ဟံသာဝတီ ရွှေနန်းတော်


ဟံသာဝတီ ဆင်ဖြူများ ရှင် နန်းတော်

ဒုတိယမြန်မာ့ လက်နှက် နိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သော ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး (ဘုရင့်နောင် ကျော်ထင်နော်ရထာ) သည် ယင်းထူ ထောင်ခဲ့သော ကျယ်ပြောကြီးမားလှသည့် နိုင်ငံတော်ကြီးနှင့် လိုက်ဖက်မည့် ရာဇဋ္ဌာနီ မင်းနေပြည်တော် ကြီးကို ရ-နိုဝင်ဘာ- ၁၅၆၆ ခုနှစ်နေ့တွင် ဟံသာဝတီတွင် တည်ထောင် ဖန်ဆင်းတော်မူခဲ့ လေသည်။ မြို့တည်ခြင်းလုပ်ငန်းကို နေပြည်တော် အနီးဝင်းကျင်ရွာတို့မှ တစ်အိမ် လျှင်ယောကျာ်း တစ်ဦးကျ ဆင့် ဆိုလျက် ရွေနန်း တည်မည့် နေရာကို မြေဖို့ ကြရသည်။ ၁၆ -နိုဝင်ဘာ -၁၅၆၆ နေ့ တွင် မြေမြို့ရိုးတဖက်လျှင် ၈၅၀ တာ ဖြင့် ပတ်လည်စတုရမ်းတာ (၃၄၀၀၀) ရှိ မဟာရာဇဌာနီ ရွှေမြို့တော်၊ ရွှေမော် ဓောမဟာရံ နှင့် ပိဋကတ်တိုက် (၂) ဌာနကို တစ်ပြိုင်နက် တည်တော်မူသည်။ မြို့တော်ပတ်လည် မြို့တံခါး (၂၀) ထားရှိခဲ့သည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ခဲ့ သမျှ မြို့တော်များတွင် တံခါးပေါက် အများဆုံး ပါရှိသည့် မြို့တော်ကြီးဖြစ်သည်။ သို့ဖြင့် တံခါးပေါက် များ၏ အရေအတွက် သည် မင်း၏ ဘုန်းတန်ခိုးကို ဖော်ပြနေ သည့်သဘောဖြစ် နေပေသည်။ တာဝန်ယူ တည်ဆောက် ကြရသည့် မင်းများကို အက္ခရာစဉ် လျက်အောက်တွင် ဖော်ပြ လိုက်ပါသည်။


ကလေးမင်း( အနောက်ဘက် တောင်ဆုံးတံခါး )
ဇင်းမယ်မင်း( တောင်ဘက် အရှေ့ ဆုံးတံခါး )
ညောင်ရွှေမင်း( အနောက်ဘက် အလည်တံခါး )
တနင်္သာရီမင်း( မြောက်ဘက် ဒုတိယ အနောက်ဆုံးတံခါး )
တောင်ငူမင်း( အရှေ့ဘက် အလယ်တံခါး )
ဒလမင်း( အရှေ့ဘက် ဒုတိယ တောင်ဆုံးတံခါး )
ဒ၀ယ်မင်း( တောင်ဘက် အနောက်ဆုံးတံခါး )
ပုခန်းမင်း(မြောက်ဘက် ဒုတိယ အရှေ့ဆုံးတံခါး )
ပုသိမ်မင်း( မြောက်ဘက် အရှေ့ ဆုံးတံခါး )
ပြည်မင်း( အရှေ့ ဘက်မြောက်ဆုံးတံခါး )
မိုးကောင်းမင်း (တောင်ဘက် ဒုတိယ အနောက်ဆုံးတံခါး)
မိုးညှင်းမင်း( တောင်ဘက် အလယ်တံခါး )
မိုးနှဲမင်း( အနောက်ဘက် ဒုတိယ တောင်ဆုံး တံခါး )
မိုးမိတ်မင်း( တောင်ဘက် ဒုတိယ အရှေ့ဆုံးတံခါး )
မုတ္တမမင်း(မြောက်ဘက် အလယ်တံခါး )
ယိုးဒယားမင်း(မြောက်ဘက် အနောက်ဆုံးတံခါး )
လင်ဇင်းမင်း(အရှေ့ဘက်တောင်ဆုံးတံခါး )
သာယာဝတီမင်း( အနောက်ဘက်ဒုတိယ မြောက်ဆုံးတံခါး )
သိန္ဒီမင်း( အနောက်ဘက် မြောက်ဆုံးတံခါး )
အ၀မင်း( အရှေ့ဘက် ဒုတိယ မြောက်ဆုံးတံခါး )
တို့ ဖြစ်ကြသည်။
ထို တံခါးများသည် ဆင်ဖြူများရှင်မင်းတရားကြီး၏ လက်နက်နိုင်ငံ မည်မျှကျယ်ပြန့် ကြောင်း ပြသသည့် အထောက် အထား ဖြစ်သည်။ ရွှေမြို့တော်ကြီး တည်ဆောက်နေစဉ် မင်းတရားကြီး၏ နိုင်ငံအ ကျယ် အ၀န်း သည် ယနေ့မြန်မာနိုင်ငံတော် အပြင်ထိုင်း နှင့် လောနိုင်ငံတို့ သည် မင်းကြီး၏ လက်အောက်ခံ နိုင်ငံများ ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ လက်အောက် ခံ ပြည်ပမင်းတို့ သည် ဟံသာဝတီနေပြည်တော် ၏တာဝန်ကျ ရာတံခါးများကို လာရောက် တည်ဆောက် ပေးကြရသဖြင့် ယိုးဒယားနှင့် လင်ဇင်း တံခါးတို့ ပါဝင်နေခြင်း ဖြစ် သည်။
မြန်မာ့သမိုင်းတွင် နိုင်ငံတော်ကို အကျယ်ဝန်းဆုံး ချဲ့ ထွင်နိုင်သောမင်းမှာ ဘုရင်နောင် ကျော်ထင် နော်ရထာ ဘွဲ့ ခံ ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီးပင်ဖြစ်ပြီး ထိုမင်းသည် ယင်း၏တပ်မတော်ကြီးကို အရပ်ရှစ် မျက်နှာ သို့ အမြဲ ရွေ့လျားနေစေလျက် ရှိနေအောင်စွမ်းဆောင်နိုင်သဖြင့် အရှေ့တိုင်း၏ အလက်စန္ဒား မင်းဟု ခေါ်ထိုက်ပေသည်။
>(ဒေါက်တာ-တိုးလှရေး ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကျငှန်းနှင့် မြန်မာ့ အချုပ်အခြာ အာဏာတည်ရာ ဗဟိုချက်ကို စူးစမ်းခြင်း စာအုပ်ကို လိုသလို မှီငြမ်း ထားပါသည်။ )

You can leave a response, or trackback from your own site.

One Response to “ဟံသာဝတီ ရွှေနန်းတော်”

  1. Khunmyahlaing says:

    အဲသည့်နန်းတော်ရာကြီးကို ပြန်တူးတုန်းက ကလေးဘ၀ မတော်တဆရောက်သွားဖူးပါတယ်။ နန်းတော်ကို မီးရှို့ခံလိုက်ရလို့ နန်းတော်ကြီးမရှိတော့ပေမယ့် အရင်းပိုင်း မြေကြီးအောက်ကို ရောက်နေတဲ့ နန်းတော်တိုင်လုံးကြီးတချို့ကို ပြန်ဖော်လိုက်တော့ အမြင့်ဆယ်ပေကျော်နဲ့ ယောက်ျားကြီး ၃၊ ၄ယောက်လက်ချင်းချိတ်ဖက်လိုက်သလောက်ကို ကြီးတာပါ။ ဂုဏ်ယူလိုက်တာ…. တို့မြန်မာနန်းတော်မှာ သည်လောက်ချမ်းသာပြီး သည်လောက်ကြီးတဲ့ ကျွန်းတိုင်လုံးကြီးတွေသုံးခဲ့တယ်ဆိုပြီးတော့ပေါ့.. အဲ .. နောက်တော့ အဲဒါကြီးတွေဘယ်ရောက်သွားလဲမသိတော့ဘူး.. ပြန်လည်တူးဖော်ရေးအဖွဲ့သားတွေ နန်းစဉ် လက်ဝတ်လက်စားတချို့ကို တူးတွေ့တယ်ဆိုပေမယ့် ဘယ်ရောက်သွားမှန်းလဲမသိတော့ နှမြောလိုက်တာ ကမ်းကုန်ပဲ..

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice