ဘလောက်ဂါဂျာနယ်ရှော်
ဒီတလော ကွန်နက်ရှင် မကောင်းတာနဲ့ ရေးချင်ပြောချင်တာတွေ အားရအောင်ပြော လို့မရ ဘူးဖြစ်နေတယ်။ ပြီးခဲ့ တဲ့ Sunday ကသွားခဲ့တဲ့ ဘလောက်ဂါ တတိယ အကြိမ် အစည်းအဝေး လေးအကြောင်း ပြောချင်ပါတယ်။ နေပူပူ ထဲ ရုံးကအတော်လှမ်းတဲ့ ကော်ဖီဘုရင် ဆိုင်ကို ရောက်ဖို့ အင်တာနက်ဆန်ဆန် ပြောရရင် ပထမဆုံး ၅၁ ဘရောင် စာကို အသုံးပြု ပြီး ပိုက်ဆံ ၅၀ ပေးကာ ဆူးလေ ဆိုပြီး ရိုက်စီးလာခဲ့ပါတယ်။ သွားရမှာက ဗိုလ် အောင်ကျော် လမ်း ပါ။ တိုက်ရိုက် မရောက်တော့ ဆူးလေမှာဆင်း ပြီး လမ်းလျောက် ပရောင်စီ သုံးရပါသေးတယ်။ သူကလဲ နဲနဲကြပ် ပါတယ် ခင်ဗျာ။ ကျွန်တော်တို့က သိပ်ပြီး ပလပ်ဖောင်း မဖြစ်ပါဘူး ၊ တကယ်ပလက်ဖောင်း ဖြစ်တာက လမ်းဘေး ဈေးသည်တွေပါ။ နောက်တော့ ကားလမ်းဆင်းလျောက်ပြီး အာလာဒင်ရှေ့မှာ ရပ်။ ဘယ်ညာ မျက်စောင်းထိုးကြည့် လိုက်တဲ့ အခါမှ ကော်ဖီဘုရင်ကို ဘွားကနဲ တွေ့ရပါ တယ်။ ဟိုရောက်တဲ့ အခါ လူတွေ အတော်စုံနေပါပြီ။ ထုံးစံအတိုင်း စာအုပ် ကိစ္စကို ဆွေး နွေးပါတယ်။ ဆုံးဖြတ် ချက်တွေကို တယောက် တပေါက် အပြောတွေကြားက အတည်ချဖို့ ကြိုးပမ်းတဲ့ ကိုစိုးဇီယ နဲ့ ကိုနေဘုန်းလတ် တို့ ကိုချီးကြူး ပါတယ်။ မမေဓာဝီ၊ မမယ်လိုဒီမောင် တို့ကလည်း ကောင်းမွန်တဲ့ အကြံဥာဏ်လေး တွေဖြည့် စွတ် ဆွေးနွေးရင်း သုံးနာရီလောက်အကြာမှာ အားလုံးပြီး ဆုံးသွားခဲ့ ပါတယ်။ ( အကြယ်တ၀င့် ကို ကိုနေဘုန်းလတ် ဘလောက်တွင်ရှုပါ ) နောက်ကျနေပြီမို့ အားလုံးလဲ သိပြီး ဖြစ်မှာပါ။ ဓါတ်ပုံတွေတင်ချင်ပေမယ့် ကာယကံ ရှင်တွေကို အားနာလို့ မတင်တော့ပါဘူး။ အဖြစ်အပျက် တွေကလဲ မောင်ပွတ်ပြော သလိုပါဘဲ။
ကင်းကောင်လို လူတွေ၊ အချင်ထည့် ခံရသူတွေ ဘာတွေ စုံနေတာပါဘဲ။ တခုရှိတာ ဘလောက်တိုင်း ဂျာနယ်မှာတော့ ဒီလိုကြီးပါလာ တာတော့ မကောင်း ဘူးပေါ့လေ။ တော်ကြာ ကင်းကောင်ကြီး စိတ်ဆိုးပြီး တာဇံ ဖြစ်သွား နိုင်သလို တချို့ ကလဲ သူ့ ကို လျော့တွက်တယ်ထင်သွားအုံးမယ်။ ဘာဘဲ ဖြစ်ဖြစ် ကျွန်တော် ဖတ်ရတဲ့ မျက်နှာ ဖုံး သတင်းလေး အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ကင်းကောင်လို လူတွေ၊ အချင်ထည့် ခံရသူတွေ ဘာတွေ စုံနေတာပါဘဲ။ တခုရှိတာ ဘလောက်တိုင်း ဂျာနယ်မှာတော့ ဒီလိုကြီးပါလာ တာတော့ မကောင်း ဘူးပေါ့လေ။ တော်ကြာ ကင်းကောင်ကြီး စိတ်ဆိုးပြီး တာဇံ ဖြစ်သွား နိုင်သလို တချို့ ကလဲ သူ့ ကို လျော့တွက်တယ်ထင်သွားအုံးမယ်။ ဘာဘဲ ဖြစ်ဖြစ် ကျွန်တော် ဖတ်ရတဲ့ မျက်နှာ ဖုံး သတင်းလေး အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Comments
ကင်းကောင်နဲ့ နဂါး အပြိုင်ကျဲကြပုံလေးများလဲ အများအလိုကျတင်ပြဦးမှပေါ့ မောင်ဘလာဂေါက်ရဲ့ …။
နောက်တပါတ်မိတင်း service + လာရင်ရော မြေနီကုန်းမှတ်တိုင်ဆင်းပြီးရင် လမ်းလျောက် ပရောင်စီသုံးရမှာလား
ငါက မျက်စိလည်လမ်းမှားပြီး hackers တွေရန်ကိုလဲ ကြောက်လို့ ဟ :D