စာအုပ်ကြီးတော့ဖတ်လေပြီ

နေသာသော တနေ့ တွင် ကျွန်တော် တန်းဖိုးဖြတ်မရ သည့်အင်ဗာတာ အဟောင်းကြီး နှင့် ကုလားမုတ်ဆိတ် ထံမှ ခက်ခက် ခဲခဲ လဲယူထားသော စုံထောက်ကြီး တက်လော့ ဟုန်းဆိုသူ၏ အကြောင်းများ ရေးထား ဟန်ရှိသော စာထုတ် ကြီး အားဖွင့် ဖောက်ဖတ်ရှု ရန် အကြံ ရှိလေသည် နှင့် တယောက်ထဲ အခန်း တံခါး ပိတ်ကာ ပထမဆုံး အထုတ် ဖြေရန် အတွက် လုပ်ရလေ သည်။ ခဲတံချွန်ဓါး တချောင်း၊ ဖုန်သုတ်ရန် အ၀တ်တခု၊ မှတ်စရာများရှိက မှတ်ရန် ဗလာစာအုပ် အစုတ်တအုပ်၊ ရေတဘူး၊ ထွေးခံ၊ ကွမ်းယာ ၂၀၀ ဖိုး၊ အပြင်းပြေနားထောင်ရန် သီချင်း စီဒီ တချို့ စသည့် လိုရမယ်ရပေါက်ကရ ပစ္စည်း တချို့ ကို အခန်းထဲ သွင်းပြီး နောက် စာအုပ် အထုတ်ကြီး အား စတင် ဖောက် လေတော့ သည်။ ဓါးဖြင့် ခပ်ပါးပါးလေး အပေါ်ယံ ကို ဖြတ်ပြီးနောက် အောက်မှာ အ၀တ် အစုတ်ကြီး ထပ် ပတ်ထား လေသည်။ ထို အ၀တ်ကို ဖြေသော အခါ၊ ဆီစိမ် စက္ကူ တထပ်၊ ထိုမှ ဖယောင်း စက္ကူ ၊ ပြီးတော့ အထဲတွင်စက္ကူ ဘူးတစ်ဘူးတွေ့ရလေ ၏။ ဒါနဲ့ စက္ကူ ဘူးကို ဖွင့်သော အခါ ယွန်းတသေတ္တာ အဟောင်း လေးတစ်လုံး၊ ကျွန်ုပ်လဲ အင်မတန် စိတ်ပျက်လာချေ ပြီ၊ တခန်းလုံးလဲ အမှိုက်တွေ နှင့် ပွကုန်ပြီ။ တင်းတင်း နှင့်ထို ယွန်းဘူးကို ဆွဲမလိုက်သော အခါ ပတ္တာ ပျက်နေ သဖြင့် အဖုံးတစ်ခြား အောက်ခံ တစ်ခြား လွင့်သွားလေသော အခါ ကျွန်တော် အလွန် စိတ်ဝင်တစား ဖတ်ရှု ချင်နေ သော တက်လော့ဟုန်း၏ မှတ်တမ်း စာအုပ် လေးသည် ပိပြားကာ သေနေသော ပိုး ဟပ် အသေကောင် နှစ်ကောင် ခြံယံ လျက် ၀ံ့ ကြွား စွာတည်နေလေ တော့သည်။ ကမန်းကတန်း နှင့်ကောက် ယူ ကာ လှန်ဖတ်လိုက် သော ကျွန်တော် မှာ ပထမ စာမျက်နှာမှ စကားလုံး များကို ဖတ်မိလိုက် ချိန် မှာပင် ၀မ်း သာခြင်း ၊၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ အလိုမကျခြင်း၊ အံ့သြခြင်း၊ စိတ်ပျက်ခြင်း ဆိုသည့် အစွန်းရောက် စိတ်များ ပေါ် ထွက်လာ အောင် သူလုပ်လိုက်ခြေပြီ၊ ရေးထားသောစာများမှာကား— —-


the မှတ်တမ်း of တက်လော့home
ရေးသူ by ၀ယ်လဆင်Pooh.

