အပေါင်း အသင်း မိတ်ဆွေ

ကိုယ်လျောက်ရမယ့် လမ်းပေါ်မှာ အခြားသူတွေက ဆူးညှောင့် ခလုတ်တွေကို ၀င်ရောက်ရှင်း လင်းပေးကြ လိမ့် မယ်လို့ မမျှော်လင့် အပ်ဘူး။ ဆူးညှောင့်ခလုတ်တွေ လာမချထားဘူး ဆိုရင်ဘဲ ကျေးဇူးတင်ရမယ်။

တချို့ လူတွေက သင်္ချိုင်းနဲ့ တူတယ်။ သူတို့ရဲ့ မကောင်းတဲ့ အကျင့်၊ ယုတ်မာတဲ့ အကျင့်၊ မသာမတဲ့ မဖွယ် မရာတဲ့ အကျင့်၊ လိမ်ချင်ကောက်ချင်၊ လူလည်ကျချင် တဲ့ စိတ်တွေနဲ့ ညစ်နွမ်းလိမ်း ကျံနေတယ်။ မစင်ကြယ်ဘူး၊ ဒါကြောင့် ဒီလိုလူ မျိုးတွေက သချိင်္ုင်းနဲ့ တူတယ်။

တချို့တွေက လိမ်ညာလှည့်စား ညာဝါးဖျန်း သန်းပြီးမသမာတဲ့၊ ယုတ်မာတဲ့ ၊ လူလည်ကျချင်တဲ့ စိတ်တွေနဲ့ လုပ်ကိုင်စားသောက်တယ် ဆိုတော့ ဒီလူတွေရဲ့ အကြောင်းက ဘယ်မှာ လာပြီး အကောင်း သတင်း ထွက်မှာ လဲ။ သတင်းဆိုးဘဲ ထွက်မှာပေါ့။


လူ့လောကမှာ တချို့ တွေဟာ ဘေးဘျမ်းရှိတဲ့ သင်္ချိုင်းလိုပါဘဲ။ ဒီလိုလူတွေနဲ့ ပေါင်း မိရင်ကိုယ့်ကိုကိုယ် တန်ဖိုး မဲ့ လူဖြစ်အောင် လုတ်တာမျိုးတွေ၊ ကိုယ့်ပစ္စည်း ဥစ္စာတွေကို လိမ်ညာလှည့် ပတ်လို့ ဘဲ ဖြစ်စေ၊ မတရား အနိုင့် အထက်ဖြစ်စေ ရအောင်ယူတတ် တာမျိုးတွေ ကို လုတ်လေတတ်တော့ အဲဒီလိုလူ တွေဟာ ဘေးဘျမ်းရှိရာ သချိင်္ုင်း နဲ့ တူနေသူတွေဖြစ်နေပြန်ရော။

အဲဒီလိုသူတွေနဲ့ပေါင်းသင်း ဆက်ဆံနေခြင်းအတွက် ကိုယ့်မှာ ငိုရရှိုက်ရ ကြေကွဲရ ဖြစ်ရတယ်။ အဲဒီလူတွေကို မခွဲနိုင်မခွာရက် လို့ငိုရတာတော့ မဟုတ်ဘူး။ အဲဒီလူတွေက ကိုယ့်ကို ဘ၀ပျက်အောင်၊ ကိုယ့်ဘ၀ ဆုံးရှုံး သွား အောင် အမျိုးမျိုး နှိပ်စက်ကြ လို့ ဘဲ။

လောကမှာ ကိုယ့် အတွက်မိတ်ဆွေ သုံးမျိုး ရှိတယ်။ ပထမမိတ်ဆွေက ကိုယ့် ကို ချစ်တဲ့သူ။ ဒုတိယအမျိုး အစားက ကိုယ့်ကို မုန်းတဲ့ သူ။ တတိယ အမျိုး အစားက တော့ ကိုယ့်ကိုဥပေက္ခာ ပြု ထားတတ်တဲ့ သူ။
ကိုယ့်ကို ချစ်တဲ့ သူမျိုးနဲ့ တွေ့ ကြုံ ဆုံစည်း နေရရင်တော့ နှလုံးစိတ်ဝမ်း ချမ်းမြေ့ရတာပေါ့။ ကိုယ့် ကိုမုန်းတဲ့ သူနဲ့ တွေ့ ရပြန်တော့ လဲ ကိုယ်ဟာသတိရှိသူ၊ သတိမြဲမြံ တဲ့သူ ဖြစ်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကို မုန်း တဲ့ သူဆိုတာ ကိုယ့်အားနဲချက်၊ ကိုယ့် ချို့ ယွင်းချက်ကို အမြဲကြည့် နေတတ်တာ ဆိုတော့ ကိုယ်က အမြဲ သတိ ထားနေရတယ်။ သတိထားနေရင်း ကိုယ်က သတိရှိတဲ့သူဖြစ်လာတော့တာဘဲ။ ကိုယ်ဘာဖြစ်ဖြစ် ဆင်းရဲရဲ ချမ်း သာသာ၊ ဘာခံစားမှု့ မှမဖြစ်ဘဲ ကိုယ့်ကို ဥပေက္ခာ ချထားတဲ့သူမျိုး တွေ့ကြုံ ရတဲ့ အခါ ကိုယ်ဟာကိုယ့် အားကိုယ် ကိုးတတ်သူ ဖြစ်လာတယ်။ကိုယ့်ကို ရိုင်းပင်း
ကူည်စောင့်ရှောက်သူမသုတ်တော့ သူလိုလူမျိုးကို ဘာမှမျှော်လင့် ချက်ထား လို့ မရဘူး။ ကိုယ့်ကိုကိုယ်ပဲ အားကိုးပြီး ကြိုးစား လုပ်ဆောင်ရတာဘဲ။ ဘာပဲဖြစ်ဖြစ် အဲဒီမိတ်ဆွေ အမျိုးအစားအားလုံး ကိုကျေးဇူးတင်ရမှာဘဲ။

လူဟာ မကောင်းတဲ့ မနှစ်သက်ဖွယ်ဖြစ်တဲ့ အကျင့်စရိုက်ဆိုး ရှိကြသူတွေရဲ့ ၀န်းကျင်မှာ လူဖြစ်လာပေမယ့် အကျင့်စရိုက်ကောင်းရှိ သူဟာ ကိုယ်ဝန်းကျင်က မကောင်းမှုတွေ၊ မကောင်းသူတွေနဲ့ လိမ်းကျံ ရောယှက်မသွား ထိုက်ပါဘူး။ အကျင့်စရိုက်ကောင်းရှိသူဟာ ကိုယ့်ဝန်းကျင်ကဘယ်လောက်ဘဲ မကောင်းပေမယ့် ကိုယ်ကတော့ ကောင်းမွန်ဖြောင့်မတ်သူ အဖြစ် လူ့လောက မှာတည်နေဖို့ ကြိုး စားသင့်တယ်။

ဆရာ နန္ဒသိန်းဇံ ၏ အသွင်သဏ္ဍန်တို့၏နောက်ကွယ်စာ အုပ်မှ မိတ်ဆွေ အပေါင်း အသင်းနှင့် ခရီးသွားခြင်း ဆောင်းပါး ကို ထုတ်နှတ် ဖော်ပြ မျှဝေပါသည်။

You can leave a response, or trackback from your own site.

2 Responses to “အပေါင်း အသင်း မိတ်ဆွေ”

  1. ဂျစ်တူး - gyit_tu says:

    ဒါလေး ပြန်ဝေမျှတာ ကျေးဇူး

  2. Yan says:

    ကျေးဇူးတင်တယ် ကိုကြီးဂေါက်ရေ… ဒီလို ထုတ်နှုတ်ချက်လေးတွေ ပြန်ဖတ်ရတာ အင်အားတွေ ရှိလိုက်တာ.
    ဆက်ရေးပေးပါဦးဗျာ.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice