ပြဌာန်းချက်


ပူလောင်တက်မက်မှု့မျက်လုံးတွေနဲ့
နှလုံးသားကိုညာနေတာရွံတယ်။

ကပျစ်ကညစ်နေတတ်ခဲ့ပေမယ့်
ချစ်ခြင်းမေတ္တာကို ကပျက်ကချော်မလုပ်တက်ခဲ့ဘူး။

ဘ၀က ကသီလင်တနိုင်ပေမယ့်
အချစ်ဆိုတဲ့ကောင်ကို ကျကျနန မွေးမြူထားတဲ့ကောင်ပါ။

ပုပ်သိုးခဲ့တဲ့ရက်ဆွဲတွေမှာလဲ
အလွမ်းတွေထောင်း လမောင်းကြေလို့
အချစ်၊ အလွမ်း ကလွဲပြီး
ဘာမှမသိတဲ့ နလပိန်းတုန်းကောင်ပါ။

ထီပေါက်မဲ့ကံတရားကို
ယုံကြည်မျှော်လင့်လို့ရတယ်။
ငါ့ချစ်ခြင်းကအဖွင့်မှာရင်ကြိုးခဲ့ရတဲ့အဖြစ်။

နည်းနည်းစီချကျွေးနေတဲ့
ကုသိုလ်ကံတရားလေးပေါ်မှာဘဲ
ငါက ရသေ့စိတ်ဖြေ နေခဲ့ရသူလေ။ ။ ။

7 comments:

pandora said...

ကဗျာကတော်တော်ကောင်းတယ်
စကားမစပ် - ပုဒ်သိုးခဲ့တဲ့ရက်ဆွဲတွေမှာလဲ- ဟုတ်ဘူးဟ။
ပုပ်သိုးခဲ့တဲ့ရက်စွဲတွေမှာလည်း ..ဒီလို
စာလုံးပေါင်းကိစ္စပွက်လောရိုက်နေရတဲ့ကြားထဲ.. ဘယ်သူမှမသိခင် မြန်မြန်ပြင်လိုက် နာပြောတယ်လို့ မပြောနဲ့။

Anonymous said...

မပန်တို့က အရင်ဦးသွားတယ်း)

ကောင်မလေးချောတယ်နော် အဟီ

balargout said...

ကျေးဇူးပါမပန်နဲ့မဂျစ်

Mr.Pooh said...

ဘယ်ကကောင်မလေးလဲ။ မိတ်ချက်ပေး ....

balargout said...

ပေါ့ပေါ့လေးနဲ့မပေါတဲ့နိုင်ငံက
ရှစ်ရှစ်လေးလေ

Anonymous said...

ဘလာဂေါက်ရေ လာလည်သွားတယ်။ စီဘောက်စ်မရှိလို့ ဒီထဲပဲ ၀င်ရေးခဲ့တယ်။
ဒါနဲပ စကားမစပ် ကောင်မလေး ချောတယ်နော်... အမျိုးတော်လား ညီမလားဟင်....
=P

Anonymous said...

ဒီနေ့မှ ရောက်ဖြစ်တယ်၊ လင့်ခ်မသိလို့။
ဒါနဲ့ စကားမစပ် ကောင်မလေးက ညီမလားဟင် တော်တော်လှတယ်နော် တရုတ်မလေးလား... :P