သူနှင့် ပြောသော စကားများမှာ အူလဒူ ဘာသာဖြင့် ပြောဆို ထားလေရာ စာဖတ်သူ များနားမလည်မည် စိုး သဖြင့် မြန်မာလို ပြန်ဆို ရေးသားထားပါသည်။
ကဲ ပြောပါဦး မင်းရဲ့ ၀တ္ထုရှော် ကြီးအကြောင်းလေး
ဒီလို ရှိတယ် ၊ ကျွန်တော် မဖတ်တတ်တဲ့ အပိုင်းလေး တွေ ကို ဘာသာ ပြန်ပေးလေ။ ကျွန်တော် ကန်ယို့ ကို ငှက်ပြော သီးတစ်ဖီးနဲ့ ဘီအီး နှစ်လုံးပေးမယ်။
ထိုသို့ ပြောလေသော် ၀င်းပသော မျက်နှာထားနှင့် ကောင်းမွန်စွာ သဘောတူလေတော့သည်။
ထိုနေ့ မှစကာ ကျွန်ုပ်လဲ စာပိုဒ်လေးများ အနည်းငယ်စီကူးကာ ကန်ယို အား ဘာသာပြန်ခိုင်းလိုက်၊ ကြီးတော် ပန်ကို ရေခဲမုန့်နှင့် ၀ိုင်အညံ့စား လေးများပေးကာဖတ်ခိုင်းလိုက်နှင့် တစ်လ ကျော် သောအခါ အရင် ကမှ ငွေ မလည် သော ကျွန်ုပ်မှာ စားရိတ်ကြွေး တစ်သိန်း သုံးသောင်း လေးထောင့် ရှစ်ရာ ခြောက်ဆယ့်ခြောက်ကျပ် သုံးဆယ့်နှစ်ပြားတစ်ပဲ တင်သောအခါမှ ၀တ္ထု ကို အဆုံးသတ်ဘာသာပြန် မိလေတော့၏။
ကျွန်ုပ်လဲ အချိန်ယူကာ ဂျပန်သွားကာ နပန်း သတ်မည့် အစီအစဉ်ကို ပယ်ဖျက် ပြီး ဆိတ်ငြိမ်ရာ တောင်ကြီး အေးသာယာ စက်မှု့ဇုံ ကားထုတ်လုပ်ရေး နှင့်မလှမ်းမကန်း ကား ဘော်ဒီထုသော ရုံတွင်သွားရောက် အချိန်ပေး ဖတ်ရှုလေတော့သည်။
ဖတ်လေသောအခါ တက်လော့ ဟုန်း၏ စွန့်စားရဲခြင်း ပေါတောတော နိုင်ခြင်း၊ ၀ယ်ဆင်ပွတ်၏ မြောက်ပေးခြင်း ဟာသဥာဏ်ရိခြင်းများ ကကျွန်ုပ်ကို စိတ်ဝင်စား အောင်စွဲစောင်လေတော့သည်။
ယခုရေးသားမည့် ကြောင်းမှာ ၀ယ်လဆင်ပွတ်နှင့် တက်လော့ဟုံးဆုံ တွေ့ပုံ ဖြစ်ပြီး အကြောင်း အရာများကို ၀ယ် လဆင်ပွတ်က မှတ်တမ်း တင်ထားခြင်းဖြစ်လေတော့ သည်။
လန်ဒုံမြို့ လူကုံတန် အသိုင်း အ၀ိုင်းတွင်ကြီး ပြင်းလာသော ကျွန်ုပ် သည် လောက၏ ဟန်ဆောင်ခြင်းအား ငြီး ငွေ့ လာသည့် အလျောက် စိတ်လက်ပေါ့ပါးသော အလုပ်တစ်ခုအားပြုလုပ်နေထိုင်သွားရန် ဆန္ဒရှိ လေသည်။
ကျွန်ုပ် ဆိုသူကား ၀ယ်လဆင်ပွတ် ဆိုသော ဒေါက်တာ တစ်ဦး ဖြစ်ပြီး မိဘများမှာ ချမ်းသာ သော မြေ ပိုင် ရှင်များဖြစ်သည့် အားလျှော်စွာ ကျွန်ုပ် ကြီးပြင်းသောအခါ အိမ်မှာ မွေးထားသော နွားများ ၊ ဆိတ်များ ၊ ဘဲများ စသည့် အကောင်ဗလောင်များကို အပြင်လူနှင့် ကုလျှင် ငွေကုန်မည်ဆိုးကာ တိမွေးကု ဒေါက်တာ အဖြစ် ပညာ သင်စေလေသည်။ ကျွန်ုပ်ကလဲ ၀ါသနာ မပါသော်လဲ ပညာဟူသမျှ ဂုဏ်ရှိစွ ဟုမှတ်ယူ ကျိုးစား သဖြင့် ဖားချေး ပန်းရောဂါမှစပြီး ခွေးဇတ်ကြောတက်ရောဂါများ အထိ ပိုင်နိုင်စွာ ကုသပေးနိုင်သောကြောင့် လန်ဒုံမြို့ပေါ် ရှိ အိမ်
မွေး ခွေးလှလှ မွေးထားသော အမျိုးသမီးများ အကြား ခွေးဆရာဝန်ကြီး ခွေးဆရာဝန်ကြီး ဆိုကာ အထူးနာ မည် ရလေသည်။ သို့ သော် မပျော်ပိုက်သော ဒီအလုပ်မှ ဘယ်လို ထွက်ခွာရဖွယ် မသိသော သနား စရာ ကျွန်ုပ်မှာ တနေ့တွင် ထို စိတ်ဆင်းရဲမှ ကင်းလွတ်အောင်ဆောင်မပေးမည့် မိတ်ဆွေကြီး တဦးနှင့် တွေ့ ဆုံလေတော့ သည်
မိုးလေးအေးသော ဒီဇင်ဘာညနေ တခုတွင် ကျွန်ုပ် ဆေးခန်းပိတ် ခါနီး ဆေးခန်းထဲ သို့ လူတစ်ယောက် ၀င်လာ လေသည်။ သူ၏ပုံမှာ လွန်စွာ အေးဆေးလှပြီ


Posted in 








အုန်းလက် ဦးထုပ်နဲ့ တက်လော့ဟုမ်းကို မြင်ယောင်လာတယ်။ ခွေးဆရာဝန်ကြီး အဲလေ.. ၀ီလဆင်ပွတ် ရဲ့ပုံစံကိုလည်း သရုပ်ဖော်ပါဦး.. ဟီး .. ကပြား (ဒန့်လုံး) ဟုတ်လား ။ ကိုရန်.. အဲ.. ကန်ယို က လက်စသတ်တော့ အူလဒူ လူမျိုးကိုး.. ဟားဟား…