်။ ခွင့်တောင်းရန်အတွက် မိဘများရှိရာ လန်ဒုံမြို့ စွန်ဆိတ်ငြိမ် ရက်ကွက်များ တည်ရှိရာ ဒဂုံမြောက်ပိုင်းသို့ မြို့ပတ်ရထားစီး ပြီးတက်လော့ ဟုန်း နှင့် အတူ ထွက်လာခဲ့ လေတော့သည်။

လမ်းတလျောက်တွင် တက်လော့ဟုန်းသည် တစ်စုံ တခုကို လေးလေးနက်နက်စဉ်း စား နေသည့်ဟန်ဖြင့် ကွမ်းတမြုံမြုံနှင့်လိုက်ပါလာခဲ့ လေသည်။ ဒဂုံမြောက်ပိုင်း ဘူတာမရောက်ခင်တက် လော့ဟုန်းသည် ကျွန်ုပ်အား စကားတစ်ခုမေး လေ၏။

တက်- -ကိုယ့်လူ ၀ယ်လဆင်ပွတ်၊ ခင်ဗျားသေချာတယ်နော်၊

နုပ်- -ဘာကိုလဲ ကိုလဲမစ္စတာတက်ရဲ့

တက်- -ဒီလိုလေဗျာ၊ ခင်ဗျားဟာ ကျုပ်ရဲ့ ပါတနာ အဖြစ်ဆောင်ရွက်ေ တာ့ မယ်ဆိုရင်၊ အပင်ပန်း

ခံရမယ်၊ စွန့်စားစရာတွေကြုံရမယ်၊

နုပ်- -အော်- ဒါလား၊ ကိစ္စမရှိပါဘူးဗျာ၊ အသေးအဖွဲပါ။

တက်- -ဒါနဲ့ ခင်ဗျားသရဲကြောက်တက်သလား။

နုပ်- – နိုး- ဟဲ နဲနဲ ပါးပါး ပါ။

နောက်တစ်ခုက အပြေးသန် တယ်နော်။

ဘာအတွက်တုန်း။

တခါတလေ အခြေအနေမကောင်းရင် ပြေးရတဲ့ အခါရှိတယ်လေ။ ကျုပ်ကတော့ တာတိုပြိုင် ပွဲတွေမှာ အမြဲ တစ်စွဲနေကြ၊ ဘာမှတ်လဲ။ ဟင်းဟင်း ဟင်း

ငါးခူပြုံးလေးပြုံးရင်းဟန်ပါပါ ရီနေသော တက်လော့ ဟုန်းမှာ ကြာလေ လေ ပေါလေလေ ဖြစ် ကြောင်းတွေ့ရသဖြင့် များစွာ စိတ်ပျက်မိသေး၏။ နို့ပေမယ့် သူဟာ လူတော် ငပေါ ဖြစ်ကြောင်းရက်ကွက်လူကြီး ထောက်ခံစာ ရထားသူဖြစ်သဖြင့် စိတ်ထဲ ချီးကျူး မိ ပြန်သည်။

စကားတပြောပြောနှင့် ဒဂုံမြောက်တောင် ရောက်ခဲ့ လေပြီ။ ဘူတာမှဆင်းကာ နှစ်ယောက် သား လမ်းလျောက်လာခဲ့၏။ လမ်းတွင်တက်လော့ဟုံး က ကုလားဆိုင်မှာ ကွမ်းဝယ် လေသည်။ အတော်အတန်ကွမ်းတရာညက်နှင့်နောက်တရာ တံတွေး သုံးခါထွေး အချိန် ခန့်ကြာသော် မာတာမိခင်နှင့် ဖာတာဖခင်ကြီး ရှိရာ အိမ်သို့ ဆိုက်ဆိုက်ကြီး ရောက် လေ တော့၏။ မိဘများက ကျွနုပ်အား လာမည်ဆိုလျှင် သံကြိုးသော်၎င်း၊ ကြေးနန်း ကြိုးသော်၎င်း၊ မရလျှင်လဲ နီးစပ်ရာ ရရ ကြိုးများရိုက်ပြီး အကြောင်း မကြားရ ကောင်း လား ဟု အသီးသီး ပြောဆို ကြပြီး ကြိုဆိုကြလေတော့သည်။ ကျွနုပ်လဲ လာရင်းအကြောင်းကို အတော်အသင့်ရှင်ဲးပလေသော် မိဘများသည်း တက်လော့ဟုန်း၏ ပေါတောတော ဥပဓိရုပ် ကို မြင်ကာ ဒီကောင်နှင့်ဖြင့် ဘာမှ မဖြစ်လောက်ပါဘူးဟု အထင် ရှိကာ ခွင့်ပြု လိုက် လေသည်။ သို့ပေသိ ဒီတစ်ညတော့ ရောက်တုန်း အိမ်မှာ အိပ်ကာ တရက် လောက် နေရန်ပြောလေသဖြင့်တက်လော့ဟုန်းလဲ သဘော တူလိုက်တော့သည်။

ညစာစား

You can leave a response, or trackback from your own site.

6 Responses to “တက်လော့ဟုန်းနှင့်မိတ်ဆွေဖြစ်ခြင်း”

  1. sisain says:

    ဒီး ဒို ဒီး ဝေါ့ – - – တောင်ကျွန်းပေါ်မှာ ၊ ဘဂိုးဓါး တစ်ဆူ၊ ဆူသည်မေမေ၊ မေသည် မေဓာဝီ၊ ၀ီသည် ၀ီရ၊ ရသည် ရဲ လေး ၊ လေးသည် ၊ ညလေး ငါ့ကို ချစ်ရင် အာဘွား ပေး ဟေး ဟေး – - ဒီးဒိုဒီး ဝေါ့-

    (အေ့) ကော်ပီရိုးရိုးကူးတင်တာ ဟုတ်ဘူးအေ့-အေ့- သီချင်းဝင်ဆိုသွားတာအေ့

  2. Tesla says:

    ဒီးဒိုဒီး ဝေါ့… တောင်ကျွန်းပေါ်မှာ ၊ ဘဂိုးဓါး တစ်ဆူ၊ ဆူသည်မေမေ၊
    မေသည် မေဓာဝီ၊ ၀ီသည် ၀ီရ၊ ရသည် ရဲ လေး ၊ လေးသည် ညလေး ၊ငါ့ကို ချစ်ရင် အာဘွားပေး၊
    ပေးသည် လက်ဖ၀ါး၊ ၀ါးသည် ပီကေ၊ ကေသည် ကေအေတီ၊ တီသည် တီကောင်၊
    ကောင်သည် ကောင်မလေး၊ လေးသည်ကျောက်တုံး၊ တုံးသည် ဘလာဂေါက်၊ ဂေါက်သည်
    မောင်ပွတ်၊ ပွတ်သည် အနေတော်၊ တော်သည် တက်စလာ၊ ညလေးရေ ငါ့ကိုချစ်ရင် စာပြန်ပါ.. ဒီးဒိုဒီး ဝေါ့- အမ်.. :P

  3. khunmk says:

    အဟား
    မိုက်တယ်ဗျာ
    အစ်ကို့စာနဲ့တွေ့မှ ညစ်နေတဲ့ စိတ်တွေ လန်းသွားတယ်။

    ဘာလာဂေါက်ရဲ့ ဘလော့ကတော့ သိတာကြာပါပြီ။

    MZ ဖိုရမ်ထဲကနေမှတစ်ဆင့် ၀င်လာတာ

  4. Chit Lay Pyay says:

    ညလေးနဲ့ သွားတိုင်ပြောမယ် အားလုံး တော်တော် ဆိုးတယ်

  5. ဂျစ်တူး - gyit_tu says:

    ဟီဟီ သောင်းကျန်းနေကြတာများ.. ကြည့်စမ်း ကြည့်စမ်း.. ။

  6. JJ says:

    ပြောင်မြောက်လိုက်တဲ့ စကားလုံးတွေ ဆက်ရေးပါ လာလာလည်ပါမည်။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice