အလှဆင်ချင်ရွေးဖို့ပြင်


စက်တွေလဲ ကိုယ်တိုင်ထွင်တတ်တယ်
ဒီလိုကိုယ်ပိုင်ဒီဇိုင်းလဲရှိတယ်
သူပေါ့ စိုင်မိုးနိုး
ဆိုင်းဘုတ်ကအလန်နော်

မြန်မာ စကားမှာရှိ တယ်မဟုတ်လား။ အိမ်ထောင်မှု့ ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဒီသုံးမျိုး အချက်မပိုင်ရင် နောင်ပြင်ရန် ခက်တဲ့ အမျိုး လို့အဆိုရှိလေ တော့ ဒီနေ့ လူငယ်တွေ ထဲက body art, tattoo လို့အသိများ နေတဲ့ ဆေးမင်ကြောင် ထိုးကြမယ်ဆို တနေရာ ကိုညွှန်းချင် ပါတယ်။ အသက် ၂၅ နှစ်လောက်ကျော် နေတဲ့ ယနေ့လူ ငယ်တွေထဲ ကတော့ မသိသူနည်းပါ လိမ့်မယ်။ သူကတော့ အဖိုးကြီး လို့အမည်ရတဲ့ ဆေးမင်ထိုး ဆရာကြီးပါ။ ရှေး အစဉ် အဆက် မြန်မာမှု စုတ်ထိုးနည်း ကိုမျိုးဆက် မပြက်အောင် ထိန်းသိမ်း ခဲ့သူပါ။ အမည်ရင်းကတော့ စိုးမိုးနိုင် ပါ
ရှေးနည်းဖြစ်တဲ့ စုတ်တံနှင့် ထိုးခြင်းကို ပိုင်နိုင်ပြီး လုပ်သက် နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပါပြီ။ နယ်တကာလှည့် ပြီး ဘုရားပွဲတွေ မှာထိုးနေရာက အခုပုဇွန်တောင် စာတိုက်ရှေ့ ကကိုးသိန်း လဖက်ရည်ဆိုင်ဘေး မှာအထိုင်ချ ခဲ့တာဘဲ ဆယ်စုနှစ် တစ်ခုကျော် ခဲ့ပါပြီ။ ဇော်ဝင်းထွဋ်၊ ရင်ဂို တို့လို နာမည်ကြီး တွေမှာလဲ သူ့ လက်ရာ မကင်းခဲ့ ပါဘူး၊ နှစ်စဉ် ရုရှား၊ ပြင်သစ် နဲ့ တခြားဥရောပ သားတွေက သူ့ရဲ့ ဘီးလူးခေါင်းပုံ လက်ရာတွေ ကိုနှစ် သက်လို့ မကြာခဏ လာရောက်ထိုး ကြပါတယ်။ ထိုင်ဝမ် အထိသူ့ လက်ရာကြော်ကြား ပါတယ်။ မနှစ် ကနာမည် ကျော်ခဲ့ တဲ့ ဘီလူး ဇာတ်ကားထဲ ကဘေလုဝ ရဲ့ရင်ဘက်က အရုပ်တွေ။ ကင်းကောင်ကိုယ်ပေါ် ကအ ရုပ်တွေဟာ အဖိုးကြီး လက်ရာတွေပါ။ ကိုယ်တိုင်က မြန်မာ မှု့ ပန်းချီအတတ်ကို တတ်မြောက်သူ ဖြစ်တဲ့ အပြင် တခါသုံး အပ်တွေကိုသာ အသုံးပြု ပြီး စုတ်ထိုးခြင်း။ ဂျာမနီဆေး ကိုသာ အသုံးပြုခြင်းတွေ ကြောင့် ဈေးတော့ အတန်ငယ် များပါလိမ့်မယ်။ သို့သော်လဲ ကျန်းမာရေး အရရော လက်ရာမှာပါ စိတ်ချရပါတယ်။
ဘလာဂေါက်ရဲ့ body art တွေလဲ လွန်ခဲ့တဲ့ ၅နှစ်လောက် က ထိုးထားတဲ့ အဖိုးကြီးလက်ရာတွေပါ ဘဲ။

Comments

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact