စုပေါင်းငွေရှာဘလောက်ဂါ
ကျွန်တော်ပြောပြချင် တာကတော့ စုပေါင်းငွေရှာ ဘလောက်ဂါဆို တာလေးပါဘဲ။ ကျွန်တော်တို့ နေရာအနှံ အပြားရောက် ရှိနေတဲ့ ဘလောက်ဂါများမှ ရောင်းချလိုသော ပစ္စည်းများနှင့် ဈေးနှုန်းများကို တင်ထားပေးပြီး ရောင်း ချနိုင်အောင် စီစဉ်သွားပါမယ်။
စင်င်္ကာပူမှ ပစ္စည်းတွေကိုရန်ကုန်၊ ရန်ကုန်မှလိုချင်စရာ များကို စင်္ကာပူ၊ မလေးရှား စတဲ့ သုံးနိုင်ငံ ၀ယ်ရောင်း ပြု လုပ်နိုင်မယ့် ပုံစံပြုလုပ်လိုပါတယ်။ web site တစ်ခုတင်ထားပေးပြီး အရောင်းပြခန်း ဖွင့်ပါမယ်။ ရန်ကုန်ဘက် အပိုင်း ကို ကျွန်တော်မှ တာဝန်ယူပေးမှာဖြစ်ပြီး သက်ဆိုင်ရာနေ ရာတွေက တာဝန်ယူပူး ပေါင်းလိုသည့် ကျွန်တော့် ချစ်လှ စွာသော ဘလောက်ဂါများကို ဖိတ်ခေါ်ပါတယ်။ အကြံ ဥာဏ်များနှင့် ဝေဖန်ပြောဆို မှု့များကိုလဲကြိုဆို ပါတယ်။ ဒါမှဘဲ မြန်မာပြည်ရဲ့ပထမဆုံး နိုင်ငံတကာ ၀ယ်ရောင်း siteဖြစ်လာမှာပါ။ အထူးသဖြင့်  ဈေးနှုန်းများ ကို သင့်တင့် သက်သာတဲ့ နှုန်းတွေနဲ့ရောင်းချစေချင် ပါတယ်။
Comments
ပစ္စည်းပို့တဲ့အပိုင်းမှာ DHL, TNT တို့က ဈေးကြီးနိုင်ပါတယ်။ ဒါပေမယ့် သူများနိုင်ငံတွေမှာ လုပ်တဲ့ပုံစံမျိုး တစ်ခု ကျွန်တော် ကြားဖူးတယ်ဗျာ။ ကျွန်တော်တို့ဆီမှာ ရ မရ တော့ ကျွန်တော်မသိဘူး။ ဘာလဲဆိုတော့ ပစ္စည်းပို့ရင် မူလ DHL, TNT လို ကုမ္ပဏီနဲ့ ပို့တာနဲ့ ကြားခံ Agent ဆီမှာ ပို့တာနဲ့ ဈေးကွာတယ်လို့ ပြောပါတယ်။ ဘယ်သူက သက်သာလဲဆိုတော့ Agent က ပိုသက်သာတယ်လို့ ပြောပါတယ်။ သူတို့က ပစ္စည်းပို့ချင်တဲ့သူတွေ အများကြီး ဆီက ပစ္စည်းတွေစုပြီး ပို့တော့ Discount သဘောမျိုးနဲ့ Agent အတွက် ကော်မရှင်ခတွေနဲ့ နှုတ်လိုက်ရင် မူရင်း ကုမ္ပဏီတွေထက် ပိုပြီးသက်သာ သွားတယ်ထင်ပါတယ်။ အတိအကျတော့ မသိပါ။ လေယာဉ်လက်မှတ်တွေ Agent ဆီမှာ သက်သာသလိုမျိုးပဲ ဖြစ်မယ်ထင်ပါတယ်။ နားလည်တဲ့ သူများရှိရင်လည်း ပြောပြပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ TNT မှာ အစ်မ ၀မ်းကွဲတွေ ရှိတော့ မေးပေးပါဆိုရင် သေချာ ပြန်ပြီး မေးကြည့်လိုက်ပါဦးမယ်။ ဒီထက်ပိုကောင်းတဲ့ နည်းလမ်း ရှိပြီးသားဆိုရင်တော့ မမေးတော့ပါဘူး။
အစီအစဉ်အသေးစိတ်လေးများ ပြောနိုင်တဲ့ အချိန်ကျရင်လည်း ပြောပါဦး။
ပါတယ်ဗျာ။ ပူးပေါင်းဆောင်ရွက်ဖို့လဲဖိတ်
ခေါ်ပါတယ်။ အသေးစိတ်ကိုအပြန်အလှန်ပြော
ဆိုကြဖို့ အနေရာမှာဆုံကြပါမယ်။
အတတ်နိုင်ဆုံးအမြန်အကောင်အထည်ဖော်
ကြပါစို့။ တခြားသော စိတ်ဝင်စားမယ့် သူတွေကို
ခဏလေးစောင့်ကြည့်ပါမယ်။ အစ်ကိုပေးတဲ့idea
တွေကောင်းပါတယ်
ကျေးဇူးပါ။
၂ - ငွေဘယ်လိုရှင်းရမလဲ
၃ - ဘယ်လိုအရာမျိုးတွေကို ရောင်းကြ၀ယ်ကြမှာလဲ
၎ - အဲဒီ website တစ်ခုထောင်လိုက်ပြီဆိုရင် အလကားဝန်ဆောင်မှုပေးမှာလား
၅ - ပွဲခယူပြီးဝန်ဆောင်မှုပေးမှာလား
၆ - ebay လိုမျိုး site တစ်ခုလား
ကျွန်တော်စဉ်းစားလို့ရတာလေးတွေပါ။
ကိုဘလာဂေါက်ကြီးရေ... ဒီပွဲမှာ အနော်လည်း ၀င်နွှဲမယ်ဗျာ.
မူပိုင်ခွင့်တွေအတွက် ဘာမှ မပူနဲ့ မပန်ဒိုရာရှိတယ်. သူက ဒါမျိုးမှာ အိတ်စ်ပက်... ဟတ်ဟတ်ဟတ်.
ဆက်ပြီးတော့ ဖြစ်နိုင်ခြေလေးတွေ ဆွေးနွေးကြတာပေါ့ဗျာ...