ဘလာဂေါက်နှင့် Mr.Pooh တို့ အားပြုထုတ်ဝေသော မဟုတ်မမှန်သတင်းများနှင့် အတင်းအဖျင်းများပါဝင်သော Blog Times သတင်းစာ အမှတ် ၁ ကို ဖြန့်ချီလိုက်ပြီဖြစ်သည်။ အဆိုပါ သတင်းစာတွင် သူငယ်ချင်းအပေါင်း ပျော်စေရန်၊ ရွှင်မြူးစေရန် ရည်ရွယ်၍သာ အပျော်သဘော ဖေါ်ပြထားခြင်းဖြစ်ပြီး မည်သူ့ကိုမှ နစ်နာစေရန် မရွယ်ရွယ်ကြောင်း ရှင်းပြတောင်းပန်လိုက်ပါသည်။ Personal များ ပါဝင်သွားပါကလည်း မရည်ရွယ်ပါကြောင်း အသိပေးလိုပါသည်။ ယခုသတင်းစာမှာ နမူနာသဘော ထုတ်ဝေလိုက်ခြင်းလည်း ဖြစ်ပြီး နောက်အပတ်များတွင် မည်သည့်သူငယ်ချင်းမဆို သတင်းများ၊ အကြောင်းအရာများ၊ ဓါတ်ပုံများ ပေးပို့နိုင်ပါသည်။ စာမျက်ခွက်ကိုလည်း ယခု ၄ မျက်နှာအစား အားပေးမှုကို မူတည်၍ တိုးချဲ့မည်ဖြစ်ပါသည်။ ယခုအပတ် သတင်းစာကို စာမျက်နှာ အပေါ်ဆုံးတွင် PDF Download ဖြင့် ရယူနိုင်ပါသည်။ အားပေးမှုကို အထူးကျေးဇူးတင်ပါသည်။


ဟံသာဝတီ ဆင်ဖြူများ ရှင် နန်းတော်

ဒုတိယမြန်မာ့ လက်နှက် နိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သော ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး (ဘုရင့်နောင် ကျော်ထင်နော်ရထာ) သည် ယင်းထူ ထောင်ခဲ့သော ကျယ်ပြောကြီးမားလှသည့် နိုင်ငံတော်ကြီးနှင့် လိုက်ဖက်မည့် ရာဇဋ္ဌာနီ မင်းနေပြည်တော် ကြီးကို ရ-နိုဝင်ဘာ- ၁၅၆၆ ခုနှစ်နေ့တွင် ဟံသာဝတီတွင် တည်ထောင် ဖန်ဆင်းတော်မူခဲ့ လေသည်။ မြို့တည်ခြင်းလုပ်ငန်းကို နေပြည်တော် အနီးဝင်းကျင်ရွာတို့မှ တစ်အိမ် လျှင်ယောကျာ်း တစ်ဦးကျ ဆင့် ဆိုလျက် ရွေနန်း တည်မည့် နေရာကို မြေဖို့ ကြရသည်။ ၁၆ -နိုဝင်ဘာ -၁၅၆၆ နေ့ တွင် မြေမြို့ရိုးတဖက်လျှင် ၈၅၀ တာ ဖြင့် ပတ်လည်စတုရမ်းတာ (၃၄၀၀၀) ရှိ မဟာရာဇဌာနီ ရွှေမြို့တော်၊ ရွှေမော် ဓောမဟာရံ နှင့် ပိဋကတ်တိုက် (၂) ဌာနကို တစ်ပြိုင်နက် တည်တော်မူသည်။ မြို့တော်ပတ်လည် မြို့တံခါး (၂၀) ထားရှိခဲ့သည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ခဲ့ သမျှ မြို့တော်များတွင် တံခါးပေါက် အများဆုံး ပါရှိသည့် မြို့တော်ကြီးဖြစ်သည်။ သို့ဖြင့် တံခါးပေါက် များ၏ အရေအတွက် သည် မင်း၏ ဘုန်းတန်ခိုးကို ဖော်ပြနေ သည့်သဘောဖြစ် နေပေသည်။ တာဝန်ယူ တည်ဆောက် ကြရသည့် မင်းများကို အက္ခရာစဉ် လျက်အောက်တွင် ဖော်ပြ လိုက်ပါသည်။

ကလေးမင်း( အနောက်ဘက် တောင်ဆုံးတံခါး )
ဇင်းမယ်မင်း( တောင်ဘက် အရှေ့ ဆုံးတံခါး )
ညောင်ရွှေမင်း( အနောက်ဘက် အလည်တံခါး )
တနင်္သာရီမင်း( မြောက်ဘက် ဒုတိယ အနောက်ဆုံးတံခါး )
တောင်ငူမင်း( အရှေ့ဘက် အလယ်တံခါး )
ဒလမင်း( အရှေ့ဘက် ဒုတိယ တောင်ဆုံးတံခါး )
ဒ၀ယ်မင်း( တောင်ဘက် အနောက်ဆုံးတံခါး )
ပုခန်းမင်း(မြောက်ဘက် ဒုတိယ အရှေ့ဆုံးတံခါး )
ပုသိမ်မင်း( မြောက်ဘက် အရှေ့ ဆုံးတံခါး )
ပြည်မင်း( အရှေ့ ဘက်မြောက်ဆုံးတံခါး )
မိုးကောင်းမင်း (တောင်ဘက် ဒုတိယ အနောက်ဆုံးတံခါး)
မိုးညှင်းမင်း( တောင်ဘက် အလယ်တံခါး )
မိုးနှဲမင်း( အနောက်ဘက် ဒုတိယ တောင်ဆုံး တံခါး )
မိုးမိတ်မင်း( တောင်ဘက် ဒုတိယ အရှေ့ဆုံးတံခါး )
မုတ္တမမင်း(မြောက်ဘက် အလယ်တံခါး )
ယိုးဒယားမင်း(မြောက်ဘက် အနောက်ဆုံးတံခါး )
လင်ဇင်းမင်း(အရှေ့ဘက်တောင်ဆုံးတံခါး )
သာယာဝတီမင်း( အနောက်ဘက်ဒုတိယ မြောက်ဆုံးတံခါး )
သိန္ဒီမင်း( အနောက်ဘက် မြောက်ဆုံးတံခါး )
အ၀မင်း( အရှေ့ဘက် ဒုတိယ မြောက်ဆုံးတံခါး )
တို့ ဖြစ်ကြသည်။
ထို တံခါးများသည် ဆင်ဖြူများရှင်မင်းတရားကြီး၏ လက်နက်နိုင်ငံ မည်မျှကျယ်ပြန့် ကြောင်း ပြသသည့် အထောက် အထား ဖြစ်သည်။ ရွှေမြို့တော်ကြီး တည်ဆောက်နေစဉ် မင်းတရားကြီး၏ နိုင်ငံအ ကျယ် အ၀န်း သည် ယနေ့မြန်မာနိုင်ငံတော် အပြင်ထိုင်း နှင့် လောနိုင်ငံတို့ သည် မင်းကြီး၏ လက်အောက်ခံ နိုင်ငံများ ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ လက်အောက် ခံ ပြည်ပမင်းတို့ သည် ဟံသာဝတီနေပြည်တော် ၏တာဝန်ကျ ရာတံခါးများကို လာရောက် တည်ဆောက် ပေးကြရသဖြင့် ယိုးဒယားနှင့် လင်ဇင်း တံခါးတို့ ပါဝင်နေခြင်း ဖြစ် သည်။
မြန်မာ့သမိုင်းတွင် နိုင်ငံတော်ကို အကျယ်ဝန်းဆုံး ချဲ့ ထွင်နိုင်သောမင်းမှာ ဘုရင်နောင် ကျော်ထင် နော်ရထာ ဘွဲ့ ခံ ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီးပင်ဖြစ်ပြီး ထိုမင်းသည် ယင်း၏တပ်မတော်ကြီးကို အရပ်ရှစ် မျက်နှာ သို့ အမြဲ ရွေ့လျားနေစေလျက် ရှိနေအောင်စွမ်းဆောင်နိုင်သဖြင့် အရှေ့တိုင်း၏ အလက်စန္ဒား မင်းဟု ခေါ်ထိုက်ပေသည်။
(ဒေါက်တာ-တိုးလှရေး ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကျငှန်းနှင့် မြန်မာ့ အချုပ်အခြာ အာဏာတည်ရာ ဗဟိုချက်ကို စူးစမ်းခြင်း စာအုပ်ကို လိုသလို မှီငြမ်း ထားပါသည်။ )
မနက်ဖန်နေသာမယ်လို့မျှော်လင့်တာဘဲ
အဲဒီနေ့က ငါမိုးရေတွေထဲ လျောက်သွားခဲ့တယ်။

မနက်ဖန်အစဉ်ပြေမယ်လို့ မျှော်လင့်တာဘဲ
အဲဒီနေ့က ငါမပြေလည်တာတွေနဲ့ ဝေ ၀ါးခဲ့တယ်။

မနက်ဖန်အနေသာ မယ်လို့ မျှော်လင့်တာဘဲ
အဲဒီနေ့ က ငါ ဝေဒနာတွေနဲ့ ခံစားခဲ့တယ်။

မနက်ဖန်မိုးရွာမယ်လို့ မျှော်လင့်တာဘဲ
အဲဒီနေ့က ငါနေပူပူထဲ လျောက်သွားခဲ့တယ်။

မနက်ဖန်ငါ- - - - -မျှော်လင့်တာဘဲ။ ။ ။

Type the rest of your post here.

Aerides Falcata Lindl စာကလေးဖြူ
အပင်မြင့်- ၂ ပေမှ ၅ပေ
ပန်းပွင့် - ၁ လက်မအရွယ်၊ ပန်းနုရောင် အနီစက်၊ အဖြူရောင်စက်များရှိ
ပန်းခိုင် - အောက်ငိုက်၊ ၁၂ လက်မ မှ ၁၈ လက်မ ရှည်ပြီး၊ ပန်းပွင့်များပြွတ်သိပ်ရှိ
အရွက် - ၆ မှ ၁၂ လက်မရှည်၊ ၁ လက်မကျယ်။
ပန်းပွင့်ချိန် - ဧပြီ၊ မေ
ဒေသ - တနင်္သာရီ
Heinght 2 to 5 feet racemes drooping closely set with flowers 12 to 18 inches long. Leaves 6 to 12 inches long, over an inch broad. Flowers over an inch vertically. Sepals and petals creamy white, crimson tipped midlobe of lip deep rose, white and rose edged, ciliated.
ဒီတလော ကွန်နက်ရှင် မကောင်းတာနဲ့ ရေးချင်ပြောချင်တာတွေ အားရအောင်ပြော လို့မရ ဘူးဖြစ်နေတယ်။ ပြီးခဲ့ တဲ့ Sunday ကသွားခဲ့တဲ့ ဘလောက်ဂါ တတိယ အကြိမ် အစည်းအဝေး လေးအကြောင်း ပြောချင်ပါတယ်။ နေပူပူ ထဲ ရုံးကအတော်လှမ်းတဲ့ ကော်ဖီဘုရင် ဆိုင်ကို ရောက်ဖို့ အင်တာနက်ဆန်ဆန် ပြောရရင် ပထမဆုံး ၅၁ ဘရောင် စာကို အသုံးပြု ပြီး ပိုက်ဆံ ၅၀ ပေးကာ ဆူးလေ ဆိုပြီး ရိုက်စီးလာခဲ့ပါတယ်။ သွားရမှာက ဗိုလ် အောင်ကျော် လမ်း ပါ။ တိုက်ရိုက် မရောက်တော့ ဆူးလေမှာဆင်း ပြီး လမ်းလျောက် ပရောင်စီ သုံးရပါသေးတယ်။ သူကလဲ နဲနဲကြပ် ပါတယ် ခင်ဗျာ။ ကျွန်တော်တို့က သိပ်ပြီး ပလပ်ဖောင်း မဖြစ်ပါဘူး ၊ တကယ်ပလက်ဖောင်း ဖြစ်တာက လမ်းဘေး ဈေးသည်တွေပါ။ နောက်တော့ ကားလမ်းဆင်းလျောက်ပြီး အာလာဒင်ရှေ့မှာ ရပ်။ ဘယ်ညာ မျက်စောင်းထိုးကြည့် လိုက်တဲ့ အခါမှ ကော်ဖီဘုရင်ကို ဘွားကနဲ တွေ့ရပါ တယ်။ ဟိုရောက်တဲ့ အခါ လူတွေ အတော်စုံနေပါပြီ။ ထုံးစံအတိုင်း စာအုပ် ကိစ္စကို ဆွေး နွေးပါတယ်။ ဆုံးဖြတ် ချက်တွေကို တယောက် တပေါက် အပြောတွေကြားက အတည်ချဖို့ ကြိုးပမ်းတဲ့ ကိုစိုးဇီယ နဲ့ ကိုနေဘုန်းလတ် တို့ ကိုချီးကြူး ပါတယ်။ မမေဓာဝီ၊ မမယ်လိုဒီမောင် တို့ကလည်း ကောင်းမွန်တဲ့ အကြံဥာဏ်လေး တွေဖြည့် စွတ် ဆွေးနွေးရင်း သုံးနာရီလောက်အကြာမှာ အားလုံးပြီး ဆုံးသွားခဲ့ ပါတယ်။ ( အကြယ်တ၀င့် ကို ကိုနေဘုန်းလတ် ဘလောက်တွင်ရှုပါ ) နောက်ကျနေပြီမို့ အားလုံးလဲ သိပြီး ဖြစ်မှာပါ။ ဓါတ်ပုံတွေတင်ချင်ပေမယ့် ကာယကံ ရှင်တွေကို အားနာလို့ မတင်တော့ပါဘူး။ အဖြစ်အပျက် တွေကလဲ မောင်ပွတ်ပြော သလိုပါဘဲ။
ကင်းကောင်လို လူတွေ၊ အချင်ထည့် ခံရသူတွေ ဘာတွေ စုံနေတာပါဘဲ။ တခုရှိတာ ဘလောက်တိုင်း ဂျာနယ်မှာတော့ ဒီလိုကြီးပါလာ တာတော့ မကောင်း ဘူးပေါ့လေ။ တော်ကြာ ကင်းကောင်ကြီး စိတ်ဆိုးပြီး တာဇံ ဖြစ်သွား နိုင်သလို တချို့ ကလဲ သူ့ ကို လျော့တွက်တယ်ထင်သွားအုံးမယ်။ ဘာဘဲ ဖြစ်ဖြစ် ကျွန်တော် ဖတ်ရတဲ့ မျက်နှာ ဖုံး သတင်းလေး အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ကျွန်ုပ်သည် မြို့တော်ခန်း မဘေးကို ရောက်သော် အမေရိကန်နိုကန်ယို ဆိုသော အူလဒူ အမျိုးသားကြီး အား ရှာ လေ တော့ သည်။ ပန်းခြံရှေ့ နားတွင်လူအများဝိုင်းအုံ ကြည့်နေ သောနေရာကို မျက်စေ့ ရောက်သွားသည်နှင့် လိုက် လံကြည့် ရှုသော အခါ ကျွန်ုပ်ရှာနေသော ကန်ယို ကို ဆိုက်ဆိုက်မြုက်မြိုက် ကြီးတွေ့ ရလေတော့၏။ သူသည် မျောက်နှစ်ကောင်ကို ကျွမ်းထိုး၊ အက စုံလင်စွာနှင့် အသုံးတော်ခံစေပြီးနောက် လေပုတ်ထုတ် ဆေးများ လိုက် လံရောင်း ချခြင်း ဖြင့်ကျင်လည်နေသူဖြစ်လေသည်။ ကျွန်ုပ်အနားသို့ ကပ်လာသောအခါ ဦးစွာ လေမျိုး ၈၈ ပါး လျက်ဆားဖြင့် ဧည့်ခံပြီး သူ၏ ပွဲအားလက်ဆဖြတ်လိုက်လေသည်။
သူနှင့် ပြောသော စကားများမှာ အူလဒူ ဘာသာဖြင့် ပြောဆို ထားလေရာ စာဖတ်သူ များနားမလည်မည် စိုး သဖြင့် မြန်မာလို ပြန်ဆို ရေးသားထားပါသည်။
ကဲ ပြောပါဦး မင်းရဲ့ ၀တ္ထုရှော် ကြီးအကြောင်းလေး
ဒီလို ရှိတယ် ၊ ကျွန်တော် မဖတ်တတ်တဲ့ အပိုင်းလေး တွေ ကို ဘာသာ ပြန်ပေးလေ။ ကျွန်တော် ကန်ယို့ ကို ငှက်ပြော သီးတစ်ဖီးနဲ့ ဘီအီး နှစ်လုံးပေးမယ်။
ထိုသို့ ပြောလေသော် ၀င်းပသော မျက်နှာထားနှင့် ကောင်းမွန်စွာ သဘောတူလေတော့သည်။
ထိုနေ့ မှစကာ ကျွန်ုပ်လဲ စာပိုဒ်လေးများ အနည်းငယ်စီကူးကာ ကန်ယို အား ဘာသာပြန်ခိုင်းလိုက်၊ ကြီးတော် ပန်ကို ရေခဲမုန့်နှင့် ၀ိုင်အညံ့စား လေးများပေးကာဖတ်ခိုင်းလိုက်နှင့် တစ်လ ကျော် သောအခါ အရင် ကမှ ငွေ မလည် သော ကျွန်ုပ်မှာ စားရိတ်ကြွေး တစ်သိန်း သုံးသောင်း လေးထောင့် ရှစ်ရာ ခြောက်ဆယ့်ခြောက်ကျပ် သုံးဆယ့်နှစ်ပြားတစ်ပဲ တင်သောအခါမှ ၀တ္ထု ကို အဆုံးသတ်ဘာသာပြန် မိလေတော့၏။
ကျွန်ုပ်လဲ အချိန်ယူကာ ဂျပန်သွားကာ နပန်း သတ်မည့် အစီအစဉ်ကို ပယ်ဖျက် ပြီး ဆိတ်ငြိမ်ရာ တောင်ကြီး အေးသာယာ စက်မှု့ဇုံ ကားထုတ်လုပ်ရေး နှင့်မလှမ်းမကန်း ကား ဘော်ဒီထုသော ရုံတွင်သွားရောက် အချိန်ပေး ဖတ်ရှုလေတော့သည်။
ဖတ်လေသောအခါ တက်လော့ ဟုန်း၏ စွန့်စားရဲခြင်း ပေါတောတော နိုင်ခြင်း၊ ၀ယ်ဆင်ပွတ်၏ မြောက်ပေးခြင်း ဟာသဥာဏ်ရိခြင်းများ ကကျွန်ုပ်ကို စိတ်ဝင်စား အောင်စွဲစောင်လေတော့သည်။
ယခုရေးသားမည့် ကြောင်းမှာ ၀ယ်လဆင်ပွတ်နှင့် တက်လော့ဟုံးဆုံ တွေ့ပုံ ဖြစ်ပြီး အကြောင်း အရာများကို ၀ယ် လဆင်ပွတ်က မှတ်တမ်း တင်ထားခြင်းဖြစ်လေတော့ သည်။




လန်ဒုံမြို့ လူကုံတန် အသိုင်း အ၀ိုင်းတွင်ကြီး ပြင်းလာသော ကျွန်ုပ် သည် လောက၏ ဟန်ဆောင်ခြင်းအား ငြီး ငွေ့ လာသည့် အလျောက် စိတ်လက်ပေါ့ပါးသော အလုပ်တစ်ခုအားပြုလုပ်နေထိုင်သွားရန် ဆန္ဒရှိ လေသည်။
ကျွန်ုပ် ဆိုသူကား ၀ယ်လဆင်ပွတ် ဆိုသော ဒေါက်တာ တစ်ဦး ဖြစ်ပြီး မိဘများမှာ ချမ်းသာ သော မြေ ပိုင် ရှင်များဖြစ်သည့် အားလျှော်စွာ ကျွန်ုပ် ကြီးပြင်းသောအခါ အိမ်မှာ မွေးထားသော နွားများ ၊ ဆိတ်များ ၊ ဘဲများ စသည့် အကောင်ဗလောင်များကို အပြင်လူနှင့် ကုလျှင် ငွေကုန်မည်ဆိုးကာ တိမွေးကု ဒေါက်တာ အဖြစ် ပညာ သင်စေလေသည်။ ကျွန်ုပ်ကလဲ ၀ါသနာ မပါသော်လဲ ပညာဟူသမျှ ဂုဏ်ရှိစွ ဟုမှတ်ယူ ကျိုးစား သဖြင့် ဖားချေး ပန်းရောဂါမှစပြီး ခွေးဇတ်ကြောတက်ရောဂါများ အထိ ပိုင်နိုင်စွာ ကုသပေးနိုင်သောကြောင့် လန်ဒုံမြို့ပေါ် ရှိ အိမ်
မွေး ခွေးလှလှ မွေးထားသော အမျိုးသမီးများ အကြား ခွေးဆရာဝန်ကြီး ခွေးဆရာဝန်ကြီး ဆိုကာ အထူးနာ မည် ရလေသည်။ သို့ သော် မပျော်ပိုက်သော ဒီအလုပ်မှ ဘယ်လို ထွက်ခွာရဖွယ် မသိသော သနား စရာ ကျွန်ုပ်မှာ တနေ့တွင် ထို စိတ်ဆင်းရဲမှ ကင်းလွတ်အောင်ဆောင်မပေးမည့် မိတ်ဆွေကြီး တဦးနှင့် တွေ့ ဆုံလေတော့ သည်
မိုးလေးအေးသော ဒီဇင်ဘာညနေ တခုတွင် ကျွန်ုပ် ဆေးခန်းပိတ် ခါနီး ဆေးခန်းထဲ သို့ လူတစ်ယောက် ၀င်လာ လေသည်။ သူ၏ပုံမှာ လွန်စွာ အေးဆေးလှပြီး ခေါင်းတွင်ဆောင်းထားသာ အုန်းလက်ဦးထုတ်ကို ချွတ်ကာ ကွမ်း တတွေးကို ဟန်ပါပါ ဗြစ် ကနဲထွေးပြီး လွန်စွာ ပီသသော မြန်မာ စကားဖြင့်
ဝယ်လဆင်ပွတ်မှတ်တယ်
ဟုတ်ပါတယ်၊ ဒါနဲ့ ကျွန်တော် မြန်မာလိုနားလည်တာ ဘယ်လိုသိလဲ
အော်- - ဒါလား၊ ခင်ဗျားက မြန်မာဒန့် လုံး မှန်း ကျွန်တော်သိထားလို့ ပါ။ (ဒန့်=dance, လုံး > ပြား)
ခင်ဗျား မြန်မာစကားပီသ လှခြေလား။
ဟုတ်တယ် ကျွန်တော် အပေါ်ဖို့ ယူနီဗာစီတီက ဘုန်းကြီးကျောင်းမှာ သင်လာခဲ့တာလေ ၊ ဟတ် ဟတ်
ဆိုပါဦး ဘာကိစ္စများရှိပါသလဲ
မေ့နေလိုက်တာ ၊ ကျွန်တော် ကအလွတ်စုံထောက်ပါ ၊ killer လိုင်စင်ရထားတဲ့ သူဆိုပါတော့၊
အလို ဒါဆို ခင်ဗျား ကလူသတ်လို့ ရတာပေါ့
no no မဟုတ်တာဗျာ။ ကျွန်တော်က မြူနီစပါယ်က ချပေးတဲ့ နွားသတ်လိုင်စင်ရထားတာပါ။ မလုပ်ရဲလို့ ခင်ဗျားမှာ အသိရှိရင် လိုင်စင်ပြန်ရောင်း ဖို့ လာစပ်တာပါ။
ဘာရယ်၊ ကျွန်တော် က ဆရာဝန်ဘဲ ၊ဒါတွေဘယ်သိမှာလဲ
လုပ်ပါဗျာ ကျွန်တော် ဘိုင်ပြတ်နေလို့ ပါ။
ကျွန်တော်လဲ သနားသည်နှင့် ကျွန်တော် ကိုယ်တိုင် ၀ယ်မလားလို့ စဉ်းစားမိသေး၏။ တခုတော့ရှိ သည်။ ရောင်းပေးလို့ တော့ရနိုင်သည် ပွဲခလဲရနိုင်သည်။
ကောင်းပြီလေ။ ခင်ဗျားကူ ညီနိုင်ပါတယ်။ နာမည်လေးတဆိတ်လောက်
ကျွန်တော် အမည်မေးသောအခါ ဟန်ပါပါနှင့် ခါးကို ထောက်လိုက်ပြီး ကွမ်းတံတွေးကို ဗြစ်ကနဲထွေးကာ
ဟုန်း - တက်လော့ဟုန်း ဟုဖြေလိုက်လေတော့ သည်။

်
ကျွန်တော် ဆန္ဒရှိတာ အနည်းငယ်ပြောချင်ပါသည်။ မနက်ဖန် ကိုနေဖုန်းလတ် မွေးနေ့ နှင့် 2 in 1 တပြိုင်တည်း ကျင်းပသော ဘလောက်ဂါ အစည်း အဝေးမှာ ဆွမ်းခံရင်းငှက် သင့်ဆိုသလို မြန်မာဘလောက်ဂါ အစည်း အရုံး(ရန် ကုန်) ကို စပြီး ဖွဲ့ စည်းလိုက်ချင်ပါတယ်။ ယာယီ သဘော ဆိုပါတော့ဗျာ။ အဲ တလလောက် အချိန်ယူ ပြီးသွား ရင်တော့ တကဲ့ အားကောင်းတဲ့ အဖွဲ့ အစည်း ခိုင်ခိုင် မာမာ ပေါ်ထွက်လာ မယ်လို့ မျှော်လင့် ထားပါတယ်။ ကျွန်တော် အခုလိုပြော ရတဲ့ ရည်ရွယ်ချက် ကတော့ ဒေသဆိုင်ရာ အဖွဲ့ ငယ်တွေ ကိုကိုယ့် အား ကိုယ်ကိုး ဖွဲ့ စည်း လိုက် ကြရင် အချိန်တိုတို နဲ့ မြန်မြန် ပြီးလိမ့် မယ်။ ပြီးတဲ့ ခါ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေစု စည်းပြီး နိုင်ငံတကာ မြန်မာ ဘလောက်ဂါ အစည်းအရုံး ကို တက်လှမ်းရလွယ် ကူသွားလိမ့် မယ်။ တခုရှိတာ အခုရန်ကုန် က ဖွဲ့စည်း ပုံကို နမူနာ ယူပြီး တခြားဒေသ ဆိုင်ရာ အဖွဲ့ တွေအတွက် အထောက်အကူပေး လိမ့်မယ် လို့ ထင်ပါတယ်။ စည်းကမ်း၊ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှု့ များဟာ အားလုံး တညီ တညွတ်ထဲ ဖြစ်နေဖို့ တော့ အချိန် အနည်းငယ်ပေးကာ ပြင်ဆင်ကြရင်း အပြုသဘော ဆောင်ကာ အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ လောလော ဆယ်တော့ ဒီလောက်ပဲ ပြောချင်ပါတယ်။ အကြံ ပြု ဆွေးနွေးလို သူများ မနက်ဖန် အစည်း အဝေးမှာ မျက်နှာ ဆုံညီ ကန့် ကွက် ဝေဖန်ပြောဆို အကြံ ပြု နိုင်ပါတယ်။ အောက်မှာတော့ လောလောဆယ်လုပ်မယ့် အစီ အစဉ် တချို့ ကို ရေးသားထား ပါတယ်။ မနက်ဖန်မှာလဲ စာရွက်တွေယူလာခဲ့ ပါမယ်။ အဆင့်တိုင်းကို ဒီမို ကရေ စီနည်းနဲ့ တက်လှမ်းသွား ပါမယ်။ လောလော လတ်လတ်တော့ မြို့ ပြဒီမိုကရေစီ ပေါ့ဗျာ။ အားလုံးမျက်နှာချင်းဆိုင် အားမနာတမ်း ပြောကြစို့။

မြန်မာဘလောက်ဂါ အစည်းအရုံး(ရန်ကုန်)
၁။ မြန်မာဘလောက်ဂါအစည်းအရုံး(ရန်ကုန်) စတင်ဖွဲ့ စည်းခြင်း
၂။ အလုပ်အမှု့ဆောင်အဖွဲ့ (ယာယီ) ဖွဲ့ စည်းခြင်း
၃။ အသင်းဖွဲ့စည်းပုံရေးဆွဲခြင်း
၎။ ရေးဆွဲထားမှု့များထုတ်ပြန်ခြင်း
၅။ ဆန္ဒမဲကောက်ခံပြီး အခြေခံမူနှင့် အသင်းဖွဲ့ စည်းပုံအား အတည်ပြုခြင်း
၆။ အလုပ်အမှု့ဆောင်အဖွဲ့ သစ်ရွေးချယ်တင်မြောက်ခြင်း
၁ နဲ့ ၂ ကို မနက်ဖန်မှာဘဲ အပြီးသတ်လိုက်ချင်ပါတယ်။ ၃ အတွက် အခြေခံ မူအချို့ ကို ဆက်လက်တင်ပြပါမယ်။

၃။ အသင်းဖွဲ့စည်းပုံရေးဆွဲခြင်း
မြန်မာဘလောက်ဂါအစည်းအရုံး(ရန်ကုန်) အသင်းဖွဲ့ စည်းပုံရေးဆွဲရာတွင် အောက်ပါအချက် များကို အဓိက အခြေခံ ကာရေးဆွဲ သင့်ပါသည်။
၁။ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ ဆောင်ပုဒ်နှင့် တံဆိပ်
၂။ ကော်မတီသတ်တမ်း
၃။ ကော်မတီ ၏လုပ်ပိုင်ခွင့်နှင့်ရပိုင်ခွင့်များ
၎။ ဘဏ္ဍာရေး၊ အသင်းဝင်ကြေး၊ ရန်ပုံငွေနှင့် စာရင်းကိုင်
၅။ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ အခြေခံမူများ
၆။ အသင်းစည်းကမ်းချက်၊
၇။ အသင်းဝင်များ၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
နေသာသော တနေ့ တွင် ကျွန်တော် တန်းဖိုးဖြတ်မရ သည့်အင်ဗာတာ အဟောင်းကြီး နှင့် ကုလားမုတ်ဆိတ် ထံမှ ခက်ခက် ခဲခဲ လဲယူထားသော စုံထောက်ကြီး တက်လော့ ဟုန်းဆိုသူ၏ အကြောင်းများ ရေးထား ဟန်ရှိသော စာထုတ် ကြီး အားဖွင့် ဖောက်ဖတ်ရှု ရန် အကြံ ရှိလေသည် နှင့် တယောက်ထဲ အခန်း တံခါး ပိတ်ကာ ပထမဆုံး အထုတ် ဖြေရန် အတွက် လုပ်ရလေ သည်။ ခဲတံချွန်ဓါး တချောင်း၊ ဖုန်သုတ်ရန် အ၀တ်တခု၊ မှတ်စရာများရှိက မှတ်ရန် ဗလာစာအုပ် အစုတ်တအုပ်၊ ရေတဘူး၊ ထွေးခံ၊ ကွမ်းယာ ၂၀၀ ဖိုး၊ အပြင်းပြေနားထောင်ရန် သီချင်း စီဒီ တချို့ စသည့် လိုရမယ်ရပေါက်ကရ ပစ္စည်း တချို့ ကို အခန်းထဲ သွင်းပြီး နောက် စာအုပ် အထုတ်ကြီး အား စတင် ဖောက် လေတော့ သည်။ ဓါးဖြင့် ခပ်ပါးပါးလေး အပေါ်ယံ ကို ဖြတ်ပြီးနောက် အောက်မှာ အ၀တ် အစုတ်ကြီး ထပ် ပတ်ထား လေသည်။ ထို အ၀တ်ကို ဖြေသော အခါ၊ ဆီစိမ် စက္ကူ တထပ်၊ ထိုမှ ဖယောင်း စက္ကူ ၊ ပြီးတော့ အထဲတွင်စက္ကူ ဘူးတစ်ဘူးတွေ့ရလေ ၏။ ဒါနဲ့ စက္ကူ ဘူးကို ဖွင့်သော အခါ ယွန်းတသေတ္တာ အဟောင်း လေးတစ်လုံး၊ ကျွန်ုပ်လဲ အင်မတန် စိတ်ပျက်လာချေ ပြီ၊ တခန်းလုံးလဲ အမှိုက်တွေ နှင့် ပွကုန်ပြီ။ တင်းတင်း နှင့်ထို ယွန်းဘူးကို ဆွဲမလိုက်သော အခါ ပတ္တာ ပျက်နေ သဖြင့် အဖုံးတစ်ခြား အောက်ခံ တစ်ခြား လွင့်သွားလေသော အခါ ကျွန်တော် အလွန် စိတ်ဝင်တစား ဖတ်ရှု ချင်နေ သော တက်လော့ဟုန်း၏ မှတ်တမ်း စာအုပ် လေးသည် ပိပြားကာ သေနေသော ပိုး ဟပ် အသေကောင် နှစ်ကောင် ခြံယံ လျက် ၀ံ့ ကြွား စွာတည်နေလေ တော့သည်။ ကမန်းကတန်း နှင့်ကောက် ယူ ကာ လှန်ဖတ်လိုက် သော ကျွန်တော် မှာ ပထမ စာမျက်နှာမှ စကားလုံး များကို ဖတ်မိလိုက် ချိန် မှာပင် ၀မ်း သာခြင်း ၊၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ အလိုမကျခြင်း၊ အံ့သြခြင်း၊ စိတ်ပျက်ခြင်း ဆိုသည့် အစွန်းရောက် စိတ်များ ပေါ် ထွက်လာ အောင် သူလုပ်လိုက်ခြေပြီ၊ ရေးထားသောစာများမှာကား--- ----

the မှတ်တမ်း of တက်လော့home
ရေးသူ by ၀ယ်လဆင်Pooh.
ထိုသို့ရှေးကျသော အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးထား လေသော ထိုမှတ်တမ်းကြီး ကို ဘယ်လို ဘာသာပြန် မည်နည်း။ သို့သော် ကျွန်တော့် ကြီးတော် ပန်ဒိုရာနတ်တစ်ဂိုး-ဂိုးမရှိ ဆိုသူ အင်မတန် language flying တော်သော မူကြိုကျောင်းအုပ် ဆရာမကြီး ရှိလေရာ ကျွန်တော့်မှာ အိုင်ယာလန်ထီပေါက် သကဲ့သို့ ပျော်သွားလေသည်။(မှတ်ချက်- -နှောင်းလူများအနေနှင့် အိုင်ယာလန်ထီကို သိချင်မှသိပေမည်၊ အိုင်ယာလန် ထီ ဆိုသည်မှာ အိုင်ယာလန်တွင် ဖွင်သည့်ထီမို့ အိုင်ယာလန်ထီဟု ခေါ်လေသည်။ မသိရင်မှတ်ကြပါကုန်-စာ ရေးသူ) ပျော်ပါသော်လဲ မှောက်ရက်လဲ ဆိုသလို ဒီစာအုပ် ကျွန်တော့် ထံရှိနေကြောင်း သိလျှင် လိုက်လံ လု ယူ နိုင်သော အဖွဲ့က ရှိနေသည် ထိုသူတို့ကား စနေမမ ဆိုသူဦးစီးသည့် စပိုင်ဂျစ်တူး တို့ဖြစ်သည်။ ထိုမျှမက ရှားပါး သည့်အပြင် အင်မတန် လျှို့ဝှက်ဆန်းကြယ်၊ နက္ခတရောင်ခြည် ၊ သုရဇ္ဖ ဟာ မှားကုန်ပြီ ဒီလိုဆန်း ကြယ် သော အကြောင်းများကို သူ့ထက်ငါ သတင်းယူတတ် သော စိုးဇီယဆို သော လူကြီးက ရှိသေး၏။ အင်မတန် မျိုး ချစ်စိတ်ပြင်းထန်သော မောင် ပွတ်ဆိုသူကလည်း ၀ယ်လဆင်ပွတ်မှာ သူ့ဘိုးအေဖြစ် နေသည်ဟု သံသယ၀င် ကာ အမွေ ပစ္စည်း လို လာလုနိုင် သည်။ သိုင်း ၀တ္ထု များဖတ်ကာ သိုင်းရူး စာပေ ဝေလေလေ စာအုပ်တိုက် တည် ထောင်ထားသော ကိုတာစလက် ဆိုသည့် ထုတ်ဝေသူ ကတော့ ဒီစာအုပ်ကို ပြန်ရောင်းရန် ချိန်းခြောက် စာ နှစ် ပိသာငါးဆယ် နှင့် ရှစ်ကျပ်သားလောက် ပို့ထားနှင့်သည်။ ဒီလိုအကြောင်းများ ဖြစ်လေရာ ဘယ်လိုမှ ကျွန်တော့် အနေနှင့် စာအုပ်ကြီးကို အပြင်ယူလာကာ ကြီးတော်ပန် ထံသွားလို့ မဖြစ် ၊ ကြံရပေဦးမည်။ အိမ်နားတွင် ရေခဲ ချောင်း စုတ်နေသော ဘာညာ ဆိုသော ကလေး၀၀ လေးအား ပဲကြီးလှော်ဖိုး ငါးဆယ်ပေးကာ ကြီးတော်ပန်ထံ လွှတ် လိုက်လေသည်။ မကြာပါ ပြန်ရောက် လာသော အခါ စာတစ်စောင် ပြန်ပါလာသည်၊ အောက်ပါအတိုင်း ရေးထားလေ၏။
hundred over blood.
ကျွန်တော် သိသည်။ သူရေကျော်သွားနေ သတဲ့၊(မှတ်ချက်- ထိုသို့ရေးသား နည်းများကို လွန်ခဲ့သော နှစ်ပေါင်း များစွာ ကတည်းက ရောထီးလူ မျိုးများ စတင် အသုံး ပြုခဲ့ ပြီး နောက်ပိုင်း အလကားမေဆင် ဂိုဏ်း မှအသင်း ၀င်များ ကလက်ဆင့်ကမ်းသယ်ဆောင် အသုံး ပြု ခဲ့ရာ ယနေ့ ထိ အသုံးဝင်နေဆဲဖြစ်လေသည်။ လေ့ လာလို သူ များအနေနှင့် မြန်မာနိုင်ငံ လံချားလုပ်ငန်းရှင်များ အသင်း၏ စာကြည့်တိုက်ရှိရာ ဆစ်ဒနီသို့ သွားရောက်လေ့
လာဖတ်ရှုနိုင်သလို ကျွန်တော့်ထံ တွင်အနည်းငယ်မျှ မေးမြန်း နိုင်ပါသည်။- -စာရေးသူ)
အပေါ်ကစာ ဖေါ်ပုံမှာ hundred = ရာ over= တစ်ခုထက်ပိုသွား၊ ကျော်သွား blood=သွေး
ရာ ကျော် သွေး = ရေကျော်သွား
ကောင်းပြီ ကိုယ့်ဟာကိုဖတ်မှဖြစ်မည်။ ထိုသို့ လုပ်နေစဉ်အတွင်း မီးပြတ်သွားလေရာ ကျွန်တော်လဲ အခန်းတံခါးပိတ် အပြင်ထွက်ကာ ဒီလို စာများ ဖတ်နိုင်သေးသော အမေရိကန်နိုကန်ယို ဆိုသည့် ချားဒါဝင်၏ ၁၀၀၈ ယောက် မျောက် ဆပ်ကပ်ဆရာ ကြီး နေထိုင်ရာ မြို့တော် ခန်းမဘေးကို ဆိုက်ကား စီးကာ လမ်းလျောက် ထွက်ခဲ့လေတော့ သည်။

ပုံလေးတွေမတင်တာကြာ လို့ တင်လိုက်တာ ၊ ခုမှဘလောက်ထဲဝင်လို့ရတယ်။ ရုံးသွားရင်း လမ်းမှာတွေ့လို့ ရိုက် ထားခဲ့တာ။ ဒါသံလွင်လမ်းရဲ့ ဆွမ်းခံချိန်ပါ။ သံလွင်လမ်း မကြီး ပေါ်မှာတော့ မနက်ဆို အတန်းလိုက် ရှည်လျား စွာ ဆွမ်းခံ ကြွနေတဲ့ ကိုယ်တော် တွေကို နေရောင် နုနု ကြားကေ၇ွှတိဂုံ ဘုရားကြီး ကို နောက်ခံ ထားရင်း မင်္ဂလာ ရှိစွာ မြင်ရလေ့ရှိပါတယ် ။ နောက်ရက်တော့ ထွက်ပြီး ရိုက်လိုက်ပါဦးမယ်။

လွန်ခဲ့တဲ့သံုးနှစ်လောက် ကဖြစ်မယ်။ ဂျုလိုင်လရဲ့ တစ်ခုသောမနက်ခင်းမှာ သူနဲ့ ကျွန်တော် ဆုံဖြစ်ခဲ့တယ်။ သူ့မျက်နှာလေးကို နောက်ဆုံးအကြိမ် တွေ့ လိုက်ခြင်းလဲဖြစ်ခဲ့တယ်။ သူနဲ့ပတ်သက်သမျှ အားလုံး အဆုံး သက်ခဲ့တဲ့ မနက်လဲဖြစ် ခဲ့တယ်သူ့ကို ထားခဲ့တဲ့သံယောဇဉ်တွေ အားလုံးပြစ်ချ ခဲ့ရတဲ့နေ့လဲဖြစ်သလို မေ့လို့ရ
မရတော့ ဒီစာတွေကသက်သေ ခံနေဦးမှာပါလေ။ အဲဒီနေ့ဟာ ကျွန်တော့် ဘ၀ကိုအားလုံးပြင် ဆင်ပေးလိုက် တဲ့နေ့လဲဖြစ်ခဲ့တယ်။ ဒီလောက်အမှတ်ရစကောင်း တဲ့နေ့ကို ကျွန်တော်ဘယ်လိုမေ့လို့ ရခဲ့မှာလဲ။ အဲဒီနေ့မနက် က သူ့ကိုတွေ့ဖို့ မနက်စောစော ထပြီးအိမ်ကထွက်လာခဲ့တယ်။ ကောင်းကင်ကလဲ အုံ့မှိုင်းမှိုင်းနဲ့ ရာသီဥတု ကခပ်အေး အေးလေး ၊ အလင်းနုနေရောင်တောင် တိုးမပေါက်ဘဲပတ်ဝန်းကျင် က အေးစက်စက်နိုင်လှတယ်။ လေနုအေးတွေ ပါးပါး တိုက်နေတဲ့ကြားမှာ ကျွန်တော်တယောက်ထဲ၊ ကားဂိတ်မှာ သူအလာ ကို မျှော်နေမိတယ်။ စိတ်ထဲကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေလိုက်တာ၊ သူလာရင်ပြောဖို့ စကားလုံးတွေ ကိုရင် ထဲမှာတလံုးခြင်း ပြန်စီရင်း ဟိုအတိတ်ကို မြောလွင့်နေမိတယ်။ သူနဲ့ပြန်တွေ့ တာဘာမှမကြာလိုက်ဘဲတစ်နှစ်တောင် ကျော်လာခဲ့ပြီ။ စပြီးပြန်တွေ့တဲ့ နေ့ကလဲ ထူးထူး ဆန်းဆန်း၊ ဟိုအရင်ရှာတုံး ကတော့ဘယ်လိုမှအစ မတွေ့ဘဲ၊ အခုတော့- - - -


နေရာက ယုဇနပလာဇာ ကဖီး အေရိုးမား၊ ကျွန်တော်နဲ့ တူတူထိုင်နေတဲ့ သူငယ်ချင်းကစကားပြောနေရင်းမေးငေါ့ပြတယ် ။ ကျွန်တော်လဲ ကောင်မလေးတွေ လှလှမြင်တိုင်း လိုက်ပြတတ်တဲ့ သူ့
အကြောင်းသိတော့ လှည့်မကြည့်ဘူး။ နောက်တော့မှ ကိုယ့်ကျောကိုယ်မလုံ သလိုခံစား မိ
တာနဲ့ လှည့်အကြည့်။ ကျွန်တော်နဲ့ ကျောချင်းကတ် ထားတဲ့ခုံက သူမရဲ့ လှည့် အကြည့်၊
ဆုံလိုက်တဲ့ မျက်ဝန်းလေးတစ်စုံကြောင့် ရင်ထဲမှာသိမ့်ကနဲ အေးစက်သွားအောင် ခံစား ခဲ့
မိလိုက်တယ်။ သူပါဘဲ သူ့ကိုကျွန်တော်လိုက်ရှာနေတာ သုံးနှစ်ရှိတော့ မယ်။ တွေ့ပြီ။
ကျွန်တော်စကား သွားပြောမယ်လို့ထလိုက်ချိန်၊ စူးရှတဲ့ အကြည့်စူးစူးလေးတစ်ခု ကျွန်တော့်
ရင်ထဲ ထိုးဖောက် ၀င်ရောက်သွား တယ်။ ချက်ခြင်းဘဲ ကျွန်တော်ပြန်ထိုင် နေလိုက်မိတယ်။
သူ့ရဲ့ ဒီလိုအကြည့်တွေကို ရင်ဆိုင်ဖို့ကျွန်တော့်မှာ အားအင်တွေမရှိခဲ့ ဘူး။ တွေ့ရင်
ပြေမယ်လို့ တေးထားတဲ့ စကားတွေ အားလုံး လွင့်စင်ပြောက်ကွယ်သွားခဲ့လောက်အောင် ကျွန်
တော်အယောင်ယောင် အမှားမှားဖြစ်ခဲ့တယ်။ ကျွန်တော် ထထွက် လာခဲ့မိတယ်။ သူငယ်ချင်းရဲ့
အပြစ်တင်မှု့တွေက ကျွန်တာ့် မျက်ဝန်းထဲက သူ့အကြည့်တွေကို ဘယ်လိုမှ ဖုံးလွှမ်းသွား
အောင်မစွမ်းနိုင် ခဲ့ဘူး။ ကျွန်တော် အိမ်အပြန် သူမကို ထပ်တွေ့ခဲ့သေးတယ်။ ညနေအရောက်
မှာ တော့ဘယ်လိုမှ ထိမ်းသိန်းမထားနိုင် တော့တဲ့ကျွန်တော့်မသိစိတ်ကြောင့် သူမကို ဖုံး
ဆက်မိတယ်။သူလာကိုင်တဲ့အချိန် --ဟဲလို-- ဆိုတဲ့အသံလေးကြောင့်နဲ့တင် ကျွန်တော့်ရင်
တွေ ခုန်နေမိတယ်။ ကျွန်တော်ဖြစ်တဲ့ အကြောင်း၊ စကားပြောချင်တဲ့ အကြောင်းနဲ့ မိတ်ဖြစ်ဆွေဖြစ်
စကား တချို့ပြောဖြစ်ခဲ့ပြီး သူ့ကိုကျွန်တော်ချစ်နေဆဲပါ ဆိုတာလေးနဲ့ အဆုံးသတ်ပြောခဲ့တယ်။
ဒီနောက်ပိုင်း သူမနဲ့ ကျွန်တော် တပတ် တခေါက်လောက် သူ့ရုံးကို လိုက်ပို့ရင်း နေလာ ခဲ့တာ
အခုဆို တနှစ်ကျော် လာခဲ့ပြီ။ သူမကိုတွေ့နေရရင် ကို ကျေနပ် ပြုံးပျော် နေတတ် တဲ့ ကျွန်တော်
သူ့ကို စိတ်ပျက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေ ရှောင်နေခဲ့ရင်းပြော ချင်တာ တွေ သိမ်းထား
ခဲ့တာ ဒီနေ့တော့ ကျွန်တော် အားလုံး ဖွင့်ချ တော့မယ်။ ကျွန်တော် လုပ်ငန်း တစ်ခုကအောင်မြင်
မှု့ သတင်းနဲ့ အတူ သူကြားရင် ၀မ်းသာမယ့် ပျော်ရွှင်ခြင်းလက်ဆောင်တွေ တပွေ့ကြီးနဲ့ ပေါ့လေ။
သူနဲ့ကျွန်တော်က ရည်းစားလည်း မ မည်၊ ချစ်သူလဲမမြောက် သံယောဇဉ်ပါးပါး လေးနဲ့ နားလည်
မှု့ယူထားတဲ့ ရန်သူတွေလိုလား၊ ဘာလဲ။ ကျွန်တော် ဒီနေ့တော့ သိချင်လှပြီ။ သူ့အတွက် ကျွန်
တော်ကြိုးစားထားတာတွေ အောင်မြင်တော့မယ်။ သူသိရင်ပျော်မှာပါလေ။
အဝေးက တလှမ်းခြင်း မှန်မှန်လျှောက်လာတဲ့သူမ ကို လှမ်းတွေ့ တော့ ကျွန်တော့် အာရုံတွေ
သူ့အပေါ် ပြန်ရောက်လာခဲ့တယ်။ လက်ဖျားလေးတွေအေးလို့ ရင်လဲခုန်လို့။ သူကျွန်တော့် နားကို
ရောက်လာခဲ့ပြီ။ သူကိုကြည့်တော့ပြန်ပြုံးပြတဲ့ အပြုံးလေးကို သတိထားမိတယ်။ တခုခုကို ပြော
ချင်လို့ အားယူနေရင်းပြုံးတဲ့ အပြုံး၊ မဲ့ပြုံးလေး ဆိုမှန်မယ် ထင်တယ်။ ကျွန်တော်လဲ ဘာမှမပြော
ရသေးဘူး လာတဲ့ကားပေါ် သူအရင်တက်သွားတယ်။ ကျွန်တော်လဲ လိုက်တက် သွားရင်း ကားခ ပေး
တော့ သူကရှင်းလိုက်တာနဲ့ ကျွန်တော် လဲအသာလေးငြိမ်နေလိုက်ပြီး စကားစ လိုက်တယ်။
အေးတယ်နော်- - -
သူကျွန်တော့်ကိုသေသေခြာခြာ ကြည့်ရင်းနောက်ဆုံမှာ လွတ်နေတဲ့ ခုံမှာသွား ထိုင်ရင်း
ဂျပန်ဘာသာ စာအုပ်ကိုသဲကြီးမဲကြီး လှန်နေတယ်။
ဟေ့- နေမကောင်းဘူးလား။ ဘာတွေဖတ်နေတာလဲ အောက်ရောက်မှဖတ်လေ။ တော်ကြာခေါင်းမူးတယ်
မလုပ်နဲ့နော်။
ကျွန်တော့်ကို သူမော့ကြည့်ရင်း သက်ပြင်းတစ်ခု ချလို့ စာအုပ်ကိုငုံ့ဖတ်နေတယ်။
မော်တင် မှတ်တိုင်အရောက်မှာ သူနဲ့ ကျွန်တော် ကားပေါ်က ဆင်းကြပါတယ်။
ဆင်းဆင်းခြင်း မိုးလေးတွေ ဖွဲဖွဲ ကျ နေတာ သတိထား မိတယ်။
လာ - -မိုး ရွာနေပြီ ထီးမပါဘူးလား၊
ကျွန်တော်မေးတော့ သူထီးဖွင့်ဆောင်းလိုက်တယ်။ ကျွန်တော်လဲ သူ့ ထီးအောက်အရိပ်ကို
အ၀င် ကျွန်တော့်ကို ကျွန်တော် မပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော် မလုပ်ခဲ့တဲ့
ဖြစ်ရပ်တစ်ခုနဲ့စတင် ပြီး ကျွန်တော့် ကိုစွဲချက်တင် ရန်တွေ့ပါတယ်။ သူ့စကားလုံးတွေ
အများကြီး ဆွဲထုတ်ပြလို့ မျက်ရည်တွေလဲ ကျလာပါတယ်။ ဒေါသသံနဲ့ သူ့စကားတွေတုန်ယင်
နေတယ်။ သူပြောနေတာတွေကို ကျွန်တော်ကြည့်တော့ အမဲတွေ အညိုတွေခြည်းဘဲ။
ကျွန်တော် မှမဟုတ်တာ ကျွန်တော်ကအဖြူသက်သက်။ ရှင်းပြဖို့ အခွင့်လဲ သူမပေးခဲ့ပါဘူး။
ကျွန်တော် ပြောတာ ဘာမှ လက်ခံမယ့်ပုံလဲ မပေါ်ဘူး။ ကျွန်တော့်ကို သူနဲ့ လုံးဝမပတ်
သတ်တော့ ဖို့ လုံးဝသူ့ရှေ့ ကိုမလာဖို့ ခါးသီးစွာ ပြောလာခဲ့ပါတယ်။
ကျွန်တော် ရှင်းပြခြင်ပါသေးတယ်။ ကျွန်တော် မဟုတ်တာကို အမှန်အတိုင်းပြောပြဖို့ ကျွန်တာ်
အခွင့်အရေးမရှိတော့ပြီလား။ ရင်ထဲမှာနဲနဲ ရှတတ ဖြစ်လာခဲ့တယ်။ သူပြောချင်ရာပြောပြီး ကျွန်
တော့်ကို ထားပြီးသူ ထွက်သွားခဲ့တယ်။ မိုးတွေလဲ သဲလို့။ ကျွန်တော် တယောက်ထဲ တိတ်
တဆိတ် ရပ် နေခဲ့မိတယ်။ ကျွန်တော် မငိုခဲ့မိဘူး။ တခါမှသူ့အပေါ် ဒီလိုစိတ်မထား မိခဲ့ဘူး။
ကျွန်တော့်ရင်ထဲမှာ အရမ်းနာကျင်နေခဲ့ မိတယ်။ ကျွန်တော့်စကားလုံးတွေ။ ပျော်ရွင်မှု့တွေ
အားလုံးသူရိုက်ဖျက်သွားခဲ့ပြီ။ ကျွန်တော့်ရဲ့နူးညံ့သိမ်မွေ့တဲ့ အကြင်နာတရားတွေ
ဒီမိုးရေတွေနဲ့ အားလုံးစီးမြော သွားခဲ့ပြီ။ သူကျွန်တော့် ကိုလုံးဝလှည့် မကြည့်ဘဲထွက်
သွားရက်တယ်။ သူသာတချက်လောက်လှည့်ကြည့် ခဲ့ရင်--- -- --။
ကျွန်တော့်အပေါ်အရမ်းရက်စက်တက်သလို ကျွန်တော့်ကို မယုံတဲ့သူမ နဲ့ ဒုတိယအကြိမ်
ထပ်ဝေးခဲ့ရပြန်ပြီ။ ကျွန်တော် သတိထားမိတာ ကျွန်တော်မငိုခဲ့ဘူး ဒါပေမယ့် ကျွန်တော့်ပါး
ပြင်မှာ မျက်ရည်တွေ စီးကျနေတယ်။ ရှိုက်သံမဲ့စွာ ကျွန်တော် ကြေကွဲခံစားမိတယ်။
အဲဒီနှစ်က ဘယ်နှစ်ကြိမ်မြောက်ရွာတဲ့မိုးလဲ တော့မသိပေမယ့် ကျွန်တော်သူ့အတွက်ကျ
တဲ့မျက်ရည်ဒါ နောက်ဆုံးပါဘဲ။
အားလုံး တိတ်တဆိတ်အဆုံးသတ်သွားခဲ့ပြီ။ အဲဒီနေ့မတိုင်ခင်က ကျွန်တော်ဟာ အခုကျွန်
တော် မဟုတ်တော့တာ သေချာပါတယ်။ ကျွန်တော် သိပ်ချစ်တာသိပါလျက်နဲ့၊ အရှုံးပေးထားပါတယ်
ဆိုတဲ့သူ၊ ကျွန်တော့်ကို အနိုင်ယူရက်သလို ရက်စက်ရက်တယ်။ အိမ်အပြန်ခြေလှမ်းတွေ
လေးလေး လံလံနဲ့ အလွမ်းတွေကို နာကြင်မှုနဲ့ မနိုင်မနင်းသယ်လာပြီး လှမ်းလာခဲ့မိတယ်။
မိုးလေးလဲ စဲခဲ့ပြီ။ မိုးတွေကလဲဖွဲလို့ မျက်ရည်တွေလဲရွှဲလို့--- - -ကျွန်တော့်မှာလေ။ ။ ။

ကိုYIT လို့ရေးထားလို့ကိုYIT လို့ခေါ်ပါမယ်။ အခုလို စီဘောက်မှာ လာအော်ရင်း အားပေးတာ ကျေးဇူးပါ။ ကဗျာတွေ နဲ့ပတ်သက်လို့ကျွန်တော် သိတဲ့သူတွေဆို အမည်ထည့်ရေးမှာပါ။ နောက်တစ်ခုက ဘလောက်ဆို တာ public ကို publish လုပ်တာမို့ တစ်ချိန်မှာ ဒီလို ဖြစ်တတ် တယ်ဆိုတာ သိပြီးသားပါ။ ဒါ့ကြောင့် အရင် ဘလောက်ရေး စကတည်းက ၀င်တိုက်မိခြင်း ဆိုတဲ့ post နဲ့ကြိုတင် ရေးထားပြီးဖြစ်ပါတယ်။ ကိုတက်လဲ ပြန်ဆွဲ ထုတ်ပေးထားပါတယ်။ နောက်တစ်ခုက မသိလို့ ဆိုပြီး ကျွန်တော် ခေါင်း မရှောင်ပါဘူး။ ကျွန်တော့် ဘလောက်မှာ ရေးထား သမျှကျွန်တော်တာဝန် ယူပါတယ်။ ဒီတော့ အခုကဗျာကို ကိုYITရေးတယ် ဆိုရင်လဲ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း လာရောက် ကောမန့်ပေးဖို့ဖိတ်ပါတယ်။ နောက်တစ်ခုကလဲ ယူသုံးမိတဲ့အတွက် လဲကျေးဇူးတင် မှာပါ။ ကိုYIT မရေးဘူးဆိုခဲ့ ရင်လဲ မေးလိပ်စာလေး ပေးရင်ကျွန်တော်ကြို ဆိုပါတယ်။ ကျွန်တော် ဘက်ကတော့ ဒီလောက်ပါဘဲ။ ကျွန်တော့်အပေါ် ဘယ်လို အမြင်နဲ့ ဖြစ်ဖြစ် ပွင့်လင်းစွာ ဝေဖန် နိုင် ပါတယ်။ အမြဲလဲ တခါးဖွင့်ထားပါတယ်။ မည်သူမဆိုပါ။ ကျွန်တော့် ခံယူချက် ယုံကြည် ချက်နဲ့ ဖန်တီးထားတဲ့ ဒီ ဘလောက်က အကြောင်းအရာတွေကိုလဲ မည်သူမဆို လွတ်လပ်စွာ မှီငြမ်း ကူယူဖော် ပြခွင့်လဲ ပေးထား ပါတယ်။ ကျွန်တော့် ပို့အားလုံး Link ကိုဖွင့်ထားတာတွေ့မှာပါ။ ကျွန်တော့် ခံယူချက်က တော့ရှင်းပါတယ်။ မျှဝေခံစား ကြဖို့ပါဘဲ။ ကိုYITအနေနဲ့ ပြောစရာရှိရင်၊ ဝေဖန်စရာရှိရင် ကျွန်တော့်ကို တိုက်ရိုက် ပြောဆို ဝေဖန်လို့ ရပါလျက်နဲ့ မဆိုင်တဲ့ တခြား ဘလောက်တွေကို သွားရောက် အနှောက်အယှက်ပေး မိသလို ဖြစ်ခဲ့ တာတွေကို တော့ သွားရောက် တောင်း ပန်သင့်ပါတယ်။ ရိုးသားတယ်ဘဲထင်ထင် မရိုးသားဘူးဘဲထင်ထင် ကျွန်တော် ကတော့ အခု မသိလို့ မသိတဲ့အကြောင်း ၀န်ခံ ပြီးပါပြီ။ ဒါ့ကြောင့် ပိုင်ရှင် အစစ်က ပြန်ဖြုတ် ပေးဖို့ တောင်းဆိုလာခဲ့ရင် စိတ်မကောင်းစွာဘဲ ပြန်လည်ပြင်ဆင်ပေးပါ့မယ်။ ကိုYIT ကျွန်တော့် ဘလောက် ကိုအစ အဆုံး ဖတ်ကြည့်ပါဦး။ နောက်ထက် ဒီလိုကဗျာ တွေရှိပါသေးတယ် ဝေဖန်ပါဦး။ ကိုYIT က ဘလောက်ဂါတစ် ယောက်ဖြစ်ခြင်လဲ ဖြစ်မှာပါ။ ကျွန်တော့်ထက် အဆပေါင်းများစွာ တော်တဲ့ တက်တဲ့ သူလဲဖြစ်မှာပါ။ ကျွန်တော် ကဘာမှ မရင့်ကျက်သေးသူ ဖြစ်လို့ဒီလို တုန့်ပြန်တာ စိတ်မဆိုးပါနဲ့။ ကျွန်တော်နဲ့ သိတဲ့ဘလောက်ဂါတွေ အားလုံး ကျွန်တော်အပြင်မှာ မမြင်ဘူးပေမယ့် အားလုံးမောင်နှမလို ခင်ကြပါတယ်။ သူတို့လဲဒီလိုစိတ်တော့ ရှိကြမှာပါ။ တစ်ခုတော့ရှိတယ် ဘယ်အရာမှာမဆို ဝေဖန်တဲ့ စကားလုံးနဲ့ တိုက်ခိုက်တဲ့ စကားလုံးဆိုပြီး နှစ်လုံး ရှိပါတယ်။ ဒီတော့ ဘယ်လို သဘောနဲ့ဘဲ ဖြစ်ဖြစ် ကိုYIT အနေနဲ့ ဘလောက်ဂါတွေ သတိထားဆိုတဲ့ စကား လုံးကိုပြန်ရုပ် သိမ်းပေးဖို့တောင်းဆိုပါတယ်။ ဘလောက်ဂါတွေဘာကို သတိထားရမှာလဲ။ ပို့တင်နေရင်းမီးပျက် မှာကိုလား၊ ကွန်နက်ရှင် မကောင်းမှာကိုလား။ ရှင်းရှင်း ပြောစေချင်ပါတယ်။ ကလေးတယောက်မုန့်လုစားခံ ရလို့ အော်သလို လျှောက်အော်နေတာ ကျွန်တော်နဲ့ ရည်းစားလုဖက်ဖြစ်ခဲ့လို့လား။
ဒီတော့ ကိုYIT ဘယ်သူလဲ ရိုးသားစွာပြန်ပြောသင့် ပါတယ်။ အမှန်တရားဆိုတာကို လက်ခံခဲ့ရင် စည်း ဆိုတဲ့ စကားလုံးကို နားလည်ရင် ဘာဆက်လုပ်ရမည်ဆိုတာ ကျွန်တော်တို့နှစ်ယောက်ဘဲ အသိဆုံးနေမှာပါ။
ကျွန်တော်က တော့ ဆက်လျှောက်နေမှာ။
အောက်မှာ အရင်ကပို့အဟောင်းလေး ဖေါ်ပြထားပါတယ်။ ဖတ်ကြည့်ပါဦး။
ငယ်ငယ်တုန်းကပါ၊အဲ အခုလဲသိပ်တော့မကြီးသေးပါဘူး
ကဗျာလေးတွေဆိုသိပ်နှစ်သက်ခဲ့ပါတယ်။ကိုယ်တိုင်ရေး
သလို၊ကြိုက်လို့ကူးထားတာတွေလဲရှိပါတယ်၊အချစ်နဲ့ပတ်
သက်လို့တော့ကဗျာဆန်ချင်ခဲ့တာဘဲ။တကယ့်လက်တွေ့မှာ
အကြမ်းအရမ်းစွန့်စားခန်းတွေနဲ့adventureဆန်သွားတာပါ
နောက်ဆုံးတော့မင်းသားနိုင်တဲ့ရုပ်ရှင်မဟုတ်ခဲ့ဘဲဖြစ်ရပ်မှန်
သမိုင်းဇတ်လမ်းထဲကလိုအကျအဆုံးများစွာနဲ့အောင်မြင်စွာ
ဆုတ်ခွာခဲ့တဲ့အလက်ဇန်းဒါးလိုလိုဘာလိုလိုနဲ့မုန်ဝါးဝါးအဆုံး
ပိတ်ခဲ့ရတယ်။ရာဇ၀င်မဟုတ်၊ပုံပြင်မဟုတ်တဲ့ဘ၀လက်တွေ့
မှာတချို့အရာတွေကမှတ်မှတ်ထင်ထင်ကျန်ရစ်နေတတ်တာ
သဘာဝဘဲလေ။စောစောကပြောတဲ့ကဗျာတွေထဲကတချို့ကို
မှတ်မိနေသေးတယ်၊အိမ်ထောင်ကျပြီးနောက်မှာအရင်ကသို
သိပ်ထားတဲ့မှတ်စုတွေလဲလောကဓမ္မအတိုင်းပြန်ကျဲသွားခဲ့
ပြီးဖြစ်လေတော့တချိန်ကမှတ်မှတ်သားသားဝင်တိုက်မိခဲ့တဲ့
ကဗျာတချို့ ကိုရေးချင်ခဲ့တယ်။မူရင်းပိုင်ရှင်တွေဖတ်မိရင်လဲ
မှတ်ဥာဏ်မကောင်းတဲ့ကျွန်တော့ကိုလက်တို့လိုက်ပါ။သင်
တို့ရေးခဲ့တဲ့စကားလုံးတွေကကျွန်တော့်အတွက်တသက်တာ
အမှတ်ရနေတာမို့သင့်အနေနဲ့လဲခံစားခဲ့ရကျိုးနပ်ပြီးကျေနပ်
နေသလိုဝင်တိုက်မိတာချင်းလဲထပ်တူဖြစ်နေတာတွေ့မှာပါ
မြန်မာ့သစ်ခွ ဆိုတဲ့ အကြောင်းလေး တွေဖေါ်ပြ သွားချင်ပါတယ်။ အခုရေးမယ့် အကြောင်းအရာတွေ ကိုမြန်မာ့ စိုက်ပျိုးရေး ကထုတ်တဲ့ မြန်မာ့သစ်ခွ စာအုပ်ထဲ ကထုတ်နှုတ် ဖေါ်ပြ သွားမှာပါ။ ကျွန်တော် နဲ့ဝါသနာတူ သစ်ခွ စိုက်တဲ့ သူတွေကို မျှတဲ့သဘောပါ။ ကမ္ဘာ အနှံ့ဘယ်ကဖြစ်ဖြစ် သစ်ခွ အကြောင်းလေး တွေကို သိရင် ဘယ်လို စိုက်ပျိုး ထိမ်းသိမ်း ရမယ်ဆိုတာတွေပါ တင်ပြ သွားပါမယ်။

Aerides(ကြက်တူရွေးအုပ်စု)
Arundina (၀ါးသစ်ခွ)
Ascocentrum (သန္တာလေး)
Bulbophyllum (သဇင်)
Calanthe (သဇင်ကြီး)
Cirrhopetalum (ယပ်တောင်ပန်း)
Coelogyne (ဖယောင်းတိုင်ပန်း)
Cymbidium (သစ်တက်လင်းနေ)

Dendrobium (လက်တန်ရှည်သစ်ခွ)
Grammatophyllum (ကျားဗဟုန်းအုပ်စု)
Paphiopedilum (ခုန်ဖိနပ်သစ်ခွ)
Phalius (စေတီသစ်ခွ)
Phaleanopsis (လိပ်ပြာသစ်ခွ)
Renanthera (ပင်လယ်နီသစ်ခွ)
Rhynchostylis (ကြောင်မြီးတူသစ်ခွ)
ဆိုပြီးမြန်မာန
ိုင်ငံ အနှံ့အပြား သဘာဝအလျောက် ပေါက် တဲ့ မြန်မာ့မျိုးရင်း သစ်ခွတွေပါ။ ပထမဆုံး ကြက်တုရွေးအုပ်စုကို တင်ပြပါမယ်။
AERIDES
Aerides crassifolium par & rchb.f. (စာကလေးနီ)
အပင်အမြင့်-အပင်ပုမျိုး
ပန်းပွင့်-ခရမ်းရောင်၊မွှေးသောအနံ့ရှိ၊ပန်းပွင့်တစ်လက်မအရွယ်
ပန်းခိုင်-(၁၂)လက်မ အရှည်ရှိ၊ အခိုင်အောက်ငိုက်
ပန်းပွင့်ချိန်-ဧပြီ၊ မေ
ဒေသ-မော်လမြိုင်၊ တနင်္သာရီ
Habit dwarf. Flower amethyst purple, fragrant, over an inch in vertical diameter.Spikes often 12 inches long, drooping. Leaves 6 to 9 inches long. Sometimes 2 inches broad coriaceous.
life is what?
who told to me?
how is going on?
what about you?
why don't you?
what up!
I don't care!
I'll do everything I can.
တနေ့ ကရုံးမှ လုပ်ဖော် ကိုင်ဖက် အစ်မတစ်ယောက် ရဲ့ပြောစကား တစ်ခုကို သတိရမိတယ်။ သူပြောသွား သည်မှာ ကြက်တူရွေး တစ်ကောင်ကို demand နဲ့ supply ဆိုတဲ့ နှစ်လုံးဘဲ သင်ပေးလိုက်၊ ဒါဆို ဘောဂဗေ ဒပ ညာရှင် ဖြစ်သွား ပြီတဲ့။ ဟုတ်ပါတယ် ကျွန်တော် အပါအ၀င် ဘာမှလည်လည် ပတ်ပတ်မသိ တဲ့သူတွေက စီး ပွားရေးမှာ ဟိုဟာ ကောင်းတယ်၊ ဒီလိုလုပ်ပါလား၊ ဟုတ်မှာပါလေ၊ ငါပြောသားဘဲ အစရှိတဲ့ တတ်ယောင် ကား အမြင်တွေကို လုပ်ပိုင် ခွင့်တွေသုံးပြီး စီမံကြည့်တဲ့ အခါ မဖြစ်ညစ်ကြယ် တွေဖြစ်ပြီး အမြင်တခြား ရလဒ်တစ်ခြား ဘရုတ်သုတ်ခ စီးပွားရေး ပေါ်လစီ လေးတွေဖြစ်လာခဲ့ တော့တာပေါ့။ ကဲအခုဘဲ ကြည့် သီအိုရီ အသစ် parrot economic တဲ့
ကြက်တူရွေးဘောဂဗေဒပေါ့- ဟာ ဟ။

ကဲကျွန်တော့်ရဲ့ ကြက်တူရွေး အမြင်လေး ဆက်ပါဦးမယ်။ ၀ယ်လိုအားနဲ့ ရောင်းလိုအား တစ်ဘက်ဘက်ကလိုအပ် လို့ ဘဲဖြစ်ဖြစ်၊ ပိုနေလိုဘဲ ဖြစ်ဖြစ် ဒီရလဒ် ဟာတူညီမှု့ ရှိတယ်လို့ ယုံလား။ ကျွန်တော်ရှင်းပြ ချင်ပါတယ်။ သင်္ချာ နည်း အရကြည့်ရင် တစ်ဘက်က လိုနေတာ တဖက်ကပို နေလို့ ဆိုတဲ့ အဖြေထွက် လာနိုင်ပါတယ်။ ဒါယုတ္တိ ဗေ ဒသဘော ပါ။ နောက်တစ်ခုရှိတာ ပိုနေလိုနေတဲ့ ဘက်ဟာ အပေါင်း ဘက်ကလား အနှုတ် ဘက်ကလား။ ဒီမှာ တင် အဖြေကရှင်းပါတယ် ဘယ်လိုမှ ရလဒ်တွေ တူညီဖို့ ဆိုတာ မဖြစ်နိုင်တော့ ပါဘူး။ ကျွန်တော်တို့ နိုင်ငံ ရဲ့ စီး ပွားရေးကို ပြန်ကြည့် တဲ့အခါ ကုန်ဈေးနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း ဆက်တိုက် တိုးလာနေပါလျက် ၀ယ်လို အားကျမသွား တာကိုကြည့်ရင် လူတစ်ဦးချင်း ၀င်ငွေတိုးလာတယ်လို့ ယေဘူယ ကောက်ချက်ဆွဲ နိုင်ပါ လိမ့်မယ်။ ဒါပေမယ့် ကြာကြာမခံ ခဲ့ပါဘူး။ ဘာလို့ လဲဆိုတော့ တစ်ဦးခြင်း စုဆောင်းငွေ ပမာဏ ဟာတက်မလာ ခဲ့ဘဲ ဒီအတိုင်းတန့် နေပြီး ၀ယ်လိုအားအများစုရဲ့ ဈေးကွက်ဟာ တစ်ကယ့်လက်တွေ့မှာ အသေးအဖွဲ ပြန့်ကျဲ နေလို့ပါ။ ရှင်းရှင်း ပြောရင်တစ်ဦးခြင်း ၀ယ်လိုအားဟာ အခြေခံ စားသောက်ကုန်တွေပေါ်မှာ သာမှီနေပြီး အဲဒီ ဈေးကွက် ကဘဲ တကယ့်ဝယ်လိုအားကို ခန့် မှန်းနိုင်မယ့် အချက်ဖြစ်နေလို့ ဘဲ။ အစကနေစပြောပါမယ်။ ပထမ ဆုံး FDI လို့ ခေါ်တဲ့ ပြည်ပတိုက်ရိုက် ရင်းနှီးမှု့ ပမာဏ ဟာတိုးတက် လာခဲ့ပြီး ပြည်တွင်းလုပ်ငန်းကြီး တွေဟာလဲ တိုးတက်တဲ့ အမြတ်အစွန်းတွေရရှိပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဟာ အတက်ဘက်မှာ ဘဲရှိနေပါတယ်။ ဒါ့ကြောင့်စာရင်းဇယားတွေအရ GDP ဟာလဲ တက်လာခဲ့ရပါတယ်။ ဈေးကွက်ဝေစုအများစု ရရှိထားတဲ့ လုပ်ငန်း ကြီးတွေဟာ အစိုးရတစ်ပိုင်း အဖြစ်ရှိနေပြီး တစ်ချို့ သောလုပ်ငန်းတွေဟာလဲ တစ်ဦးတီး ပိုင်လုပ် ငန်း ကြီးတွေဖြစ်နေတဲ့ အတွက် ရရှိလာတဲ့ အကြိုးအမြတ်တွေ ဟာအောက် ခြေ၀ယ်လိုအား ကောင်းရာလူတန်း စား တွေထံ မရောက်တဲ့ အဓိက ပြသနာဖြစ်ပါတယ်။ အမြတ်အစွန်းတွေအားကောင်း စေတဲ့ စီးပွားရေး ပါ် လစီ ကောင်းကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်ကြီးတွေ သာသာထိုးထိုး အမြတ်များစွာရရှိ စေခဲ့ပြီး။ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေလဲ အထိုက်အလျောက် တိုးလာပြန်ပါတယ်။ ဒါပေမယ့် ထိုလုပ်အားပြု လူတန်း စားကတော့ သိသာတဲ့ လုပ်ခလစာ တိုးတက်လာခဲ့ခြင်းကြီးကြီး မားမား မဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီလို အကျိုး အမြတ်တွေရလာတဲ့ လူတန်းစားတွေရဲ့ ၀ယ်လိုအားကြီး ထွားလာမှုဟာ အခြေခံ ၀ယ်လိုအားအင်အားစု အပေါ် သက်ရောက်လာခဲ့ တဲ့လှိုင်းကတော့ ပြင်းထန်ပါတယ်။ ဆိုလိုတာ ငွေတွေများနေတဲ့ လုပ်ငန်းရှင်ဟာ လုပ်ငန်း သစ်တွေချဲ့ ထွင်ရာမှာ သုံးတဲ့ ငွေပမာဏနဲ့ တခြား သောဇိမ်ခံပစ္စည်း တွေအပေါ် သုံးတဲ့ပမာဏ ဟာအချိုးမကျ စွာရှိနေပါတယ်။ နိုင်ငံခြားတိုင်းပြည် မှာအမှန်တကယ်ပေါက်တဲ့ ဈေးထက် သုံးဆနီးပါးတန်တဲ့ နောက်ဆုံး ပေါ် ကားတွေဝယ်စီး နိုင်သူဦးရေက တနေ့တခြား တိုးပွားလာတာ လက်တွေ့ မြင်နိုင်ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှု့ က အိမ်ခြံမြေဈေးကွက်ပါ၊ နောက်တော့ ရွှေ၊ ဒီလိုပစ္စည်း တွေအပေါ် ၀ယ်လိုအားကောင်း လာတဲ့ အခါ ကားဈေး ကွက်၊ အိမ်ဈေးကွက် ၊ ရွှေဈေး ကွက်တွေဟာ အလုအယက် ၀ယ်လိုသူတွေကြား ကမောက် ကမ နဲ့ တက်ခါတကခါ သွားပါတော့တယ်။ သူ့ ရဲ့ side effect ကတော့ ၀ယ်လိုအားရှိတိုင်းတက် တဲ့ ဘောဂဗေဒ သ ဘောအရ အခြေခံ စားကုန်တွေလိုက်တက်လာပါတယ်။ သူကလဲရှင်းပါတယ်။ ကားဈေးတက်တော့ တာယာ ဈေးတက်တယ်၊ တာယာဈေးတက်တော့ အဝေးကနေလာတဲ့ အခြေခံ စားကုန်တွေဖြစ်တဲ့ အရာတွေမှာ သယ် ယူပို့ဆောင်စားရိတ်အဖြစ် လိုက်တက်တယ်။ ဒါပါးပါးလေးပြောတာနော်။ တကယ့် ၀ိုင်းကြီးပတ်ပတ် ဘဲ။ ဒီနှစ် အတွင်းမှာ ဓါတ်ငွေ့တွေရောင်းရတဲ့ အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးမှာ အစိုးရပါဝင်မှု့ ဟာ အားလုံးရဲ့ ၅၂ % ရှိ တယ်လို့ ဂျာနယ်တစ်စောင်မှာဖတ်လိုက်ရပါတယ်။ စီးပွားရေးမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ကိုရှိရင်းစွဲ ထက် တိုး ဖို့ လိုမှာဖြစ်ပြီး ဒီလိုတိုးတဲ့ နေရာမှာ လုပ်ငန်းသေးများ ကိုလဲ နေရာပေးဖို့ လိုပါတယ်။ နောက် တစ်ခုက ခုဏ က ပြောတဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ဆောဒက တက်စရာအကြောင်း က ဘဏ် စနစ် အားနည်းလို့ ရတဲ့ ငွေ တွေအခုလို ၀ယ်နေရတာပါလို့ လေ။ အခုလိုဝယ်နေမယ့် အစားတခြားသော ရင်းနှီး မြှုပ်နှံ မှု တွေသာ ဆက် လုပ် ရင် သူလဲ အကျိုးအမြတ်တွေထက်ရဦး မှာဖြစ်သလို အလုပ်အကိုင် သစ်တွေဖန်တီးရာရောက် ပါတယ်။ ဒီတော့ ဗဟိုဘဏ် ကအတိုးနှုန်းလျော့ ချခြင်းဖြင့်၎င်း၊ မော်တော် ကားလိုဇိမ်ခံ ပစ္စည်း တွေကို လွတ်လပ်စွာ တင်သွင်း ခွင့် ပေးခြင်းဖြင့်၎င်း ဒီကိစ္စ ကို အနည်းငယ်ကိုင်တွယ်နိုင် လိမ့်မယ်ထင်ပါတယ်။ နိုင်ငံတော်က ပုဂ္ဂလိက ကဏ္ဍ ကိုနှစ်စဉ် တိုးပေးနေတာ တွေ့နိုင်ပါတယ်။ အဓိကကတော့ ကုန်သွယ်ရေး မှာ လုပ်ငန်းရှင်တိုင်း တရားဝင် တန်းတူ လုပ် ပိုင် ခွင့် အခွင့်အရေး ရစေရပါမယ်။ ဒါမှသာတကယ့် ၀ယ်လိုသူတွေထံ အလွယ်တကူဝင်ငွေ စီးဆင်း စေနိုင်မယ့် အခွင့်အရေးတွေ ရဖို့ မျှော်လင့်ပါတယ်။
ဒါဆို အခုဖြစ်နေတဲ့ ၀ယ်လိုအားကို သင်တကယ် ယုံ သေးလား။
အချိန်ကား သက္ကရာဇ် နိုင်တီးဂွိုင်တီး ခန့် ။ ဘဲ ပျံမကျစည်ကား လှသော လန်ဒုံ မြို့ ကြီး တွင် အင်မတန် နာမည် တရှဲရှဲ ကျော်ကြားသည့် အလွတ်စုံ ထောက်( အကြော်မပါ )ကြီး တက်လော့ဟုန်း ဆိုသူရှိခဲ့ ဘူးပါသည်။ သူသည် ထိုလန်ဒုံ မြို့ကြီး ထဲတွင် စွန့်စား စုံထောက်ပုံများ နှင့် သူ့ရဲ့ စွန့်စားခန်းများကို စတင်ဖတ်ရှုရ သောအခါ ကြတ်သိမ်းများထသွားနိုင်သည်။ ထို့ကြောင့် မဖတ်ခင် ရှုရူးပေါက် ထားဖို့ လိုမည်။ အခုရေးသားသော အကြောင်း အရာများမှာ သူနှင့် နှစ်ပေါင်းများစွာ လက်တွဲ လာခဲ့သော မိတ်ဆွေကြီး ဒေါက်တာဝယ်လဆင်ပွတ် ဆိုသူ ရေးသား ထားသော အကြောင်းများ ဖြစ်ပြီးကျွန်တော် ထိုရေးသားချက်များ ကို ပြန်လည်တင်ပြ ခြင်းသာ ဖြစ်ပေသည်။ လည်း ကောင်းမှတ်တမ်းကြီး ကျွနုပ်ထံ ရောက်လာပုံမှာ လဲဆန်းကျယ် လှပြီး။ အတော်အချိန်ယူ language flying ခဲ့ ရ လေသည်။
တက်လော့ဟုန်း ဆိုသူမှာ တော်မလိုလိုနဲ့ အင်မတန်ရှော်သည်။ လည်မလိုလိုနဲ့အသူလဲဖြစ်သည်။ ဖြတ်လက် သလောက် လေးကန် သည်။ မလည်ရှုပ်ဆိုရင်လျှင်မှန်သည်။ သို့ သော် သူတွင်ဖြတ်ထိုး ဥာဏ်ရှိ လှသည်။ ဒါ့ ကြောင့် သူလိုက်သော အမှုများမှာ နာမည်ကြီး လှသည်။ မပေါ် ပေါ် အောင် ခေွးကလေး မြေတူးသလို ယက်နိုင် သူလဲဖြစ်သည်။ သတင်းအနံ့ခံ ကောင်းသည်မှာ ဟိုဒင်းနှင့်တူလှပေသည်။
ကဲစာရှုသူလဲဖတ်ချင်လှ ထင်သည်။ ကျွနုပ် ထံမှတ်တမ်း စာအုပ်ကြီး ရောက်လာပုံ ကစရမှဖြစ်မည်။

ပြီးပါပြီ- ---

အဲဒီလိုလုပ်ရင်ဝိုင်းဆဲမှာမဟုတ်လား။ ပြောပြပါ့မယ်------

တနေ့သော နွေနေ့ လည်ခင်းတစ်ခု - - -သာသာလှသောပတ်ဝန်းကျင်ကလေးတစ်ခု ကို ဖောက်ခွဲလိုက် သည့် သံစဉ် တစ်ခုကြောင့် ကျွန်တော်လဲ အိမ်ထဲ မှကမူး ရူးထိုးထပြီး ထိုအသံရှင်ကို ဖွေရှာလေ သည်။ ကျွန်တော်လဲ ခြံဝရောက် သောအခါ အသံပျောက်သွားသလို ဘယ်သူမှမတွေ့ရတော့ ၊ ကျွန်တော် အတော်စိတ်ပျက် သွား သည်။ ကျွန်တော် သူ့ ကို မနက်ကတည်းက မျှော်တလင့်လင့် စောင့်နေတာ။ သွားပြန်ပြီပေါ့။ - --ထို အချိန်မှာ ဘဲ ကျွန်တော့်အတွေး မဆုံးခင် မင်္ဂလာရှိလှသော မိတ်ဆွေကြီး၏ ကျွန်တော် မျှော်နေသော အသံကို ပြန်ကြား ရ လေသည်။ " ဟို ဟာ ၀ယ်ဒရေး- ---ဒီဟာဝယ်ဒရေး- - "
ဟေ့မာမူကြီး မြန်မြန် လာဗျာ
ကျွန်တော်ခေါ်တော့သူအမြန်လေးပြေး လာသည်။
ပြောကန်လေး-ဘာဒွေရောင်းမရဲ
ရောင်းမှာပေါ့- ဘာလို့ခုမှလာတာလဲ၊ကျွန်တော်မနက်ကတည်းကစောင့်နေတာ
ငါရာဒယ်--ဒီနေ့ ရွှေတောင်ဂျားထဲ ကဘိုအိမ်တစ်အိမ် ရှာအုပ်တွေရောင်း ရို့နာ ၀ယ်နေဒါ
ကျွန်တော်လဲ ပိုက်ပိုက် ပြတ်နေလို့ အပြင် သွားမလို့လမ်းစားရိတ်လေးရအောင် အင်ဗာတာ အစုတ်ကြီး ရောင်း ချင်တယ် ။
ကျွန်တော်လဲ ပြောပြောဆိုဆိုနှင့် အိမ်ထဲမှ အင်ဗာတာ အဟောင်းကြီးကို သယ်ချလာခဲ့သည်။
ကဲ ဘယလောက်ပေးမှာလဲ
မာမူကြီး ခေါင်းကုတ် သည်။ မတိရူး ကွာ ၊ ငါမမှန်းတတ်ဘူး
ဒါဆို တန်ဘိုးမဖြတ်နိုင်ဘူးပေါ့ ဟုတ်လားမာမူကြီး
မာမူကြီးခေါင်းတဆတ်ဆတ်ငြိမ့်ရင်း သုံးထောင်ယူကွာ
မရဘူးမာမူ လေးထောင်ရမှဖြစ်မယ်၊ ကျွန်တော်ထမင်းလဲဝယ်စားရဦးမှာ
မနိုင်ရူး
ဟာကျွန်တော်လိုက်မသည်ပေးနိုင်ဘူးနော်
မဟုတ်ဝူး၊ နာကျောတာ ဈေးကိုပြောတာ
ဘာဈေးလဲ လှည်းတန်းဈေးလား၊ ကမာရွတ်ဈေးလား
မာမူကြီးစိတ်ပျက်တဲ့အကြည့်တွေနှင့် ကျွန်တော့် ကိုကြည့်ပြီး
ရော့ သုံးထောင့်ငါးရာယူကောင်ကရေး
ကျွန်တော်လဲ ဘာမှမပြောတော့ လှမ်းယူရင်းသူ့ ထမ်းပိုးအောက်က အိတ်ကြီးထဲ မျက်စိရောက်သွား သည်။
ညိုညစ်ညစ် ဖုံအလိမ်းလိမ်းနှင့် အထုတ်ကြီး တစ်ထုတ်၊ ကျွန်တော်လှမ်းဆွဲ ထုတ်သည်။ မာမူကြီးက ပြန်ဆွဲ သည်။ ကျွန်တော် ကရှောင်သည်။ မာမူကြီး လှမ်းဖမ်းရင်း အရှိန်လွန်ကာ ဖင်ထိုင်ရက် လဲလေသည်။ လဲနေ ရာက မထဘဲ သူ့၏ ရှည်လျား သော မုတ်ဆိတ်ကြီးကို လက်နှင့် ပွတ် ရင်း
ဒီရှာအုပ်ကြီး ငါ့ကို အတော် ဒုက္ခပေးဒယ်။
ဘာလို့ တုန်း
မနက်က သူပါနေလို့ အလေးချိန် ပို စီးလို့ ငါဈေး ပိုပေးလိုက်ရသေးတယ်
ဟာထည့် မချိန်နဲ့ပေါ့
ငါလဲဒီလို လုပ်မလို့ ဘဲ ဟိုအင်္ဂရိပ်ကြီးက အတင်းထည့်ချိန်လို့ ယူလာရတာ
ဒါဆိုကျွန်တော့် ကိုပေး
ဘာလို့ပေးရမှာလဲ
ပေးပါဗျာ မှန်းစမ်း ဘာတွေရေးထားလဲ ကျွန်တော်ကြည့်မယ်
ကျွန်တော်လဲ ဖုန်များကိုပွတ်ကာစာအုပ် ကြီးကို ဖတ်ကြည့် သောအခါ စာအုပ်မဟုတ်ဘဲ အထုတ်ကြီး တစ်ထုတ် သာဖြစ်ကြောင်းတွေ့ ရပြီး အထုတ်ကြီး ပေါ်တွင် စုံထောက်ကြီး တက်လော့ဟုန်း ဟု အင်္ဂလိပ်မြန်မာ နှစ်ဘာသာရေးထာ လေ၏။ စုံထောက်ဝတ္ထုများ နှစ်သက်လှ သောကျွန်တော် အခါမှမကြား ဘူးသော ဒီအမည် အပေါ် အလွန်အမင်း စီတ်ဝင်စားသွားလေပြီ။ ဒါကြောင့်
မရဘူး ယူမယ် ဟုဆိုကာအတင်းပွေ့ထားလိုက်သည်
မာမူကြီးကပြန်တောင်း၏။ မပေး။ ဒီတခါတောင်းရင်မာမူလဲ ကျွန်တာ့် အင်ဗာတာကို ငါးရာ မလျှော့ တော့ဘူး
ဒီတခါပြောတော့ မှမာမူကြီးလဲ သူကိုယ်တိုင် တန်ဖိုး မဖြတ်နိုင်တဲ့ အင်ဗာတာ အစုတ်ကြီး ကို လက်လွတ်မခံ လို သဖြင့် သူ့ တံ ပိုးကို အထုတ်ကြီး တွင်ချိတ်ကာ ပြန်သွားလေတော့ သည်။
ဟိုဟာဝယ်ဒရေး ---ဒီဟာဝယ်ဒရေး
သူ့သံစဉ် သူညည်းရင်း တရွေ့ရွေ့ ထွက်သွားသော မာမူကြီး ကို ကျွန်တော်လှမ်းကြည့်နေရင်း ပြုံးမိလိုက်သည်။
သူ့ စာအုပ်ကြီး ကျွန်တော်ရပြီ။ ဒီတပတ်တော့ စာအုပ်ငှားခသက်သာလဲ မနဲ။
ထို စဉ် မာမူကြီးအားတဖက် ခြံမှ ခေွးက လိုက်ဆွဲလေသည်။
မုတ်ဆိတ်ဟုခေါ်သော မာမူကြီးကို ခွေးဆွဲချိန်ရလိုက် သော စာအုပ်ဖြစ်သဖြင့်အခုပို့ ကို
စုံထောက်ကြီးတက်လော့ဟုန်းနှင့်ခွေးဆွဲသောမုတ်ဆိတ်
ဟုအမည်ပေးလိုက်လေတော့သည်။
ဟတ်ဟတ်ဟတ်


အများကတောင်းဆိုပါသဖြင့် ကျွန်တော်မောင်ဂေါက် စီပုံးလေး ဖွင့်လှစ်ပေးထား ပါပြီ။ ချစ်လှစွာ သော မောင်ဂေါက် ရဲ့ ဘလောက်ညီအကို မောင်နှမတွေ စိတ်ရှိသလို ၀င်ရောက်ရေးသားဝေဖန်ပေး ကြပါ။ အရင်တုန်းက မတင်တာရုံးက လူတွေကိုလန်ကလို့ပါ။ အခုလဲ ဒီစာရေးနေတုန်း ဘာညာက ဦးအောင် ၀င်ရေးနေ ပါသည်။ အနိစ္စ forever nothing ဆိုတော့ ပြောချင်ရာပြောမင်းသဘော လို့အမည်ပေးထားပါတယ်။

ဆင်းရဲမွဲတေ မှု့တိုက်ဖျတ်ရေး လို့ကျယ်လောင်စွာ ဟစ်ကြွေးနေပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီး ဟာဒီဒုက္ခ က လွတ်မြောက်ဖို့ ထင်သလောက်ခရီး မပေါက်တာတွေ့ရပါတယ်။ ချမ်းသာတဲ့ နိုင်ငံကြီး တွေက အာဖရိက ကိုကယ် တင်ဖို့အာရုံစိုက် နေချိန်မှာ အန္ဒိယနဲ့ တရုတ်လိုနိုင်ငံ တွေက လူထုတွေနဲ့ အာရှ အရှေ့ဘက်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု့က ပိုပြီးကွာဟ လာနေပါတယ်။ ဒါဟာ ကမ္ဘာကြီး ရဲ့ စီးပွားရေး၊ နိုင်ငံရေး ချိန်ခွင်အလှည့် အပြောင်းမှာ တွဲ ပါလာခဲ့တဲ့ ကပ်ပါးပိုး တစ်မျိုးဖြစ်ပြီး ကုစားဖို့ ကဆေးတခြား အနာတခြား ဖြစ်နေဆဲပါ။ ဘာကြောင့်လဲ ဆိုတော့ အ ရှေ့နဲ့ အနောက်မတူညီတဲ့ အဖွဲ့ အစည်းတွေရဲ့ စွမ်းဆောင်ရည် ကွာခြားမှု့။ ပညာရည်မပြည့် ၀မှု့၊ ပြောင်းလဲမှု့ မြန်ဆန် ပြီးမတည်ငြိမ်တဲ့ နိုင်ငံရေး၊ အလျှင်အမြန်တိုးတက်လာ တဲ့စီးပွားရေး၊ လူနေမှု့ ပုံစံပြောင်းလဲလာခြင်း တွေ ရဲ့ Side effect တွေဘဲဖြစ်ပါတယ်။

အာဖရိကကိုကြည့်ပါ နိုင်ငံတကာက ဒီလောက်ဝိုင်းဝန်း ထောက်ပံ့နေတဲ့ ကြားကထင်သလောက် တိုးတက်မှု့ မရှိတာကို တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ပြင်ပ အထောက်အပံ့ တစ်ခုတည်းနဲ့ ဒီကိစ္စကို ဖြေ ရှင်းလို့ရမရ ဆိုတာ သံသယဖြစ်စရာ ရှိလာပါတယ်။ ဘာကြောင့် လဲဆိုရင် သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ ပြည်သူတွေကို ဘယ်လို ပြန် လည်ထောက်ပံ့ ဖြန့်ဖြူးပေးနိုင်သလဲ ဆိုတဲ့ စွမ်းဆောင်ရည်က အဓိက အခန်းကဏ္ဍ မှာပါဝင်လာပါတယ်။ ဒီလို ဘဲ ပြင်ပ အထောက်အပံ့ မရှိပေ မယ့် ပြည်တွင်းမှာ အကြပ် အတည်းမဖြစ်အောင် ထိမ်းထားနိုင်တဲ့ သူတွေလဲ ရှိ ပါတယ်။ ဥပမာ ကျူးဘား။ ဒါပေမယ့် သူလဲဘဲ အဆင်ပြေ ကြာရှည်အောင် ထိမ်းထားနိုင် ဖို့ဆိုတာ ပြင်ပက အ ကူအညီမရှိရင် စိမ်ခေါ်မှု့ တွေဆက်လက်ရှိနေမှာဖြစ်ပြီး လွယ်မယ့် ကိစ္စမဟုတ်ပါဘူး။ ဆိုလိုတာ အဖွဲ့ အစည်း တွေအားကောင်းတဲ့ နိုင်ငံ တွေကိုရောက်ရှိလာတဲ့ နိုင်ငံတကာ အကူအညီတွေဟာ ထိရောက်မှု့ ရှိပြီး တိုးတက် မှုမြန်ဆန်မှာဖြစ်ပေမယ့် စွမ်းဆောင်ရည် နိမ့်တဲ့နိုင်ငံတွေကို ရောက်တဲ့ အကူအညီ တွေကတော့ သဲထဲရေသွန် ငွေကုန်သံပြာ ဖြစ်နေဦးမှာပါ။ ဒီပြသနာကို ပုံမှန်ကိုင်တွယ် တဲ့ပုံစံ ကနှစ်နည်းရှိပါတယ်။ ပထမနည်းကတော့ သက်ဆိုင်ရာတိုင်းပြည်က အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်မြင့်မားလာ အောင်သင်တန်းများပေး ခြင်း၊ နည်း ပညာငွေကြေး အကူအညီ တွေပေးခြင်းနဲ့ ဒုတိယနည်းကတော့ တိုက်ရိုက် ကွင်းဆင်းထောက်ပံ့ ခြင်းတွေ ပါ။ ပထမနည်းကတော့ အချိန်ပေး ထိရောက်နိုင်ပေမယ့် ဒုတိယနည်းကတော့ မြန်ဆန်ထိရောက် ပါတယ်။ ဒီနှစ်နည်းလုံးမှာလဲ သူ့ပြသနာနဲ့ သူဖြစ်နေသေးတယ်။ ပထမနည်း အတွက်ရော ဒုတိယနည်းအတွက်မှာ ပါ သက်ဆိုင်ရာ နိုင်ငံ တွေရဲ့ အစိုးရတွေနဲ့ တိုက်ရိုက် ဆက်ဆံရမှာဖြစ်ပြီး နိုင်ငံရေး ပေါ်လစီတွေရဲ့ အနှောက် အ ယှက်တွေက အပေးအယူ သဘောတွေပါနေတော့ ငွေကြေးနဲ့ အဂတိလိုက် စားမှု့တွေ အနည်းနဲ့ အများ ရှိနေ တာတွေ့ရပါတယ်။ အဲဒုတိယနည်းကို သုံးပြန်လဲ တင်းမာပြီး မငြိမ်းချမ်းတဲ့ ဒေသတွေကို တိုက်ရိုက် ဆင်းရာမှာ ဒေသဆိုင်ရာဘာသာ စကား၊ ဓလေ့နဲ့ နေရာအနေအထား မကျွမ်းကျင်မှု့ တွေက ကာဆီးနေပြီး ကာလရှည် အချိန် ယူရမယ့် ပရောဂျက်တွေအတွက် အဆင်မပြေ ပြန်ပါဘူး။ နောက်ပြီး ပြင်ပက အကူအညီတွေ ပြန်သွား တဲ့အခါ ဆက်လက်ထိန်းသိမ်း မယ့်ဒေသ ခံတွေမရှိလေတော့ ထုံးစံအတိုင်း ပြန်ဖြစ်ကုန်ပါတယ်။
ဆိုလိုတာက ဘယ်လိုဘဲကူညီညီ မကူညီညီ လက်ရှိတိုင်းပြည်ရဲ့ပေါ်လစီ နဲ့စွမ်းဆောင်ရည်ထက်မြတ် နေရင် အချိန်တို အတွင်းအောင်မြင်နိုင်ပါတယ်။ ဗီယက်နမ် နဲ့ တရုတ်ကလက်တွေ့ ပြနေတာတွေ့မှာပါ။ အီရတ်နဲ့ အာဖဂန် တို့ကိုကြည့်ပြန်ရင် မတည်ငြိမ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တွေကြောင့် ဒီမိုကရေစီရတိုင်း ချက်ခြင်း နတ်ရေ ကန်ထဲရောက်တာမဟုတ်နိုင်တာတွေ့နိုင်ပါတယ်။ အစိုးရတင်မက ပါဘူး ပြည်သူတွေရဲ့ တာဝန် သိတတ် မှု့ဟာလဲ ထိုနိုင်ငံရဲ့ တိုးတက်ပြောင်းလဲ ရေးမှာ တကဏ္ဍ တည်နေတာ မေ့လျော့ နေလို့မရပါဘူး။
တကယ်တမ်းတော့ အဖွဲ့ အစည်းစွမ်းဆောင်ရည် ဆိုတာ ၀ါဒနဲ့ ရောစနစ်နဲ့ရော ဘာမှမဆိုဘဲ ခေါင်း ဆောင်မှု့ အရည်အချင်းသည်သာအခရာဖြစ်ပါတော့ တယ်။
(ဆက်လက်ရေးသားပါမည်)
ယနေ့ဖြစ်ပေါ်လျှက်ရှိတဲ့ အခြေအနေ တခုကို ပြောချင်လို့ ဒီပို့ ကိုရေးဖြစ်ခဲ့တာပါ။ ကျွန်တော် ကတော့ ပွင့်ပွင့် လင်းလင်းပြော ရရင်စီးပွားရေး သမားတစ်ယောက်ပါ။ ဘယ်အရာကို မဆို စီးပွားရေးအရ ဘယ်လိုအကျိုး အမြတ် ရ နိုင်မလဲ ဆိုတဲ့ အမြင်တွေနဲ့ကြည့်လေ့ ရှိသူတစ်ဦး ဖြစ်သလို။ အခွင့်အလမ်းတွေဖန် တီးပေးရေး ကိုအမြဲတွေးခေါ် နေတဲ့သူ ဆိုရင်လဲမမှားပါဘူး။ UN ရဲ့ဒီနှစ်ထုတ်ပြန်ချက်တွေ အရ တနေ့ ၀င်ငွေ US$ 2.00အောက် ရရှိနေတဲ့ သူ တွေဟာ လူမွဲတွေပါတဲ့။ ဒီတော့ တစ်လကို မြန်မာကျပ်ငွေ ၅၀၀၀၀ ၀င်ငွေ လခရရှိနေတဲ့ ကျွန်တော်တို့ဟာ လူမွဲတွေလား။

ကျွန်တော် တစ်ယောက်ထဲကို ဦးတည်ပြီး ကျွန်တော် တွက်ပြပါမယ်။ ကျွန်တော် ဟာလခလုပ်စာတစ်လကို ၄၅၀၀၀ နဲ့ ၅၀၀၀၀ ကျပ်ရ ရှိပါတယ်။ တရက်ကိုပျှမ်းမျှ ၁၅၀၀ ကျပ်နဲ့ ၁၇၅၀ ကျပ်လောက်ပေါ့။ လက်ရှိ အမေရိကန် US တစ်ဒေါ်လာကို မြန်မာငွေ ၁၂၅၀ နဲ့ ၁၂၇၅ ကျပ်လောက်ပေါက် ပါတယ်။ တွက်ကြည့်ရင်
တနေ့ ကို ပျှမ်းမျှ တစ်ဒေါ်လာသာသာ လောက်နဲ့ ရပ်တည်နေသူပါ။ ကျွန်တော်ရဲ့ တစ်နေ့တာကုန်ကျ စား ရိတ် က သွားလာ စားစရာလမ်းစရိတ် အားလုံးပေါင်း ၂၀၀၀-၂၅၀၀ လောက်ကုန်ပါတယ်။ တစ်လလုံး ပေါင်း တဲ့အခါ ၆၀၀၀၀ ကနေ ၇၅၀၀၀ ကုန်ကျပါတယ်။ ပြောရရင် ရတဲ့ဝင်ငွေလစာ နဲ့ လုံးဝကို မလောက်ပါဘူး။ ဒီတော့ အပိုကုန်ကျ စားရိတ်တွေကို ဘေးဘက်ကနေ ရရှိအောင်ဖြည့်ရပါတယ်။ အိမ်ကပြန်တောင်း ရတာရှိ သလို တခြားသော ၀င်ငွေရမယ့် လုပ်ငန်းအနည်းငယ်ကို တွဲပြီးရုန်းကန်ရပါတယ်။ နောက်တော့ကျွန်တော့် ၀င်ငွေက တစ်လကို ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားရအောင်လုပ်ရပါတယ်။ ဒါကလဲ အမှန်မရှိပါဘူး။ ကျွန်တော် က အိမ်ထောင်သည် ဖြစ်တော့ အိမ်စားရိတ်ဆိုတဲ့ ကွက်လပ်ကို ဖာထေးဖို့ ကြိုးစားပါတယ်။ အဆင်မပြေပါ ဘူး။ ကိုယ့်တကိုယ်ရည် တောင်တနေ့စာ မနည်းရပ်တည်နေရတဲ့အတွက် လုံးဝကိုဒီကိစ္စ အခုချိန်ထိ မဖြေရှင်း နိုင် သေးပါဘူး။ ကလေးနို့မှုန့်ဖိုးတောင်မရတဲ့သူပါ။ နောက်တကြောင်း ကကျွန်တော်တို့ လို ပြင်ပလုပ်ငန်းတွေမှာ လုပ်ကိုင် နေသူတွေဟာ နောက်ခံ Saving money မရှိနိုင်ပါဘူး။ တနေ့တနေ့ ကုန်ဆုံးလာတဲ့အချိန် တွေထဲ မှာကျွန်တော်တို့ ငယ်ဘ၀ကို ပေးဆပ်အချိန်ကုန်နေရင်း မရေရာသေးတဲ့ အနာဂါတ်ကို တင်းတင်းရင်းရင်း ကျော်ဖြတ်ဖို့ကြိုးစားနေကြရပါတယ်။ ဒါကကျွန်တော့် ဒုက္ခပါ။ ကိုယ့်ထက်ဆိုးတဲ့သူတွေ ရန်ကုန်မှာ အများကြီး ပါ။ ကျွန်တော်တို့ကလူမွဲစာရင်းမှာ ကြာရှည်မနေချင်လို့ ကြိုးစားမယ်ဆို ဖြစ်နိုင်ပေမယ့် အခုချိန်မှာ သက်ကြီး ပိုင်းရောက်လာတဲ့ Company ၀န်ထမ်းတွေ ကတော့ လုံးဝရင်လေးစရာပါဘဲ။ နောက်တစ်ခုက ကလေးလူ ငယ် တွေပါ။ လက်ဖက်ရည်ဆိုင် မှာလုပ်နေတဲ့ ၁၄-၁၅ နှစ်သားတွေ၊ ဒီထက်ငယ်တဲ့ ကလေးအလုပ်သမားလေး တွေရဲ့ အကြောင်းပေါ့။ သူတို့ တွေဟာဒီအရွယ်မှာပညာသင်ကြား နေရမယ့်အချိန် ဖြစ်ပေမယ့် အလုပ်လုပ်နေ ကြတာတွေ့ရပါတယ်။ ရန်ကုန်ကလက်ဖက်ရည်ဆိုင်အများစုမှာ ကလေးအလုပ်သမား အနည်းဆုံး နှစ်ယောက် တော့ရှိပါတယ်။ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် သိန်းချီရှိနေတော့ ကလေးသိန်းနဲ့ ချီပြီး တစ်လကို တစ်သောင်းလောက်ဝင်ငွေနဲ့ အလုပ်လုပ်နေတာတွေ့ ရပါတယ်။ လက်ဖက်ရည်ဆိုင် တွေမှာတင်မဟုတ် ပါဘူး တခြားသော လုပ်ငန်းတွေမှာပါ ကလေးတွေရှိနေပါတယ်။ သူတို့တွေဟာ မိဘတွေရဲ့ မိသားစု အပေါ်လောက် ငအောင်မရှာနိုင်တဲ့ ၀င်ငွေပြသနာကြောင့် မိသားစုဝင်ငွေကိုတဖက်တလမ်းက ရှာဖွေပေးနေသူ ကလေး တွေပါ။ သူတို့ရဲ့ လက်တလော ရည်ရွယ်ချက်အရရော စားဝတ်နေရေး အရပါလက်ခံ သင့်ပေမယ့်။ သူတို့တွေ ဟာမကြာခင် အရွယ်ရောက် လာတော့မယ့် နိုင်ငံ တော်ရဲ့မျိုးဆက်သစ်တွေပါ။ ပညာသင်ချိန်မှာ မသင်ခဲ့ရ လို့ ပညာရည်မပြည့်ဝခဲ့ တဲ့သူတို့ တွေရဲ့ စဉ်းစားတွေးခေါ် နိုင်မှု့၊ ခေါင်းဆောင်နိုင်မှု့ ၊ စတဲ့အရည်အချင်းတွေ ကို ကျွန်တော်တို့ဘယ်လို စိတ်ချခဲ့ နိုင်မှာလဲ။ အခုတလောမှာလဲ ရန်ကုန်မှာ ကလေးသူ ငယ်တောင်း ရမ်းစား သောက်သူဦးရေ မြင့်တက်လာတာ ဘယ်သူမှငြင်းလို့ မရပါဘူး။ ဒါနိုင်ငံတော် အတွက် အမျိုးသားရေး အရ ထိ ခိုက်လာမယ့် ကိစ္စတစ်ခုပါ။ အားလုံးအတွက်နစ်နာပါတယ်။ ဒါလက်တလောအနာတွေထဲက ယောင်ရမ်းနေတာ တစ်ချို့ကို ထုတ်ပြတာပါ။ ဒီအနာကို လက်တလောဘယ်လိုကုစားကြသလဲဆိုတော့။
တနေ့လုပ်မှတနေ့စားရသူတွေရော၊ လခစားတဲ့သူတွေပါ ကိုယ့်အတွက်ကိုယ်ကြည့်လာပါတယ်။ ရှင်းရှင်းပြော ရရင်တကိုယ်ကောင်းဆန် လာကြတယ်ပေါ့။ ဒီနေ့ရသမျှကို ဘယ်သူကိုမှမျှဝေလိုစိတ် မရှိတော့ ပါဘူး။ ဘာလို့လဲဆိုတော့ ကြီးမြင့်လာတဲ့လူနေမှု့ စားရိတ်၊ ကျန်းမာရေး၊ နေထိုင်ရေး၊ တခြားကဏ္ဍတွေအ တွက်ငါနဲ့ ငါသာအားကိုးရာဖြစ်လေတော့ ရသမျှကို သိမ်းကြုံး ယူ၊ တရားတာမတရားတာ တွေမစဉ်း စား နိုင်တော့ဘူး။ စဉ်းစား ဖို့လဲအခြေအနေမရှိပါ ဘူး။ လောကတရားဟာ မပျက်သင့်ဘဲ ပျက်ခဲ့ရတော့ မလှမပ တွေဖြစ်စေတဲ့ ဇာတ်လမ်းတွေပေါ်ပေါက်လာခဲ့ရပါတယ်။ လူငယ်တွေအများစုကလဲ တခြားတိုင်းပြည်ကို ထွက် ဖို့သာအာရုံ ရှိလာပါတယ်။ ဘာလို့လဲဆိုတော့မရောက်ဘူးသေးတဲ့နိုင်ငံခြားတိုင်း ပြည်တွေမှာက ဒီထက် ၀င်ငွေ ကောင်းတာကိုး။ မသိသေးတာက ဟိုမှာလဲ ပညာမတတ်ရင် ပင်ပန်း ကြမ်းတမ်းတဲ့ အလုပ်တွေဘဲ လုပ်ရ မယ်ဆိုတာကိုပါ။ ဒီအခွင့်အရေးကို လက်လွတ်မခံချင်တဲ့ လောဘ သမားတွေက ရေနစ်ရာဝါးကူထိုး ပြီး လူငယ် တွေကို မတန်တဆ အမြတ်ကြီး စားခေါင်းပုံဖြတ် ပြီးလစာနည်း အလုပ်ကြမ်းနိုင်ငံခြား အလုပ်အကိုင် တွေကို သူ့ထက်ငါအလုအရက် မစားရ၀ခမန်းပြောပြီး ပွဲလန့်တုံးဖြာခင်းရင်းစီး ပွားဖြစ်ကြပါတယ်။ ထားလိုက်ပါ ၊ဒီ တော့ စောစောကပြောသလို တစ်ကိုယ်ကောင်းနည်းနဲ့ ကုစားရင်းအကျင့်တွေ ပျက်လာကြတယ် ဆိုပါတော့။
နောက်တစ်ခုကနိုင်ငံတော်ရဲ့ GDP လို့ဆိုတဲ့ တမျိုးသားလုံးဝင်ငွေက တရားဝင် စာရင်း တွေအရ တနှစ်ထက် တနှစ်တိုးလာပြီး တစ်ဦးချင်းဝင်ငွေ တွေမြင့်မားလာတာတွေ့ ရပါတယ်။ တိုးလာတဲ့ စာရင်း သာရှိ ပြီး လူတွေကတော့ ငွေရှားနေတာ၊ ၀ယ်မစားနိုင်တာဘဲ တွေ့ရတာများပါတယ်။ မနှစ်က၀င်ငွေ သိန်းတစ်ရာ ရှိတဲ့သူဟာ ဒီနှစ်လဲ တစ်ရာရအောင်မနဲ ကြိုးစားရပါတယ်။ လျှပ်စစ် အခြေခံစီး ပွားရေးလုပ်သူတွေပိုသိမှာပါ။ မီးပျက်လို့မီးစက်ထဲ ထည့်ရတဲ့ဆီဖိုးတောင် မနည်းရှာနေရတာပါ။ မနှစ်က သိန်းတရာနဲ့ တိုက်ခန်းတစ်ခန်း ၀ယ်နိုင်မယ်ဆိုခဲ့ ရင်တောင် ဒီနှစ်တော့ sorry ပါဘဲ၊ ရှိစေတော့၊ ဘာကိုပြောချင်တာလဲဆိုတော့ ဒီလောက် စီး ပွားရေးတွေတိုးတက် နေ ပေမယ့် အပြင်မှာငွေရှားနေတာ ငွေတွေဟာ မလိုတဲ့သူတွေလက်ထဲရောက် ရောက်
သွားလို့ဆိုတာ ဘောဂဗေဒ သဘောအရကြည့် ရင်ရှင်းရှင်း မြင်ရပါမယ်။ သဘောက ငွေတွေ ပိုနေတဲ့သူတွေ လက်ထဲမှာဒီငွေတွေ ရှိနေပြီး ငွေလိုနေတဲ့သူတွေလက်ထဲမရောက် လို့ပါ။ ဘာကြောင့်လဲဆိုတော့ အရင်းရှိ တဲ့ သူတွေကသာ အကြိုးအမြတ် ကောင်းကောင်း ရတဲ့ဈေးကွက်စီးပွားရေး စနစ်ကိုက အရင်းရှင်တွေကို သာ အသာစီး အမြတ်တွေရရှိစေလို့ပါ။ ဒီစနစ်ကို မကောင်းဘူးလို့ပြောတာမဟုတ်ပါ။ ဒီမှာက နိုင်ငံတကာ Company တွေမရှိတော့ ရင်းနှီးမြှုပ်နှုံ တဲ့အခါ တစ်ကိုယ်တော် တွေပိုင်တဲ့ လက်ဝါးကြီးအုပ် လုပ်ငန်းတွေ ကဘဲ များသလို၊ အများပြည်သူတွေပိုင်တဲ့ လုပ်ငန်းတွေကအမည်ခံဘဲ ရှိပါတယ်။ နောက်တခုက ရရှိလာတဲ့ အမြတ်တွေကို ပြန်လည် ရင်းနှီး မြှုပ်နှံမှု့ မပြုတဲ့အတွက် ငွေတွေအပြင်ပြန်မရောက်တော့သလို အလုပ်အကိုင်တွေ လဲ ရှားလာပါတယ်။ ဒါကို ငွေသားနှစ်ချိုက်မှု့လို့ဆိုပါတယ်။ ဒီလိုသာငွေသားနှစ်ချိုက်မှု့ များလာ လေ လေ စီးပွားရေးမှာ ထုတ်လုပ်မှု့တန်ဘိုးလျော့ကျပြီး ဆုတ်ယုတ်လေလေ ဖြစ်လာပါတယ်။ နောက် ဆုံး ရလဒ်က တော့ တိုင်းပြည်ရဲ့ နိုင်ငံရေးကိုပါ ထိခိုက်မှာဖြစ်ပြီး လူထုကြပ်တည်းမှု့ကို ဦးတည်သွားစေနိုင် တဲ့ Domeno effect တစ်ခုပါ။ စီးပွားရေးနဲ့ နိုင်ငံရေးက တစ်ခုကိုတစ်ခု မှီနေတယ်ဆိုတာသတိပြုရမှာပါ။
ဒါကိုကုစားဖို့က တော့ ဗဟိုဘဏ် ကငွေစက္ကူတွေ ထက်မံထုတ်လုပ်ရပါတယ်။ ဒီတော့ငွေကြေးဖောင်းပွမှု့ တွေဖြစ်ပေါ်စေပါတယ်။ ဒီမှာတော့ ထက်မံထုတ်လုပ်မှုမရှိသေး လို့ထင်တယ် လူတိုင်းငွေ အနွမ်းလေး တွေ ကိုင် နေ ရပြီး အပေါက်ဆိုးတဲ့ဘက်စ်ကား စပယ်ယာ တွေတွေတောင် ပိုက်ဆံအစုတ် အပြဲပေးရင် မညီးမညူ ယူတာ တွေ့နေရပါတယ်။
ဒီအဖြစ်အပျက်ကိုဖြေရှင်းရေးက ဘဏ်စနစ်ကောင်း ကောင်းနဲ့ ခိုင်မာတဲ့ အများပိုင် Company တွေ ပေါ် ပေါက်လာဖို့ပါ။ တော်လောက်ပါပြီ။ နောက်ရက်များမှာ ဆွေးနွေး ပါဦးမယ်။ ရွှေကျောင်းပြောင်ပြောင် ၀မ်း ခေါင် ခေါင် နိုင်ငံ ကလူမွဲ လေးရဲ့ ခေတ်မှီအတွေးလေး တွေကိုဖတ်ပေးကြလို့ ကျေးဇူးပါ။
ရေးချင်နေတာပြောချင်နေတာကြာခဲ့ ပါပြီ။ ကျွန်တော်တခါမှ မြန်မာ ဘလောက်ဂါ လောကတိုးတက် ရေးတက် ကျမ်းတွေ မရေး ခဲ့ဘူးခဲ့ပါဘူး။ အခုတော့ ဆွေးနွေး ရေးသားပါ တော့မယ်။ မနေ့ က ကိုရန်အောင်ရဲ့ ဘလောက် ရောက်တဲ့ အခါ မြန်မာစာ စာလုံးအသစ် အကြောင်းပြောထားတာတွေ့ ရပါတယ်။ ကောင်းပါဒယ် ဒီအကြောင်း အကြံနည်းနည်း ပေးချင်လို့ပါ။

မြန်မာ စာလုံးကို ကျွန်တော်တို့ မဖြစ်မနေ ထွင်သင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ဘလောက်ဂါတွေ အေးအေး ဆေးဆေး မြန်မာစာ လုံးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုမေ့ထားလို့ ရမှာပါ။ အင်တာနက်ခေတ်ကြီးထဲ ကစီးပွားရေး သံသရာထဲ မှာအခကြေးငွေ မဆို့မပို့ ပေးရတာတွေရှိနေဦး မှာပါ။ သို့ကလို ရှိနေလဲကျွန်တော် တို့နိုင်ငံမှာ ဖြင့် အစိုးရ အားကိုးနဲ့ နင့်ကနဲတောင်း မယ့် အင်တာနက် လုပ်ငန်းတွေရှိ နေပါတယ်။ ဒီတော့ ဒါမဖြစ်မနေ လုပ်သင့် ပါတယ်လို့ပထမ ဦးစွာထောက်ခံ တင်ပြပါတယ်။ ရန်ကုန်မှာတော့ ကိုညီလင်းဆက် ကြိုးစား နေသော်လဲ ကျွန်တော်တို့ အာရွှီးပြီး ဘာမှဝင်ကူတာ မရှိသေးပါဘူး။ အခုတော့လိုအပ်မယ် ထင်တာတွေကူ ညီပေးပါ့ မယ် လို့ဒီနေရာကနေ ကတိပေးပါတယ်။ အရမ်းလဲ စိတ်ဝင်စားတဲ့အတွက်ပါ။ စာလုံးစနစ် တစ်ခုကို စတင်တီထွင် ဖို့က အပြောမှာ လွယ်သလောက် နောက်ကွယ် မှာခက်ခဲတာအားလုံးသိကြမှာပါ။ တစ်ခုပြောချင် တာဒီတစ် ခါလုပ်တဲ့စာလုံးဟာ web မှာတင်မက computer system စနစ်တခု လုံးမှာပါ ပလက်ဖောင်း ဖြစ်မယ့် ကောင် ကိုလုပ် သင့်ပါတယ်။ ဒါကဆန္ဒပါ။ နောက်ပြီး IE မှာရော Firefox လို browser တွေမှာပလက်ဖောင်း ဖြစ်ဖို့ က ထင်သလောက်လွယ်မှာမဟုတ်သလို အချိန်အတော်ပေးရဦးမယ် ထင်ပါတယ်။ နောက်ကွယ်မှာရှိနေတဲ့ ငွေအား လူအား။ စက်ပစ္စည်းနဲ့ နည်းပညာ အခက်အခဲတွေကို ကျွန်တော်တို့ ညီအကို မောင်နှမတွေ အင်နဲ့အားနဲ့ မဟုတ် တောင် တဆင့်ပြီး တဆင့် ကျော်လွှား နိုင်မယ်လို့ယုံ ကြည်နေပါတယ်။ တကယ့်ကို ပါရမီရှိတဲ့ ကျွန်တော့်ထက် အင်မတန်တော်တဲ့ မြန်မာ ဘလောက်ဂါတွေ အများကြီးရှိနေ ပါတယ် သူတို့တွေရဲ့ ကြိုးပမ်းမှု့ကြောင့်ကျွန်တော် တိုရဲ့ Open Source မြန်မာ စာစနစ်အောင်မြင်မယ်လို့ ပြောရဲပါတယ်။ နောက်တစ်ခုပြောချင်ပါသေးတယ်။ စာလုံးစနစ် သစ်အတွက် အမည်ပေးဖို့ပါ။ ဘယ်သူတွေ စပြောပြော စလုပ်လုပ် လူတွေသိအောင် စဖွတာ ကိုရန် လို့ခေါ်တဲ့ ချားဒါဝင်ရဲ့ ၁၀၀၈ ယောက် မျောက်တပည့် ကိုရောင်အန်ပါ။ ဒါကြောင့် အခုထွင်မယ့် စာလုံးအမည်ကို သူ့အမည်ပါအောင် ပေးသင့်ပါတယ်။ အခုကျွန်တော် တို့သုံနေတဲ့ fount အမည်က ဇော်ဂျီ လေ။ ဇော်ဂျီ ဆိုတာ မြန်မာ့ ရိုးရာမှာ ထွက်ရာပေါက် နေတဲ့ သူလို့ သိကြပါတယ်။ ဒီလိုအမည်တွေဟာ မြန်မာ ပြည်သူတွေ အသိများ နေသမို့ ပေါက်ဖို့ရာ အင်မတန်လွယ်ကူနိုင် သလို မှတ်ရလဲ လွယ်ပါတယ်။ ကျွန်တော်လဲ စဉ်းစားတယ် ငါတို့လဲ ဒီလိုဘဲ ဘိုးတော်အမည်တွေဘဲ သုံးရင်ကောင်းမယ်ပေါ့ ။ ကိုရန်အောင် အမည်ပါတဲ့ ဘိုးတော်တွေဆိုရင် တော့ အောင်မင်းခေါင်၊ ဘိုးဘိုးအောင်၊ ဦးအောင်ချမ်းသာ အဲဒီဟာတွေတော့ရှိတယ်။ ဒီတခါတော့ကို ညီလင်းဆက်ရယ် ခွင့်ပြုလိုက်ပါ ။ ကိုရန်အောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီစာလုံး ကို " ဘိုးဘိုးအောင် "
လို့ အမည်ပေးလိုက်ကြစို့လား ဟင်- - -။
Invention is a most expensive in the world. It take the no end times and no end money.
တီထွင်မှု့ဟာ ကမ္ဘာမှာ ဈေးအကြီး ဆုံးဘဲ။ သူက အချိန်တွေ၊ ငွေတွေကို အဆုံးအစမရှိ ယူလေ့ရှိတယ်။
ဂျော့ဘားနက်ရှော
ကျွန်တော်ပြောပြချင် တာကတော့ စုပေါင်းငွေရှာ ဘလောက်ဂါဆို တာလေးပါဘဲ။ ကျွန်တော်တို့ နေရာအနှံ အပြားရောက် ရှိနေတဲ့ ဘလောက်ဂါများမှ ရောင်းချလိုသော ပစ္စည်းများနှင့် ဈေးနှုန်းများကို တင်ထားပေးပြီး ရောင်း ချနိုင်အောင် စီစဉ်သွားပါမယ်။

စင်င်္ကာပူမှ ပစ္စည်းတွေကိုရန်ကုန်၊ ရန်ကုန်မှလိုချင်စရာ များကို စင်္ကာပူ၊ မလေးရှား စတဲ့ သုံးနိုင်ငံ ၀ယ်ရောင်း ပြု လုပ်နိုင်မယ့် ပုံစံပြုလုပ်လိုပါတယ်။ web site တစ်ခုတင်ထားပေးပြီး အရောင်းပြခန်း ဖွင့်ပါမယ်။ ရန်ကုန်ဘက် အပိုင်း ကို ကျွန်တော်မှ တာဝန်ယူပေးမှာဖြစ်ပြီး သက်ဆိုင်ရာနေ ရာတွေက တာဝန်ယူပူး ပေါင်းလိုသည့် ကျွန်တော့် ချစ်လှ စွာသော ဘလောက်ဂါများကို ဖိတ်ခေါ်ပါတယ်။ အကြံ ဥာဏ်များနှင့် ဝေဖန်ပြောဆို မှု့များကိုလဲကြိုဆို ပါတယ်။ ဒါမှဘဲ မြန်မာပြည်ရဲ့ပထမဆုံး နိုင်ငံတကာ ၀ယ်ရောင်း siteဖြစ်လာမှာပါ။ အထူးသဖြင့်  ဈေးနှုန်းများ ကို သင့်တင့် သက်သာတဲ့ နှုန်းတွေနဲ့ရောင်းချစေချင် ပါတယ်။