ထိုသို့ရှေးကျသော အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးထား လေသော ထိုမှတ်တမ်းကြီး ကို ဘယ်လို ဘာသာပြန် မည်နည်း။ သို့သော် ကျွန်တော့် ကြီးတော် ပန်ဒိုရာနတ်တစ်ဂိုး-ဂိုးမရှိ ဆိုသူ အင်မတန် language flying တော်သော မူကြိုကျောင်းအုပ် ဆရာမကြီး ရှိလေရာ ကျွန်တော့်မှာ အိုင်ယာလန်ထီပေါက် သကဲ့သို့ ပျော်သွားလေသည်။(မှတ်ချက်- -နှောင်းလူများအနေနှင့် အိုင်ယာလန်ထီကို သိချင်မှသိပေမည်၊ အိုင်ယာလန် ထီ ဆိုသည်မှာ အိုင်ယာလန်တွင် ဖွင်သည့်ထီမို့ အိုင်ယာလန်ထီဟု ခေါ်လေသည်။ မသိရင်မှတ်ကြပါကုန်-စာ ရေးသူ) ပျော်ပါသော်လဲ မှောက်ရက်လဲ ဆိုသလို ဒီစာအုပ် ကျွန်တော့် ထံရှိနေကြောင်း သိလျှင် လိုက်လံ လု ယူ နိုင်သော အဖွဲ့က ရှိနေသည် ထိုသူတို့ကား စနေမမ ဆိုသူဦးစီးသည့် စပိုင်ဂျစ်တူး တို့ဖြစ်သည်။ ထိုမျှမက ရှားပါး သည့်အပြင် အင်မတန် လျှို့ဝှက်ဆန်းကြယ်၊ နက္ခတရောင်ခြည် ၊ သုရဇ္ဖ ဟာ မှားကုန်ပြီ ဒီလိုဆန်း ကြယ် သော အကြောင်းများကို သူ့ထက်ငါ သတင်းယူတတ် သော စိုးဇီယဆို သော လူကြီးက ရှိသေး၏။ အင်မတန် မျိုး ချစ်စိတ်ပြင်းထန်သော မောင် ပွတ်ဆိုသူကလည်း ၀ယ်လဆင်ပွတ်မှာ သူ့ဘိုးအေဖြစ် နေသည်ဟု သံသယ၀င် ကာ အမွေ ပစ္စည်း လို လာလုနိုင် သည်။ သိုင်း ၀တ္ထု များဖတ်ကာ သိုင်းရူး စာပေ ဝေလေလေ စာအုပ်တိုက် တည် ထောင်ထားသော ကိုတာစလက် ဆိုသည့် ထုတ်ဝေသူ ကတော့ ဒီစာအုပ်ကို ပြန်ရောင်းရန် ချိန်းခြောက် စာ နှစ် ပိသာငါးဆယ် နှင့် ရှစ်ကျပ်သားလောက် ပို့ထားနှင့်သည်။ ဒီလိုအကြောင်းများ ဖြစ်လေရာ ဘယ်လိုမှ ကျွန်တော့် အနေနှင့် စာအုပ်ကြီးကို အပြင်ယူလာကာ ကြီးတော်ပန် ထံသွားလို့ မဖြစ် ၊ ကြံရပေဦးမည်။ အိမ်နားတွင် ရေခဲ ချောင်း စုတ်နေသော ဘာညာ ဆို

You can leave a response, or trackback from your own site.

6 Responses to “စာအုပ်ကြီးတော့ဖတ်လေပြီ”

  1. pandora says:

    အောက်မျက်လေး မောင်ဂေါက်ရေ.. ဂျီးဒေါ်ပန်တောင် လက်လန်အောင် shine monkey ပါပေတယ်။ ကြိတ်ထားဟ။

  2. Tesla says:

    နာတော့ မျက်စိထဲ ဟို.. လှေကားရင်းမှာ ရေခဲ ချောင်းစုပ်နေတဲ့ ဘာညာကောင်ကို သွားမြင် တာ. ငါးဆယ်လဲရရော ပြေးတာများ တန်းနေတာပဲ.. အဟတ်

  3. ဂျစ်တူး - gyit_tu says:

    ဟီဟီ ရီရတယ် ။

  4. balargout says:

    ကျေးဂျူးပါ အားလုံးကို

  5. ပုံရိပ် / Pon Yate says:

    ဟိ ဟိ ရယ်ရတယ်။ ဆက်ရေးပါဗျို့။

  6. thurain says:

    ကောင်းတယ်ဗျို့ဆက်ရေး
    အဲ့ဒါမျိုးတွေဖက်ချင်နေတာ

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice