သတ်ပုံမှားတဲ့ည

ပြန်လာမယ်ဆိုတဲ့အတွေးတွေနဲ့ပါ
ဟောဒိသန်းခေါင်ယံ ကလဲ
အမှောင်ကိုတွယ်ကတ်နေသေးတယ်
တရက်ပြီး တရက်မြန်မြန်ထွက်သွားကြစမ်းပါ
အပြင်းပြေ CD ခွေတွေတောင်တွားသွား
သက်ပြင်းတွေကတော့ဖြင့်သားနားနေပေါ့။

ကဗျာခဏခဏစပ်တာတောင်
သန်းခေါင်မလွှဲနိုင်တဲ့
တချိန်လုံး (မျက်လုံး) မှိတ်ထားပေမယ့်
နာရီတရွေ့မှအိပ်မရခြင်းတွေနဲ့အတူ
၉၉ ခါမက စိတ်လေခဲ့ရတဲ့

နာရီတွေနဲ့ငါ ဘယ်သူက သစ္စာမဲ့နေတာလဲ
ဟောဒီခေါက်ရိုးကျိုး အတွေးတွေနဲ့အတူ
အမှောင်ထုနဲ့ အခါခါရိုက်ပုတ်တဲ့
အဲဒါ
မင်းကိုလွမ်းတဲ့ ပေါ့  " "။ ။ ။

2 comments:

နိုင်းနိုင်းစနေ said...

ကဗျာခဏခဏစပ်တာတောင်
သန်းခေါင်မလွှဲနိုင်တဲ့ ည

ဟောဒီခေါက်ရိုးကျိုး အတွေးတွေနဲ့အတူ
အမှောင်ထုနဲ့ အခါခါရိုက်ပုတ်တဲ့ ည

ဒီစာသားလေးတွေ အရမ်းကြိုက်တာပဲ
၉၉နဲ့ ညချင်းတူပေမယ့် ဒီညလည်း တစ်မျိုးခံစားရတယ်။
ကျေးဇူးးးးမောင်ဂေါက်ရေး)

Kreator said...

ဘလာဂေါက်ရဲ့ ကဗျာကို ဖတ်ပြီး ကဗျာတစ်ပုဒ်ရေးမိပါတယ်။