Stylish Ethno

ရေးမယ်ရေးမယ် နဲ့အခုမှာဘဲ ရေးဖြစ်တော့တယ်။ ဒီနေ့နိုင်ငံတကာ မှာခေတ် စားနေတဲ့ ဖက်ရှင်ဒီဇိုင်း တွေဟာ အနောက် နိုင်ငံတွေကနေ လာတဲ့ပုံစံတွေဘဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ၀တ်စားဆင်ယင်ပုံ တွေကကမ္ဘာ ကြီးရဲ့ ယဉ်ကျေးမှု့သမိုင်း ကိုထင်ဟတ်စေခဲ့ပါတယ်။ လူမျိုးတိုင်း နိုင်ငံတိုင်းမှာ သူ့ဓလေ့နဲ့သူရှိ နေတဲ့ ရိုးရာ အ၀တ် အထည်တွေ ဒီဇိုင်းတွေ ရှေးယခင်ကတည်းက တည်ရှိခဲ့ ပြီးယနေ့ထက်တိုင် အောင်သူ့နေရာနဲ့သူ မြတ် နိုးစွာ ၀တ်ဆင်နေကြဆဲပါ။ ဒီလိုခိုင် မြဲစွာတည်ရှိ နေတဲ့ ရိုးရာအထည်တွေကို နိုင်ငံတကာမှာ အောင်မြင် နေတဲ့ အ၀တ် အစားတွေဒီဇိုင်း ပုံစံတွေနဲ့ စိတ်ကူးဆန်းဆန်း ရဲရဲဝံ့ဝံ့ လေး ဖန်တီးတီထွင်လိုက် တဲ့ အခါ အခုပြောခြင်နေ တဲ့ Stylish Ethnoဆိုတဲ့ ဘလောက် လေးဖြစ်လာရ တော့တာဘဲ။
Stylish Ethno ရဲ့ ဖွင့်ဆိုချက်လေးကတော့ ဇာတိမျိုးနွယ်စုတို့၏ ရိုးရာ အထည်စတို့ဖြင့် ခေတ်မှီသော ပုံစံ ဖန်တီးရ ယူခြင်း ပါတဲ့။ သူ့ရဲ့ ဖန်တီး တီထွင်သူကတော့ Reiju fashion school ရဲ့ ဆရာမ အန်တီ ယူကီကိုကြည် ဖြစ်ပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့အတွေ့ အကြုံတွေထဲက ဒီဇိုင်းပညာရပ် ကိုအခုလို နိုင်ငံတကာ ထိုးဖေါက် နိုင်ဖို့ ပြသထားခြင်း ဖြစ်ပါတယ်။ အလှပြင် ပညာရပ်ဟာ တသီးတခြားကွဲပြားနေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ၀ါသနာရော တီထွင်ဖန်တီး မှု့ပေါ်မှာ ဖက်တွယ်နေတဲ့ အနုပညာတစ်မျိုးပါ။ Reiju Tokyo သင်တန်းက သင်တန်းသူလေးတွေရဲ့ အမြင်ဆန်းနဲ့ ချူပ်လုပ် ထားတဲ့ ပုံစံ သစ် အ၀တ်အစားတွေကို လဲတင် ဆက်ထားပါတယ်။ လစဉ်လတိုင်း တစ်မျိုးစီ ဆန်းလှတဲ့ လှပတဲ့ အထည်ဒီဇိုင်း တွေက လာရောက်ကြည့် သူတွေကို ကြေနပ်မှု့နဲ့ စိတ်လှုပ်ရှားစေမယ်လို့ထင်ပါတယ်။ အန်တီယူကီ ဆိုတာလဲ သရဖူ၊ ရတီ စတဲ့မဂ္ဂဇင်း တွေမှာ အလှအပဆိုင်ရာ ဆောင်းပါးတွေရေး နေသူပါ။ ဒါကြောင့် သူ့ရဲ့ အမြင်တွေနဲ့ ရေးသားချက်လေး တွေက ဖတ်လို့ကောင်းတဲ့ စာတွေဖြစ်နိုင်သလို ပညာရပ်လေ့လာနေသူတွေအတွက်မှတ်သား စရာလေးတွေ ပါကောင်း ပါနိုင်မယ်လေ။ နောက်ပြီး အခုတင်ဆက်ထားတဲ့ ဘလောက် ထဲက ပုံစံတွေနဲ့ နိုင်ငံခြား ဈေးကွက်ကို ထိုးဖောက် နိုင်မယ်လို့ ထင်ပါတယ်။
Stylish Ethno ဆိုတာကလဲ ယနေ့နိုင်ငံတကာမှာ ခေတ်စားနေတဲ့ စီးပွားရေး ဘလောက်ဆို တာထဲကို တိုးဝင်လာတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ဘလောက်တစ်ခုဆို မှားမယ်မထင်ပါဘူး။ ဒီအကြောင်းကို ကျွန်တော့် ဘလောက် အရှေ့ပိုင်းမှာ ဖော်ပြခဲ့ဘူး ပါတယ်။ နောက်ပြီး တော့ ဘလောက်တွေထဲမှာ စီးပွားရေး ကြော်ငြာ ထည့်တော့လဲ သူကပဲ ပထမနေရာ ယူသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်ညွှန်းချင်တာက ဒီလို မရေရာသေး ပေမယ့် သေချာတော့မယ့် တနေ့ ကိုမြင်နိုင်ခဲ့တဲ့ အမြင်တွေနဲ့ ယုံကြည်စွာလျှောက်လှမ်း ရဲခဲ့တဲ့ သူတို့ရဲ စွန့်ဦး တီထွင်မှု့ ကိုပါ ဒါ့ကြောင့် ဒီဘလောက်ကတော့ ကျွန်တော်တို့ အားပေးကြည့်ရှု သင့်တဲ့ ဘလောက်တွေထဲ ကတစ်ခုဖြစ် နေတာကို တော့ စာဖတ်သူတွေငြင်းမယ်မထင်ပါဘူး။
နောက်ထပ် နောက်ထပ်သော စီးပွားရေး ဘလောက်များကိုလဲ အလျှင်းသင့်သလို တင်ပြသွားဦးပါမယ်။
ဒီရက်ပိုင်း ကျွန်တော်တို့ ရဲ့ နည်းပညဆိုင်ရာ အခက်အခဲပြသနာ တစ်ခုကြောင့် ၀င်ရောက်ကြည့်ရှု သူများကို စိတ်အနှောက်အယှက်ဖြစ် စေခဲ့ရင် နားလည်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း- - - ။

Type the rest of your post here.

0 comments: