ဒြပ်မဲ့

3 comments:

pandora said...

ကော်မန့် လာရေးပါတယ်။။ ဘာပဲဖြစ်ဖြစ် ရယ်ရတယ်ဟေ့ ဗြဲ.. အဲလေ အလွမ်းကဗျာများဖြစ်နေမလား။။ ချောတီး။

နိုင်းနိုင်းစနေ said...

ကဗျာလေးကို ဖယ်လိုက်တော့ မဒမ်ဂေါက် ထွက်လာတယ်.. အဲတာ မဒမ်ဂေါက်လား မောင်ဂေါက်.. မဟုတ်ရင် ဆောရီးနော်း)

Yan said...

နားလည်မှုတွေရှိနေတဲ့အချစ်မှာ
နေ့နဲ့ည ကွဲပြားမှုဆိုတာ မရှိပါဘူးလေ
ချစ်တတ်တဲ့သူဟာ ကဗျာလေးတွေကို ခံစားနိုင်ပေမယ့်
ကဗျာဖတ်တတ်သူတိုင်း ချစ်တတ်သူတွေ ဖြစ်မလာကြဘူးနော်…
နှလုံးသားရှိသူတိုင်း ကဗျာလေးတွေ မရေးတတ်ကြပေမယ့်
ကဗျာရေးသူတိုင်းရဲ့ရင်ထဲမှာတော့ ခံစားတတ်တဲ့ နှလုံးသားလေးတွေကို ဌာပနာထားကြတယ်.

ကိုယ်ရေးတဲ့ကဗျာလေးတွေကတော့ ကိုယ့်နှလုံးသားထဲက လျှံကျလာတဲ့ မျက်ရည်စက်တွေပါ.

ကိုယ်မင်းကို လက်စားမခြေပါဘူး
ဒါပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတတ်ခဲ့တဲ့ မင်းအတွက်
သိစေအောင်လို့တော့ မာနနည်းနည်းပြခဲ့တယ်
ဒါဟာမင်းကိုမချစ်လို့မဟုတ်ဘူး
မင်းနှိမ့်ချခဲ့တဲ့ ကိုယ့်အချစ်တွေကို ပြန်အရောင်တင်ပေးတာ

ဒြပ်ရှိကိုဒြပ်မဲ့လို့ထင်နေတဲ့ မင်းအတွက်
ဒြပ်မဲ့ကိုဒြပ်ရှိလို့မြင်တတ်အောင် လေ့ကျင့်ပေးခဲ့တာ

ဒါမှအချစ်စစ်ရဲ့တန်ဖိုးကို မင်းနားလည်မယ်
ဒါမှ အချစ်စစ်မှာ နားလည်မှုဘယ်လောက်လိုတယ်ဆိုတာ မင်းသိမယ်.
ဒါမှ နားလည်မှုနဲ့ပြည့်ဝတဲ့ အချစ်စစ်ရဲ့တန်ဖိုးအောက်မှာ မင်းရဲ့နှလုံးသားလေး ပြုံးပျော်ကြည်ရွှင်နိုင်မယ်လေ…

နေ့နဲ့ညဘယ်တော့မှ မရှိတဲ့ အချစ်စစ်နဲ့ထုံမွှမ်းနေမယ့်
ကိုယ့်ရင်ထဲက ယူတိုးပီးယားနယ်မြေသစ်လေးက မင်းကို ကြိုဆိုနေမှာပါ…