တက်လော့ဟုန်းနှင့်ခွေးဆွဲသောမုတ်ဆိတ်

အချိန်ကား သက္ကရာဇ် နိုင်တီးဂွိုင်တီး ခန့် ။ ဘဲ ပျံမကျစည်ကား လှသော လန်ဒုံ မြို့ ကြီး တွင် အင်မတန် နာမည် တရှဲရှဲ ကျော်ကြားသည့် အလွတ်စုံ ထောက်( အကြော်မပါ )ကြီး တက်လော့ဟုန်း ဆိုသူရှိခဲ့ ဘူးပါသည်။ သူသည် ထိုလန်ဒုံ မြို့ကြီး ထဲတွင် စွန့်စား စုံထောက်ပုံများ နှင့် သူ့ရဲ့ စွန့်စားခန်းများကို စတင်ဖတ်ရှုရ သောအခါ ကြတ်သိမ်းများထသွားနိုင်သည်။ ထို့ကြောင့် မဖတ်ခင် ရှုရူးပေါက် ထားဖို့ လိုမည်။ အခုရေးသားသော အကြောင်း အရာများမှာ သူနှင့် နှစ်ပေါင်းများစွာ လက်တွဲ လာခဲ့သော မိတ်ဆွေကြီး ဒေါက်တာဝယ်လဆင်ပွတ် ဆိုသူ ရေးသား ထားသော အကြောင်းများ ဖြစ်ပြီးကျွန်တော် ထိုရေးသားချက်များ ကို ပြန်လည်တင်ပြ ခြင်းသာ ဖြစ်ပေသည်။ လည်း ကောင်းမှတ်တမ်းကြီး ကျွနုပ်ထံ ရောက်လာပုံမှာ လဲဆန်းကျယ် လှပြီး။ အတော်အချိန်ယူ language flying ခဲ့ ရ လေသည်။
တက်လော့ဟုန်း ဆိုသူမှာ တော်မလိုလိုနဲ့ အင်မတန်ရှော်သည်။ လည်မလိုလိုနဲ့အသူလဲဖြစ်သည်။ ဖြတ်လက် သလောက် လေးကန် သည်။ မလည်ရှုပ်ဆိုရင်လျှင်မှန်သည်။ သို့ သော် သူတွင်ဖြတ်ထိုး ဥာဏ်ရှိ လှသည်။ ဒါ့ ကြောင့် သူလိုက်သော အမှုများမှာ နာမည်ကြီး လှသည်။ မပေါ် ပေါ် အောင် ခေွးကလေး မြေတူးသလို ယက်နိုင် သူလဲဖြစ်သည်။ သတင်းအနံ့ခံ ကောင်းသည်မှာ ဟိုဒင်းနှင့်တူလှပေသည်။
ကဲစာရှုသူလဲဖတ်ချင်လှ ထင်သည်။ ကျွနုပ် ထံမှတ်တမ်း စာအုပ်ကြီး ရောက်လာပုံ ကစရမှဖြစ်မည်။

ပြီးပါပြီ- —

အဲဒီလိုလုပ်ရင်ဝိုင်းဆဲမှာမဟုတ်လား။ ပြောပြပါ့မယ်——


တနေ့သော နွေနေ့ လည်ခင်းတစ်ခု – - -သာသာလှသောပတ်ဝန်းကျင်ကလေးတစ်ခု ကို ဖောက်ခွဲလိုက် သည့် သံစဉ် တစ်ခုကြောင့် ကျွန်တော်လဲ အိမ်ထဲ မှကမူး ရူးထိုးထပြီး ထိုအသံရှင်ကို ဖွေရှာလေ သည်။ ကျွန်တော်လဲ ခြံဝရောက် သောအခါ အသံပျောက်သွားသလို ဘယ်သူမှမတွေ့ရတော့ ၊ ကျွန်တော် အတော်စိတ်ပျက် သွား သည်။ ကျွန်တော် သူ့ ကို မနက်ကတည်းက မျှော်တလင့်လင့် စောင့်နေတာ။ သွားပြန်ပြီပေါ့။ – –ထို အချိန်မှာ ဘဲ ကျွန်တော့်အတွေး မဆုံးခင် မင်္ဂလာရှိလှသော မိတ်ဆွေကြီး၏ ကျွန်တော် မျှော်နေသော အသံကို ပြန်ကြား ရ လေသည်။ ” ဟို ဟာ ၀ယ်ဒရေး- —ဒီဟာဝယ်ဒရေး- – “
ဟေ့မာမူကြီး မြန်မြန် လာဗျာ
ကျွန်တော်ခေါ်တော့သူအမြန်လေးပြေး လာသည်။
ပြောကန်လေး-ဘာဒွေရောင်းမရဲ
ရောင်းမှာပေါ့- ဘာလို့ခုမှလာတာလဲ၊ကျွန်တော်မနက်ကတည်းကစောင့်နေတာ
ငါရာဒယ်–ဒီနေ့ ရွှေတောင်ဂျားထဲ ကဘိုအိမ်တစ်အိမ် ရှာအုပ်တွေရောင်း ရို့နာ ၀ယ်နေဒါ
ကျွန်တော်လဲ ပိုက်ပိုက် ပြတ်နေလို့ အပြင် သွားမလို့လမ်းစားရိတ်လေးရအောင် အင်ဗာတာ အစုတ်ကြီး ရောင်း ချင်တယ် ။
ကျွန်တော်လဲ ပြောပြောဆိုဆိုနှင့် အိမ်ထဲမှ အင်ဗာတာ အဟောင်းကြီးကို သယ်ချလာခဲ့သည်။
ကဲ ဘယလောက်ပေးမှာလဲ
မာမူကြီး ခေါင်းကုတ် သည်။ မတိရူး ကွာ ၊ ငါမမှန်းတတ်ဘူး
ဒါဆို တန်ဘိုးမဖြတ်နိုင်ဘူးပေါ့ ဟုတ်လားမာမူကြီး
မာမူကြီးခေါင်းတဆတ်ဆတ်ငြိမ့်ရင်း သုံးထောင်ယူကွာ
မရဘူးမာမူ လေးထောင်ရမှဖြစ်မယ်၊ ကျွန်တော်ထမင်းလဲဝယ်စားရဦးမှာ
မနိုင်ရူး
ဟာကျွန်တော်လိုက်မသည်ပေးနိုင်ဘူးနော်
မဟုတ်ဝူး၊ နာကျောတာ ဈေးကိုပြောတာ
ဘာဈေးလဲ လှည်းတန်းဈေးလား၊ ကမာရွတ်ဈေးလား
မာမူကြီးစိတ်ပျက်တဲ့အကြည့်တွေနှင့် ကျွန်တော့် ကိုကြည့်ပြီး
ရော့ သုံးထောင့်ငါးရာယူကောင်ကရေး
ကျွန်တော်လဲ ဘာမှမပြောတော့ လှမ်းယူရင်းသူ့ ထမ်းပိုးအောက်က အိတ်ကြီးထဲ မျက်စိရောက်သွား သည်။
ညိုညစ်ညစ် ဖုံအလိမ်းလိမ်းနှင့် အထုတ်ကြီး တစ်ထုတ်၊ ကျွန်တော်လှမ်းဆွဲ ထုတ်သည်။ မာမူကြီးက ပြန်ဆွဲ သည်။ ကျွန်တော် ကရှောင်သည်။ မာမူကြီး လှမ်းဖမ်းရင်း အရှိန်လွန်ကာ ဖင်ထိုင်ရက် လဲလေသည်။ လဲနေ ရာက မထဘဲ သူ့၏ ရှည်လျားေ

You can leave a response, or trackback from your own site.

2 Responses to “တက်လော့ဟုန်းနှင့်ခွေးဆွဲသောမုတ်ဆိတ်”

  1. pandora says:

    ဆက်ရေးဦးမှာ မဟုတ်လား.. စောင့်နေတယ်နော်

  2. Tesla says:

    ဆလောင်းကို တစစီ ခိုးဖြုတ်ထားတာတွေ ၀ယ်တယ်- Performance လုပ်ဘို့ အဆင်မပြေလို့ ပြန်ဖြုတ်လိုက်ရတဲ့ ပုလင်း အဟောင်းတွေ ၀ယ်တယ်- အိမ်မှာ ….. ဘယ်…. လိုမှ…. သုံးစား…. လို့.. မရတော့တဲ့….. ခပ်ဂေါက်ဂေါက်.. လူတွေကိုလည်း…. ၀ယ်တယ်…… ;/

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice