ငါငိုပါရစေ
်လွမ်းတယ်ကွယ်၊
ဟိုးကောင်းကင်ထက်
လင်းလက်လက်ကြယ် တိမ်ဆိုင်တွေကြား
ခရီးသွားရင်း ဒေသသစ်ရှာ
နင်လဲရင်ခွင်သစ်ရှာနေပြီလား။
သတိရတယ်ကွယ်
ဥသြငှက်ရဲ့ ရင်ကွဲသံစဉ်ကြား
နင်ထားရစ်ခဲ့ အလွမ်းများ
ပြန်ရလေမလားအတွေးနဲ့
တမ်းတမ်းတတ မျှော်နေမိပါရဲ့။
နှောင်ကြိုးတွေနဲ့
ချည်ထုံးခံလိုက်ရတဲ့ ငါ့အသဲ၊
သံယောဇဉ်ထားလဲ မမြဲခဲ့ပါဘူး
မျက်ရည်ကကြိုးနဲ့ အသဲကွဲသံစဉ်
အဖော်မဲ့လွင်ပြင် မှာ
တိုးတိတ်ရွက်ဆို
ငါငိုငါရစေ
နင်နားလည်ပေးမယ်ဆို
ငါငိုချင်တယ်ကွာ။ ။ ။
ဟိုးကောင်းကင်ထက်
လင်းလက်လက်ကြယ် တိမ်ဆိုင်တွေကြား
ခရီးသွားရင်း ဒေသသစ်ရှာ
နင်လဲရင်ခွင်သစ်ရှာနေပြီလား။
သတိရတယ်ကွယ်
ဥသြငှက်ရဲ့ ရင်ကွဲသံစဉ်ကြား
နင်ထားရစ်ခဲ့ အလွမ်းများ
ပြန်ရလေမလားအတွေးနဲ့
တမ်းတမ်းတတ မျှော်နေမိပါရဲ့။
နှောင်ကြိုးတွေနဲ့
ချည်ထုံးခံလိုက်ရတဲ့ ငါ့အသဲ၊
သံယောဇဉ်ထားလဲ မမြဲခဲ့ပါဘူး
မျက်ရည်ကကြိုးနဲ့ အသဲကွဲသံစဉ်
အဖော်မဲ့လွင်ပြင် မှာ
တိုးတိတ်ရွက်ဆို
ငါငိုငါရစေ
နင်နားလည်ပေးမယ်ဆို
ငါငိုချင်တယ်ကွာ။ ။ ။
Comments
အလွမ်းတွေ သိပ်များတယ်နော် ။ ဒီကဗျာလေးလည်း ကောင်းတယ် ။
Cbox လေးမထားဘူးလား..
ကျမတို့ ကိုဂေါက်ကို ဘာမှ မနောက်ပါဘူး
ဖြစ်နိုင်ရင် ဆီဗုံးလေး မစပါ
ဒီထဲဝင်စာရေးရတာ အချိန်လုနေရလို့ပါနော်
မကြာမကြာလာတဲ့ အတွက်ကံစမ်း မဲ
ပေး ဖို့ ရှိတယ်။ အခုလို အားပေး
တာ နွေးထွေးမှု့တစ်ခုခံစားမိပါတယ်။
ဟားတိုက်ခံလိုက်ရတဲ့ ငါ့အချစ်
ယစ်ပလ္လင်ပေါ်မှာ ပူဇော်ခံလိုက်ရပေမယ့်
မီးခိုးငွေ့တွေကြားကနေ
အားယူလို့ ချစ်သူရဲ့ အပြုံးကို မျှော်နေဆဲပဲ
နင်မုန်းနိုင်မယ်ဆို
မတွယ်မတာ
ငါ့ရင်ကို ခုပဲခွဲပါကွာ…