လူမွဲတွေကမနှေးခေတ်မှီ

ယနေ့ဖြစ်ပေါ်လျှက်ရှိတဲ့ အခြေအနေ တခုကို ပြောချင်လို့ ဒီပို့ ကိုရေးဖြစ်ခဲ့တာပါ။ ကျွန်တော် ကတော့ ပွင့်ပွင့် လင်းလင်းပြော ရရင်စီးပွားရေး သမားတစ်ယောက်ပါ။ ဘယ်အရာကို မဆို စီးပွားရေးအရ ဘယ်လိုအကျိုး အမြတ် ရ နိုင်မလဲ ဆိုတဲ့ အမြင်တွေနဲ့ကြည့်လေ့ ရှိသူတစ်ဦး ဖြစ်သလို။ အခွင့်အလမ်းတွေဖန် တီးပေးရေး ကိုအမြဲတွေးခေါ် နေတဲ့သူ ဆိုရင်လဲမမှားပါဘူး။ UN ရဲ့ဒီနှစ်ထုတ်ပြန်ချက်တွေ အရ တနေ့ ၀င်ငွေ US$ 2.00အောက် ရရှိနေတဲ့ သူ တွေဟာ လူမွဲတွေပါတဲ့။ ဒီတော့ တစ်လကို မြန်မာကျပ်ငွေ ၅၀၀၀၀ ၀င်ငွေ လခရရှိနေတဲ့ ကျွန်တော်တို့ဟာ လူမွဲတွေလား။

ကျွန်တော် တစ်ယောက်ထဲကို ဦးတည်ပြီး ကျွန်တော် တွက်ပြပါမယ်။ ကျွန်တော် ဟာလခလုပ်စာတစ်လကို ၄၅၀၀၀ နဲ့ ၅၀၀၀၀ ကျပ်ရ ရှိပါတယ်။ တရက်ကိုပျှမ်းမျှ ၁၅၀၀ ကျပ်နဲ့ ၁၇၅၀ ကျပ်လောက်ပေါ့။ လက်ရှိ အမေရိကန် US တစ်ဒေါ်လာကို မြန်မာငွေ ၁၂၅၀ နဲ့ ၁၂၇၅ ကျပ်လောက်ပေါက် ပါတယ်။ တွက်ကြည့်ရင်
တနေ့ ကို ပျှမ်းမျှ တစ်ဒေါ်လာသာသာ လောက်နဲ့ ရပ်တည်နေသူပါ။ ကျွန်တော်ရဲ့ တစ်နေ့တာကုန်ကျ စား ရိတ် က သွားလာ စားစရာလမ်းစရိတ် အားလုံးပေါင်း ၂၀၀၀-၂၅၀၀ လောက်ကုန်ပါတယ်။ တစ်လလုံး ပေါင်း တဲ့အခါ ၆၀၀၀၀ ကနေ ၇၅၀၀၀ ကုန်ကျပါတယ်။ ပြောရရင် ရတဲ့ဝင်ငွေလစာ နဲ့ လုံးဝကို မလောက်ပါဘူး။ ဒီတော့ အပိုကုန်ကျ စားရိတ်တွေကို ဘေးဘက်ကနေ ရရှိအောင်ဖြည့်ရပါတယ်။ အိမ်ကပြန်တောင်း ရတာရှိ သလို တခြားသော ၀င်ငွေရမယ့် လုပ်ငန်းအနည်းငယ်ကို တွဲပြီးရုန်းကန်ရပါတယ်။ နောက်တော့ကျွန်တော့် ၀င်ငွေက တစ်လကို ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားရအောင်လုပ်ရပါတယ်။ ဒါကလဲ အမှန်မရှိပါဘူး။ ကျွန်တော် က အိမ်ထောင်သည် ဖြစ်တော့ အိမ်စားရိတ်ဆိုတဲ့ ကွက်လပ်ကို ဖာထေးဖို့ ကြိုးစားပါတယ်။ အဆင်မပြေပါ ဘူး။ ကိုယ့်တကိုယ်ရည် တောင်တနေ့စာ မနည်းရပ်တည်နေရတဲ့အတွက် လုံးဝကိုဒီကိစ္စ အခုချိန်ထိ မဖြေရှင်း နိုင် သေးပါဘူး။ ကလေးနို့မှုန့်ဖိုးတောင်မရတဲ့သူပါ။ နောက်တကြောင်း ကကျွန်တော်တို့ လို ပြင်ပလုပ်ငန်းတွေမှာ လုပ်ကိုင် နေသူတွေဟာ နောက်ခံ Saving money မရှိနိုင်ပါဘူး။ တနေ့တနေ့ ကုန်ဆုံးလာတဲ့အချိန် တွေထဲ မှာကျွန်တော်တို့ ငယ်ဘ၀ကို ပေးဆပ်အချိန်ကုန်နေရင်း မရေရာသေးတဲ့ အနာဂါတ်ကို တင်းတင်းရင်းရင်း ကျော်ဖြတ်ဖို့ကြိုးစားနေကြရပါတယ်။ ဒါကကျွန်တော့် ဒုက္ခပါ။ ကိုယ့်ထက်ဆိုးတဲ့သူတွေ ရန်ကုန်မှာ အများကြီး ပါ။ ကျွန်တော်တို့ကလူမွဲစာရင်းမှာ ကြာရှည်မနေချင်လို့ ကြိုးစားမယ်ဆို ဖြစ်နိုင်ပေမယ့် အခုချိန်မှာ သက်ကြီး ပိုင်းရောက်လာတဲ့ Company ၀န်ထမ်းတွေ ကတော့ လုံးဝရင်လေးစရာပါဘဲ။ နောက်တစ်ခုက ကလေးလူ ငယ် တွေပါ။ လက်ဖက်ရည်ဆိုင် မှာလုပ်နေတဲ့ ၁၄-၁၅ နှစ်သားတွေ၊ ဒီထက်ငယ်တဲ့ ကလေးအလုပ်သမားလေး တွေရဲ့ အကြောင်းပေါ့။ သူတို့ တွေဟာဒီအရွယ်မှာပညာသင်ကြား နေရမယ့်အချိန် ဖြစ်ပေမယ့် အလုပ်လုပ်နေ ကြတာတွေ့ရပါတယ်။ ရန်ကုန်ကလက်ဖက်ရည်ဆိုင်အများစုမှာ ကလေးအလုပ်သမား အနည်းဆုံး နှစ်ယောက် တော့ရှိပါတယ်။ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် သိန်းချီရှိနေတော့ ကလေးသိန်းနဲ့ ချီပြီး တစ်လကို တစ်သောင်းလောက်ဝင်ငွေနဲ့ အလုပ်လုပ်နေတာတွေ့ ရပါတယ်။ လက်ဖက်ရည်ဆိုင် တွေမှာတင်မဟုတ် ပါဘူး တခြားသော လုပ်ငန်းတွေမှာပါ ကလေးတွေရှိနေပါတယ်။ သူတို့တွေဟာ မိဘတွေရဲ့ မိသားစု အပေါ်လောက် ငအောင်မရှာနိုင်တဲ့ ၀င်ငွေပြသနာကြောင့် မိသားစုဝင်ငွေကိုတဖက်တလမ်းက ရှာဖွေပေးနေသူ ကလေး တွေပါ။ သူတို့ရဲ့ လက်တလော ရည်ရွယ်ချက်အရရော စားဝတ်နေရေး အရပါလက်ခံ သင့်ပေမယ့်။ သူတို့တွေ ဟာမကြာခင် အရွယ်ရောက် လာတော့မယ့် နိုင်ငံ တော်ရဲ့မျိုးဆက်သစ်တွေပါ။ ပညာသင်ချိန်မှာ မသင်ခဲ့ရ လို့ ပညာရည်မပြည့်ဝခဲ့ တဲ့သူတို့ တွေရဲ့ စဉ်းစားတွေးခေါ် နိုင်မှု့၊ ခေါင်းဆောင်နိုင်မှု့ ၊ စတဲ့အရည်အချင်းတွေ ကို ကျွန်တော်တို့ဘယ်လို စိတ်ချခဲ့ နိုင်မှာလဲ။ အခုတလောမှာလဲ ရန်ကုန်မှာ ကလေးသူ ငယ်တောင်း ရမ်းစား သောက်သူဦးရေ မြင့်တက်လာတာ ဘယ်သူမှငြင်းလို့ မရပါဘူး။ ဒါနိုင်ငံတော် အတွက် အမျိုးသားရေး အရ ထိ ခိုက်လာမယ့် ကိစ္စတစ်ခုပါ။ အားလုံးအတွက်နစ်နာပါတယ်။ ဒါလက်တလောအနာတွေထဲက ယောင်ရမ်းနေတာ တစ်ချို့ကို ထုတ်ပြတာပါ။ ဒီအနာကို လက်တလောဘယ်လိုကုစားကြသလဲဆိုတော့။
တနေ့လုပ်မှတနေ့စားရသူတွေရော၊ လခစားတဲ့သူတွေပါ ကိုယ့်အတွက်ကိုယ်ကြည့်လာပါတယ်။ ရှင်းရှင်းပြော ရရင်တကိုယ်ကောင်းဆန် လာကြတယ်ပေါ့။ ဒီနေ့ရသမျှကို ဘယ်သူကိုမှမျှဝေလိုစိတ် မရှိတော့ ပါဘူး။ ဘာလို့လဲဆိုတော့ ကြီးမြင့်လာတဲ့လူနေမှု့ စားရိတ်၊ ကျန်းမာရေး၊ နေထိုင်ရေး၊ တခြားကဏ္ဍတွေအ တွက်ငါနဲ့ ငါသာအားကိုးရာဖြစ်လေတော့ ရသမျှကို သိမ်းကြုံး ယူ၊ တရားတာမတရားတာ တွေမစဉ်း စား နိုင်တော့ဘူး။ စဉ်းစား ဖို့လဲအခြေအနေမရှိပါ ဘူး။ လောကတရားဟာ မပျက်သင့်ဘဲ ပျက်ခဲ့ရတော့ မလှမပ တွေဖြစ်စေတဲ့ ဇာတ်လမ်းတွေပေါ်ပေါက်လာခဲ့ရပါတယ်။ လူငယ်တွေအများစုကလဲ တခြားတိုင်းပြည်ကို ထွက် ဖို့သာအာရုံ ရှိလာပါတယ်။ ဘာလို့လဲဆိုတော့မရောက်ဘူးသေးတဲ့နိုင်ငံခြားတိုင်း ပြည်တွေမှာက ဒီထက် ၀င်ငွေ ကောင်းတာကိုး။ မသိသေးတာက ဟိုမှာလဲ ပညာမတတ်ရင် ပင်ပန်း ကြမ်းတမ်းတဲ့ အလုပ်တွေဘဲ လုပ်ရ မယ်ဆိုတာကိုပါ။ ဒီအခွင့်အရေးကို လက်လွတ်မခံချင်တဲ့ လောဘ သမားတွေက ရေနစ်ရာဝါးကူထိုး ပြီး လူငယ် တွေကို မတန်တဆ အမြတ်ကြီး စားခေါင်းပုံဖြတ် ပြီးလစာနည်း အလုပ်ကြမ်းနိုင်ငံခြား အလုပ်အကိုင် တွေကို သူ့ထက်ငါအလုအရက် မစားရ၀ခမန်းပြောပြီး ပွဲလန့်တုံးဖြာခင်းရင်းစီး ပွားဖြစ်ကြပါတယ်။ ထားလိုက်ပါ ၊ဒီ တော့ စောစောကပြောသလို တစ်ကိုယ်ကောင်းနည်းနဲ့ ကုစားရင်းအကျင့်တွေ ပျက်လာကြတယ် ဆိုပါတော့။
နောက်တစ်ခုကနိုင်ငံတော်ရဲ့ GDP လို့ဆိုတဲ့ တမျိုးသားလုံးဝင်ငွေက တရားဝင် စာရင်း တွေအရ တနှစ်ထက် တနှစ်တိုးလာပြီး တစ်ဦးချင်းဝင်ငွေ တွေမြင့်မားလာတာတွေ့ ရပါတယ်။ တိုးလာတဲ့ စာရင်း သာရှိ ပြီး လူတွေကတော့ ငွေရှားနေတာ၊ ၀ယ်မစားနိုင်တာဘဲ တွေ့ရတာများပါတယ်။ မနှစ်က၀င်ငွေ သိန်းတစ်ရာ ရှိတဲ့သူဟာ ဒီနှစ်လဲ တစ်ရာရအောင်မနဲ ကြိုးစားရပါတယ်။ လျှပ်စစ် အခြေခံစီး ပွားရေးလုပ်သူတွေပိုသိမှာပါ။ မီးပျက်လို့မီးစက်ထဲ ထည့်ရတဲ့ဆီဖိုးတောင် မနည်းရှာနေရတာပါ။ မနှစ်က သိန်းတရာနဲ့ တိုက်ခန်းတစ်ခန်း ၀ယ်နိုင်မယ်ဆိုခဲ့ ရင်တောင် ဒီနှစ်တော့ sorry ပါဘဲ၊ ရှိစေတော့၊ ဘာကိုပြောချင်တာလဲဆိုတော့ ဒီလောက် စီး ပွားရေးတွေတိုးတက် နေ ပေမယ့် အပြင်မှာငွေရှားနေတာ ငွေတွေဟာ မလိုတဲ့သူတွေလက်ထဲရောက် ရောက်
သွားလို့ဆိုတာ ဘောဂဗေဒ သဘောအရကြည့် ရင်ရှင်းရှင်း မြင်ရပါမယ်။ သဘောက ငွေတွေ ပိုနေတဲ့သူတွေ လက်ထဲမှာဒီငွေတွေ ရှိနေပြီး ငွေလိုနေတဲ့သူတွေလက်ထဲမရောက် လို့ပါ။ ဘာကြောင့်လဲဆိုတော့ အရင်းရှိ တဲ့ သူတွေကသာ အကြိုးအမြတ် ကောင်းကောင်း ရတဲ့ဈေးကွက်စီးပွားရေး စနစ်ကိုက အရင်းရှင်တွေကို သာ အသာစီး အမြတ်တွေရရှိစေလို့ပါ။ ဒီစနစ်ကို မကောင်းဘူးလို့ပြောတာမဟုတ်ပါ။ ဒီမှာက နိုင်ငံတကာ Company တွေမရှိတော့ ရင်းနှီးမြှုပ်နှုံ တဲ့အခါ တစ်ကိုယ်တော် တွေပိုင်တဲ့ လက်ဝါးကြီးအုပ် လုပ်ငန်းတွေ ကဘဲ များသလို၊ အများပြည်သူတွေပိုင်တဲ့ လုပ်ငန်းတွေကအမည်ခံဘဲ ရှိပါတယ်။ နောက်တခုက ရရှိလာတဲ့ အမြတ်တွေကို ပြန်လည် ရင်းနှီး မြှုပ်နှံမှု့ မပြုတဲ့အတွက် ငွေတွေအပြင်ပြန်မရောက်တော့သလို အလုပ်အကိုင်တွေ လဲ ရှားလာပါတယ်။ ဒါကို ငွေသားနှစ်ချိုက်မှု့လို့ဆိုပါတယ်။ ဒီလိုသာငွေသားနှစ်ချိုက်မှု့ များလာ လေ လေ စီးပွားရေးမှာ ထုတ်လုပ်မှု့တန်ဘိုးလျော့ကျပြီး ဆုတ်ယုတ်လေလေ ဖြစ်လာပါတယ်။ နောက် ဆုံး ရလဒ်က တော့ တိုင်းပြည်ရဲ့ နိုင်ငံရေးကိုပါ ထိခိုက်မှာဖြစ်ပြီး လူထုကြပ်တည်းမှု့ကို ဦးတည်သွားစေနိုင် တဲ့ Domeno effect တစ်ခုပါ။ စီးပွားရေးနဲ့ နိုင်ငံရေးက တစ်ခုကိုတစ်ခု မှီနေတယ်ဆိုတာသတိပြုရမှာပါ။
ဒါကိုကုစားဖို့က တော့ ဗဟိုဘဏ် ကငွေစက္ကူတွေ ထက်မံထုတ်လုပ်ရပါတယ်။ ဒီတော့ငွေကြေးဖောင်းပွမှု့ တွေဖြစ်ပေါ်စေပါတယ်။ ဒီမှာတော့ ထက်မံထုတ်လုပ်မှုမရှိသေး လို့ထင်တယ် လူတိုင်းငွေ အနွမ်းလေး တွေ ကိုင် နေ ရပြီး အပေါက်ဆိုးတဲ့ဘက်စ်ကား စပယ်ယာ တွေတွေတောင် ပိုက်ဆံအစုတ် အပြဲပေးရင် မညီးမညူ ယူတာ တွေ့နေရပါတယ်။
ဒီအဖြစ်အပျက်ကိုဖြေရှင်းရေးက ဘဏ်စနစ်ကောင်း ကောင်းနဲ့ ခိုင်မာတဲ့ အများပိုင် Company တွေ ပေါ် ပေါက်လာဖို့ပါ။ တော်လောက်ပါပြီ။ နောက်ရက်များမှာ ဆွေးနွေး ပါဦးမယ်။ ရွှေကျောင်းပြောင်ပြောင် ၀မ်း ခေါင် ခေါင် နိုင်ငံ ကလူမွဲ လေးရဲ့ ခေတ်မှီအတွေးလေး တွေကိုဖတ်ပေးကြလို့ ကျေးဇူးပါ။

2 comments:

demO kittO said...

ဒီပို့စ်ကိုဖတ်ပြီ.. ဘာပြောရမှန်းမသိတော့ဘူး.. အမှန်တွေပဲ.. =(

lock25 said...

လူမွဲလို.မပြောနဲ.အကိုရေ၊ လူမွဲတွေလို.ပြော၊ အဲဒါမှ အနော်တို.လဲပါမှာ။