Archive for July, 2007

စိတ်

စိတ်တွေလဲ မောနေတွေဝေမှုမောဟ ညဘက်မှာ သက်ပြင်းတွေတအားချတတ်လို့။မင်းကြောင့်ပေါ့ ကလေးရယ်တို့နှစ်ယောက်ကြားကွယ်ထားတဲ့ အဆီးအတားအားလုံးကို ပုံသေနည်းနဲ့ တွက်မဖြစ်နိုင်ဘူးတဲ့။မင်းလဲသိတယ်ငါလဲသိတယ်ချစ်တယ် ကလေးရယ်- – – -

အ-သုံးလုံးတော့ကျေစေချင်ပြီ

လွန်ခဲ့တဲ့ ၆ လလောက်က ရေးခဲ့ပြီး ၇န်ကုန်တိုင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးဟောင်း တစ်ခုပါ။ ကျွန်တော့် မူရင်းက ရှာမရဖြစ်နေလို့ ဂျာနယ်ထဲမှာ တည်းဖြတ်ပြီးသားအတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ် လွန်ခဲ့တဲ့နှစ်-နှစ်လောက်ကထင်ပါတယ်။ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးတယ်။ စာရေးသူက ဘာတွေ ကိုပြောသလဲဆိုတော့ ဒီခေတ်မှာ အင်တာနက်-အီးမေး(လ်)-အင်္ဂလိပ်စာ ဆိုတဲ့ အ-သုံးလုံးကို တတ်ကြဖို့လိုကြောင်း တင်ပြသွားပါတယ်။ ရှင်းပါတယ်။ ဒါဟာအသေအချာပါဘဲ။ ဒီဘက် ခေတ် ထဲမှာ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် စီးဆင်းပြန့်ပွား ခြင်းကွန်ယက်တွေ တမဟုတ်ခြင်း ဖွံ့ဖြိုးလာစေခြင်းဟာ လူ့သမိုင်းမှာ ကြီးမားတဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလည်းမှုကြီးပါဘဲ။internet သုံးစွဲမှုတွေတိုးတက်လာခြင်းကပညာခေတ်ရဲ့ အခြေခံကျောထောက်နောက်ခံပြယုဒ်တစ်ခု ဖြစ်လာပါတယ်။ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။ ခေတ်နဲ့အတူချီတက်စီးဆင်းဖို့ရာ idea တွေတိုးတက်ဖို့ရာ ဆိုင်ရာဆိုင်ရာဗဟုသုတတွေကို ဆက် လက်ရှာမှီးဖို့လိုတယ်။ ဒီကနေ့ ထမင်းအ၀စားထားရုံနဲ့ မနက်ဖြန်မှာမဆာလောင်ဘူးလို့ ပြောလို့ မရပါဘူး။ ပညာတစ်ခုဟာဘယ်တော့မှ [...]

ဆက်သွယ်ပေးပါ

၂၀၀၇ – စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန် တွင်ပြုလုပ်မည့် why do we blog ဟောပြောပွဲတွင် ပါဝင်ကူညီပူးပေါင်း လိုသော ဘလောက်ဂါများ အနေဖြင့် အောက်ပါ လိပ်စာများအား အမြန်ဆုံး ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း လေးစားစွာ ဖိတ်ခေါ်ပါသည်။ zzml33@gmail.comhtaike2aung@gmail.combrvboy@gmail.com nayphonelatt@gmail.comkophyoe.letranger@gmail.comlynnseck@gmail.commaung.melody@gmail.com

သတင်း ကောင်းပါ

မနေ့က ညဦးပိုင်း လောက်မှာ ကျွန်တော်အပါအ၀င် ကိုညီလင်းဆက်၊ ဘာညာ၊ ကိုစိုးဇီယ၊ ကိုနေဖုံးလတ် တို့ တွေ planet.com.mm တည်ရှိရာ လပြည့်ဝန်း ပလာဇာ က ရုံးခန်းမှာ alpha-မှ ဦးရဲမြတ်သူ၊ planet မှ ဦးသောင်းစုငြိမ်းတို့ နဲ့ အတူ မြန်မာဘလောက်ဂါများ၏ အနာဂါတ်လှိုင်း၏ဆုံမှတ်များ စာအုပ်ထုတ်ဝေရးကိစ္စနဲ့ လာမည့် စက်တင်ဘာ ၁ရက်နေ့ info-teach အဆောက် အဦးမှာကျင်းပမည့် why do we blog ဟောပြောပွဲ လုပ်ငန်းစဉ်တွအကြောင်း တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ စာအုပ်အတွက် သူတို့ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်အကြောင်းများ ကို အဓိကထားဆွေးနွေးခဲ့ ကြပြီး အားရကျေနပ်စရာကောင်းတဲ့ ရလဒ်ကောင်းတွေရ ရှိခဲ့ပါတယ်။ နောက်တစ်ခုက တော့ ဟောပြောပွဲ ကိစ္စပါ၊ planet.com ရဲ့ [...]

this is testing

this is test my wordpress.

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ ၁။ Seminar အား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ MICT Park တွင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။၂။ Seminar ၏ ခေါင်းစဉ်မှာ “Why do we blog?” ဖြစ်ပါသည်။၃။ Myanmar Blogger Society အတွက် လိုဂိုအား ကိုဖြိုးမှ ရွေးချယ်သတ်မှတ်ထားသော ဒီဇိုင်းအား ရေးဆွဲပေးရန် .. ။ ဆောင်ပုဒ်အား ထပ်မံရွေးချယ်ရန် .. ။၎။ Seminar တွင် ဟောပြောမည့် ခေါင်းစဉ်များမှာ ..What [...]

Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ ၁။ Seminar အား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ MICT Park တွင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။၂။ Seminar ၏ ခေါင်းစဉ်မှာ “Why do we blog?” ဖြစ်ပါသည်။၃။ Myanmar Blogger Society အတွက် လိုဂိုအား ကိုဖြိုးမှ ရွေးချယ်သတ်မှတ်ထားသော ဒီဇိုင်းအား ရေးဆွဲပေးရန် .. ။ ဆောင်ပုဒ်အား ထပ်မံရွေးချယ်ရန် .. ။၎။ Seminar တွင် ဟောပြောမည့် ခေါင်းစဉ်များမှာ ..What [...]

ပထမဆုံးလိုက်တဲ့အမှု့ကြီး

ပထမဆုံးလိုက်တဲ့အမှုကြီး(သို့မဟုတ်)ညက်လီဆင်း၏ဟုတ်စိန်ကြီး ကျွန်တော်တက်လော့ဟုန်းနှင့်နေလာခဲ့တာ ရက်အတော်ကြာခဲ့လေပြီ။ ခုထိတော့ ဘာအ မှု့မှမလိုက်ရသေး၊ နဲနဲတော့ ပြင်းနေသည်။ မြို့ထဲတွင်ဘိုင်စကုတ်ကြည့်ရင်ကောင်း မ လားဟု တွေးမိကာ တက်လော့ဟုန်းအား အဖော် စပ်မိလေသည်။ကိုယ့်လူရာ နေစမ်းဘာ၊ ဘိုင်စကုတ်ကြည့်မည့် အစား လန်ဒုံပြဇတ်ရုံမှာလာ ပြမယ့် နှဲမှုပ်ပွဲသွားရအောင်လား။ခုမှသတိရတော့သည်။ တက်လော့ဟုန်းသည် လေမှုတ်တူရိယာများကို လွန်စွာ ၀ါ သနာ ထုံသည့်အလျောက် ဘာဂျာ၊ နှဲ၊ ဆက်ဆိုဖုန်း စသည်တို့ အပြင် လေမှုတ်အော်ဂင်၊ လေ မှုတ်အကော်ဒီယံ၊ ကားလေထိုးစက်၊ စက်ဘီးလေထိုးတံစုံနေအောင်ရှိသည်။ ညညဆို တစုံတစ်ခုကို မကြေနပ်သည့်ဟန်ဖြင့်နှဲကို ကောက်ကောက်မှုတ်လေ့ ရှိလေရာ လွန်စွာနား မခံသာဖြစ်ရလေတော့သည်။ကွမ်းကလေးမြှုံ့လိုက်၊ နှဲလေးမှုတ်လိုက်နှင့်တော့ ဟုတ်နေတတ် သည်။ထားပါတော့ဗျာ မကြည့်လဲနေပါ ၊ နှဲပွဲတော့ မလိုက်ပါရစေနဲ့။ကျွနုပ်လဲ စိတ်ပေါက်ပေါက်နှင့် နေကြာစေ့ခွာစားရင်း သတင်းစာအား [...]

ပညာယောင်အိပ်မက်

လင်းရောင်ခြည်နွေးနုနုကြားမှ တိုးထွက်လာတဲ့အေးစက်စက် တိုက်ခတ်နေသည့် လေရိုင်းတို့အား သူမျက်နာမူထားသည်။ သူနှင့်မျက် နှာ ချင်းဆိုင်တည့်တည့် ၊ မလှမ်းမကမ်းတွင် ရပ်နေသည့် သူတစ်ဦးလဲရှိနေသေးသည်။ နှစ်ဦးသား အကြည့်တို့က ရင်းနှီးစိမ်းလေး စိမ်းနေပြီး အငြိုးတစ်ခုခု အားနှစ်ဘက်လုံးမှမြိုသိပ်ထားဟန်ရှိသည်။ မျက်တောင်မခတ်ဘဲ တယောက်ကတယောက် ဘာလုပ်မည်ကို တိတ်ဆိတ်စွာ ချောင်းနေကြသည်။ သူတို့နှစ်ဦးကိုကြည့် ရသည်မှာတကယ်ကို တိုက်ခိုက်ကြတော့မည့်ပုံ။ သူတို့နှစ်ဦးဆိုသည်ကား ဂိုဏ်းတူ ညီအစ် ကိုများဖြစ်ကြပါလျက်တယောက်နှစ်တယောက် ပညာအပြိုင်လွန်သွားပြီး ဘယ်သူ စီနီယာ၊ ဘယ်သူက မပေါ်သေးတဲ့ဂိုဏ်းချုပ် စတဲ့ မဖြစ် စလောက်ပြသနာ အသေးစားလေးမှ ရန်ငြိုးဖွဲ့ လာကာရ အခုတစ်ကယ်ပင် ချကြတော့မည်။ ဟော နှစ်ဦးသားစွတ်ဆွဲကြသည်က ဘလောက်ဂါ သိုင်းလောကဥရှောင် နေရာကို သူယူမည်ငါယူမည် ဟုသူများမြောက်ပေး ထင်ကြေးပေတာနှင့် အုန်းထမင်းကို ၀က်သားမြစ်ချဉ်နဲ့စား၊ ရွှေရင်အေးသောက်ထားသည့်ပမာ သွေးနားထင်ရောက်ကုန်ကြပြီး [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice