မှောင်

သူကပီကာဆို ရေးဆွဲခဲ့တဲ့ မျက်ကန်းကြီး ပန်းချီကားကို ကြည့်ရင်း ထိန့်လန့်လာ သလိုဘဲပဲဟုပြောလေသည်။ သူ့ကြည့်ရတာ လောကကြီး ဟာကန်းနေ တယ်ဆိုတဲ့ အကြည့်မျိုး ကြီးဗျ။ သူ့ကြောင်တောင် ကန်းမျက်လုံး တွေကို ကြည့်ရတာ စောစော ကပျော်ရွှင် နေတာလေး တွေတောင် ပျောက်သွားတယ်ဗျာ။
ကျွန်တော်တို့ တွေစုပြီး ပြောနေမိတဲ့ အကြောင်းက လူဟာဘာကြောင့် သတ္တလော ကမှာ ထိပ်တန်းရောက် နေရခဲ့တာရယ်။ လူ့ဂုဏ် သိက္ခာ ဟာဘာကြောင့် မြင့်မားနေရ ခြင်းဖြစ်တယ် ဆိုတဲ့ အကြောင်းတွေပါ။
လူဟာ နေစကြ၀ဋ္ဌာ အကြောင်းကို သိတယ်။ နေရဲ့သက်တမ်း ကိုတွက်ပြ နိုင်တယ်။ ကျွန်တော်တို့ ရဲ့နေပါဝင် ဖွဲ့စည်းထားတဲ့ ဂလက်ဆီကြီး ထဲမှာကြယ်တွေ ဘယ်နှစ်လုံးရှိတယ် ဆိုတာရေတွက်ပြနိုင်တယ်။ စကြ၀ဋ္ဌာကြီး ထဲမှာဂလက်ဆီ ကြယ်အုပ်စုကြီး တွေကုဋေ တစ်ထောင်မက ရှိနေတာကို လည်းလူဟာ သိနိုင်မြင်နိုင် သူတွေဖြစ်တယ်။ စကြာဝဋ္ဌာကြီး ထဲကအင်မတန် ကြီးကြယ်တဲ့ အရာတွေအ ကြောင်းကို သိနိုင် စွမ်းသလို အဏုမြူ အောက်သေးငယ် တဲ့ရုပ်မှုန် တွေအကြောင်းကို လည်းလူဟာ သိနိုင်တယ်။ အဏုမြူ စွမ်းအင်တွေ ကို မိမိလိုရာမှာ အသုံးချဖို့ စွမ်းဆောင်နိုင်တယ်။ လူဟာအာကာသထဲမှာ လမ်းလျှောက် ပြနိုင်စွမ်းရှိ သူတွေလဲဖြစ် တယ်။ လူဟာသဘာဝ နိယာမ တွေကို သိတဲ့အသိ နဲ့တီထွင်မှုတွေ အမြောက်အများ လုပ်နိုင်စွမ်းခဲ့ တယ်။ ကွန်ပျူတာခေတ် ကိုလည်းလူဟာ ဖန်တီးနိုင် စွမ်းတယ်ဆို တဲ့ အကြောင်း တွေကိုပြောရင်း လူ့ရဲ့ဂုဏ်သိက္ခာ ကိုမြှင့်တင်နေကြပါတယ်။ ပြီးတော့. . . . . .
လူဟာ လူ့အဖွဲ့အစည်းကြီးကို ပြောင်းလဲစေနိုင်တဲ့ ၀ါဒတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ကိုတည်ဆောက် နိုင်သူလည်း ဖြစ် တယ်။ ဒါတင်မက လူဟာ နက်နဲသိမ်မွေ့တဲ့ အနုပညာ ရပ်တွေကို ခံစားတီထွင် ဖန်တီးနိုင်စွမ်းလဲ ရှိတယ် ဆိုတဲ့ အကြောင်းတွေ ကို ခမ်းခမ်းနားနား ပြောကြရင်း လူ့ရဲ့ဂုဏ်ကို ထပ်မြှင့်ကြ ပြန်ပါတယ်။
ကျွန်တော်ကတော့ မျက်ကန်းကြီး ပန်းချီကား ကိုကြည့်ရင်း တစ်ခါက တောင်ဝှေး တဒေါက်ဒေါက် နဲ့ စမ်းပြီး ခရီးသွား နေတဲ့ မျက်ကန်း ကြီးတစ်ဦး အကြောင်းကို အမှတ်ရနေခဲ့တယ်။ – - – - – - – - – - – -
သူသွားဖူး တဲ့လမ်းကို မှန်းဆစမ်း ၀ါးပြီး သွားရင်း နေ၀င်ချိန် မှာရွာတစ်ရွာ ကိုရောက်တယ်။ ခရီးဆက်သွား မယ့် အဲဒီအကန်း ကြီးကို ကရုဏာ သက်တဲ့ ရွာသားတစ်ဦးက နေ၀င်ပြီးဖြစ်လို့ မှောင်မိုက် သွားပြီဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် မီးအိမ်ဆွဲ သွား ဖို့လို ကြောင်း အကြံ ပေးတယ်။ ဒီအခါမှာ အကန်းကြီးက. . . .
ငါက ကန်းနေတာပဲ၊ မီးအိမ်ဆွဲ သွားတော့ကော ဘာထူး မှာလဲလို့ ပြောတော့ ရွာသားက. . .
မီးအိမ်ကို ဆွဲပြီးလာတော့ ခင်ဗျားကို မြင်တဲ့ သူက ၀င်မတိုက်မိ အောင်ရှောင် သွားနိုင်တာ ပေါ့ လို့ပြောတယ်။ ဒါနဲ့ အကန်းကြီး ကလဲ မီး အိမ် ဆွဲသွားဖို့ သဘောတူ လိုက်တယ်။ ရွာသားကလဲ မီးအိမ်တစ်လုံး မီးထွန်းပြီး ပေးလိုက်တယ်။
အကန်းကြီးက မီးအိမ်ကို ဆွဲပြီးခရီး ဆက်ထွက်လာ ခဲ့တယ်။ မကြာခင်လူ တစ်ယောက်က သူ့ကို ၀င်တိုက်မိတယ်။ ၀င်တိုက်တဲ့ သူကို အကန်းကြီးက – - – -ဟေ့လူ ကန်းနေသလား၊ ဒီမှာ မီးအိမ်ဆွဲ လာတာမ မြင်ဘူးလား- -လို့အော် ငေါက်လိုက်တယ်။ ဒါနဲ့ ၀င်တိုက်တဲ့ သူ က- – -ခင်ဗျား မီးအိမ်ကိုလဲ ပြန်ကြည့် ဦး၊ မီးငြိမ်းနေတာ မသိဘူးလား – -လို့ ပြောရင်းဆက်ထွက် သွားတယ်။
စောစော ကမှလေတိုက် ပြီးမီးအိမ်မီး ငြိမ်းသွားတာကို အကန်းကြီးက မသိလိုက်ဘူး။ အကန်းကြီးကစဉ်းစား တယ်၊ သြော်-အမှောင် ထဲမှာတော့ မကန်းတဲ့သူရော ကန်းတဲ့သူဟာ အတူတူပါလား- -လို့ညည်းညည်း ညူညူပြော ရင်း တောင်ဝှေး တဒေါက်ဒေါက် နဲ့ခရီး ဆက်ထွက်သွား တယ်တဲ့။
တကယ်တော့ဗျာ သပ္ပံအသိတွေ ဘယ်လောက် ရှိရှိ၊ အတွေးအေ
ခါ် တွေဘယ်လောက် ကောင်းကောင်း၊ အနုပညာ ပစ္စည်းတွေ ကို ဘယ်လောက်ပဲ ဖန်တီးနိုင်၊ ဖန်တီးနိုင် လူ့ရဲ့ စိတ်ဖြစ်စဉ်၊ ရုပ်ဖြစ်စဉ် ကိုအမှန် မသိသေးသမျှတော့ လူသတ္တ၀ါ အားလုံးအကန်း တွေချည့် ပါဘဲ။ အ၀ိဇ္ဖာမှောင် မိုက်ထဲမှာတော့ အားလုံးအတူတူပါ ဘဲ။ မမြင်တာခြင်း တူတူပါဘဲ။
ဘ၀ခရီးမှာ ကြုံတွေ့ ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို မချစ်ခင် မနှစ်သက် မလိုလားစရာ၊ အော့နှလုံးနာစရာ တွေအဖြစ် အလွဲမှား မြင်ပြီး စိတ်ပျက်စိတ်ဆိုး မှု့တွေဖြစ် မှာဘဲ။ အင်မတန် ချစ်စရာ ခင်စရာ နှစ်သက်မြတ်နိုး တွယ်ဖက် ထားစရာတွေ လို့အလွဲ မှား မြင်ထားတာ တွေနဲ့ ခွဲခွာရ စွန့်လွှတ်ရတဲ့ အခါ ၀မ်းနည်း ကြေကွဲမှု့ တွေ၊ နှမြောတသမှု့ တွေ ဖြစ်ဦးမှာဘဲ။ သေခြင်းတရား နဲ့ ရင်ဆိုင်တိုးတဲ့ အခါမှာလဲ ကြောက်လန့် စရာအဖြစ် အလွဲမှားမြင်ပြီး ညှိုးညှိုး ငယ်ငယ်၊ ပင်ပင်ပန်းပန်း ထိတ်ထိတ် လန့်လန့်ဖြစ်ဦး မှာဘဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကို ပန်းချီကားထဲက အကန်းကြီးက အမှန်တရား ကို မမြင်နိုင်တဲ့ အကန်းတွေအဖြစ် ကြည့်နေတယ် ထင်တာဘဲ။
သူတို့ပြော တဲ့လူ့ဂုဏ်သိက္ခာ ထဲမှာ လူ့ရဲ့စိတ်အစဉ်။ ရုပ် အစဉ်ကို အမှန်ဖြစ်နေ တဲ့ အတိုင်းသိတဲ့အသိ၊ တစ်နည်း ပြောရရင် လူကိုလူ ကအမှန်အတိုင်းသိတဲ့ အသိကို ဖြည့်ဖို့ လိုသေးကြောင်းကို ကျွန်တော် ကပြောမလို့ ပဲဗျ။ ဒါပေမယ့် သူတို့ စကားဝိုင်းသိမ်းပြီး လူစုခွဲ သွားခဲ့ ကြတယ်။ ကျွန်တော်လဲ မမှောင်ခင် အိမ် ကိုပြန်မှဘဲ ဆိုပြီး ခတ်သုတ်သုတ် ထွက်လာခဲ့ပါတယ်။
ဆရာနန္ဒသိန်းဇံ ၏ အသွင်သဏ္ဍန်တို့၏နောက်ကွယ်စာအုပ်မှ

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice