မြေနီကုန်းမှာရေကျော်သွား

ဒီတိုက်ကြီးအောက်မှာကားတွေမြှုပ်နေပါတယ်။
မြေနီကုန်းဈေးကာပတ်ကင်ပါ။
မီးသတ်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြပါတယ်။
စတိုးဆိုင်တွေထဲလဲရေတွေဝင်ပါတယ်။
အများသုံး phone ရုံလေးလဲ လေဒဏ်ကြောင့် တုံးလုံးလေး။
မီးသတ်ကား တွေနဲ့ရေတွေစုတ်ထုတ်ဖို့ ကြိုးစားကြရပါတယ်။
ဒဂုံ စင်တာ ကတော့ အောက်ဖက်ကားပါကင် ရေ၀င်သွားတာကြောင့် ဓါတ်အားတွေ
ပြတ်တောက်နေလို့ နောက် တရက်ကနေ နှစ်ရက်အတွင်း ပြန်မဖွင့် နိုင်ပါဘူး။
ဆိုင်တွေလဲရှင်းလင်းရေးတွေ လုပ်နေရတယ်။
စုတ်ထုတ်လို့ ထွက်လာတဲ့ ရေတွေကို မြောင်းထဲ စွန့်နေခြင်းဖြင့် ရေစီးရေလာကောင်းစေပါတယ်
မနက်စောစောကတည်းက ကားပေါင်းများစွာ နဲ့ ရေ တွေကုန်အောင်ထုတ်ဖို့ ကြိုး စားနေကြတယ်။
လွန်ခဲ့တဲ့ရက် အနည်းငယ် ကစတင် ခဲ့တဲ့မုန်တိုင်း တစ်ခုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ကမ်းရိုးတန်း ဒေသ တွေမှာ မိုးတွေ စတင်ရွာသွန်း ခဲ့ပါတယ်။ ပုန်မှန်နဲ့ ရက်ဆက်ရွာခဲ့ တဲ့မိုးကြောင့် ရန်ကုန်မြို့ရဲ့ နေရာဒေသ တော် တော်များများ မှာရေကြီး၊ ရေလျှံမှု့တွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ရဲ့ နှစ်စဉ် ရေလျှံနေကြ နေရာတွေမှာသာ မက ယ ခုအခါမှာတော့ တော်တော် ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပြီး လမ်းတွေအကုန်လုံး နဲ့မြေနိမ့်ပိုင်း ရက်ကွက်တွေ မှာ မနေ့က ကတည်းက ရေတွေစတင်ဝင်ရောက် ခဲ့ပါတယ်။ လမ်း ၄၀၊ ၃၉ လမ်း အောက်ဖက်တ၀ိုက်၊ လသာ၊ မင်္ဂ လာတောင်ညွန့်၊ ကန်တော်ကလေး၊ ယုဇနပလာဇာ စတဲ့ပုံမှန်နေရာ တွေမှာသာမက။ သင်္ကန်းကျွန်း၊ သုဝဏ္ဍ၊ အင်းစိန်၊ ကမာရွက်၊ စမ်းချောင်း မြို့နယ်တွေမှာပါ ရေတွေဝင်ရောက် ခဲ့ပြီး ကွန်ဒို အဆောက်အဦး တွေအောက် မှာရှိတဲ့ ကားရပ်ရန်နေရာတွေ ကိုပါပြည့် လျှံသွားစေခဲ့ပါတယ်။ လမ်းတွေရေကျော်ခြင်း ပိတ်ဆို့ ခြင်းတွေကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းခဲ့ရပြီး တာဝန်ရှိသူတွေနဲ့ ပြန်လည်ပြင်ဆင်ရေး တွေဆက်တိုက် လုပ် ဆောင်မှု့ ကြောင့် အခုဆိုပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ မနေ့ကနဲ့ ဒီနေ့ညနေ အထိ မီးသတ်ကား၊ သူနာတင်ယဉ် တွေရဲ့ အချက်ပေး သံညံမစဲ ပါဘဲ။ လူအသေအပျောက် သတင်းတော့ မကြားမိပါ ဘူး။ အခုလို ကယ်ဆယ် ရေး လုပ်ငန်း တွေကို ထိရောက်စွာ လုပ်ဆောင် ပေးနိုင်ဖို့ အမြဲလိုအပ်ပါတယ်။ ရေ၀င်ရောက် မှု့ တွေကြောင့် လျှပ် စစ် ဓါတ်အားတွေ ပြတ်တောက်နေ ဆဲပါ။ တချို့နေရာတွေပြန် လည်ရရှိ နေပေမဲ့ တချို့ နေရာတွေမှာ အချိန် ယူ ပြင်ဆင်ရဦး မယ်ထင်ပါ တယ်။ ကားတွေ တော်တော် များများ ကတော့ ကွန်ဒိုတွေအောက် ကားပါကင်မှာ ရေ စိမ်နေဆဲ ဖြစ်တဲ့အပြင် အောက်ဖက် Underground မှာလျှပ်စစ် သွယ်တန်းထား တာကြောင့် မီးတွေဖြတ်ထား တာဖြစ်ပါ လိမ့်မယ်။ သံလွင်လမ်း နဲ့ ဦးဝိစာရ လမ်းတွေ နေရာတော်တော်များများ သဲဖုံးကုန်တဲ့ အတွက် မနက် စောစော ကတည်းက ပြန်လည်ပြင် ဆင်နေတာတွေ့ရ ပါတယ်။ သွားရလာရခက်ခဲနေတဲ့ အပြင် Internet ဆက် သွယ်ရေးတွေလဲ အချို့ အချို့ သောနေရာတွေမှာ ပြတ်တောက်ကုန်ပါတယ်။ နှေးကွေးကုန် ပါတယ်။ဒါ ကြောင့် နီးစပ်ရာဒီမြေ နီကုန်းတ၀ိုက် သတင်း တွေကိုဘဲ ဖော်ပြပေးလိုက်ပါတယ်။

0 comments: