ငါငိုပါရစေ

်လွမ်းတယ်ကွယ်၊
ဟိုးကောင်းကင်ထက်
လင်းလက်လက်ကြယ် တိမ်ဆိုင်တွေကြား
ခရီးသွားရင်း ဒေသသစ်ရှာ
နင်လဲရင်ခွင်သစ်ရှာနေပြီလား။

သတိရတယ်ကွယ်
ဥသြငှက်ရဲ့ ရင်ကွဲသံစဉ်ကြား
နင်ထားရစ်ခဲ့ အလွမ်းများ
ပြန်ရလေမလားအတွေးနဲ့
တမ်းတမ်းတတ မျှော်နေမိပါရဲ့။

နှောင်ကြိုးတွေနဲ့
ချည်ထုံးခံလိုက်ရတဲ့ ငါ့အသဲ၊
သံယောဇဉ်ထားလဲ မမြဲခဲ့ပါဘူး
မျက်ရည်ကကြိုးနဲ့ အသဲကွဲသံစဉ်
အဖော်မဲ့လွင်ပြင် မှာ
တိုးတိတ်ရွက်ဆို
ငါငိုငါရစေ
နင်နားလည်ပေးမယ်ဆို
ငါငိုချင်တယ်ကွာ။ ။ ။

You can leave a response, or trackback from your own site.

4 Responses to “ငါငိုပါရစေ”

  1. ဂျစ်တူး - gyit_tu says:

    ဘာလာဂေါက်ရေ.. အလည်အမြဲ ရောက်ပါတယ် ။ ဒါပေမယ့် ဆီဗုံးမထားတော့ ဘယ်နေရာမှာ အော်ရမှန်းမသိလို့ ယောင်ချာ၂နဲ့ ပြန်ခါလှည့်..

    အလွမ်းတွေ သိပ်များတယ်နော် ။ ဒီကဗျာလေးလည်း ကောင်းတယ် ။

  2. တပြည်သူ အိမ့်ချမ်းမြေ့ says:

    ဒီကဗျာလေးလဲကြိုက်ပြန်ပြီ
    Cbox လေးမထားဘူးလား..
    ကျမတို့ ကိုဂေါက်ကို ဘာမှ မနောက်ပါဘူး
    ဖြစ်နိုင်ရင် ဆီဗုံးလေး မစပါ
    ဒီထဲဝင်စာရေးရတာ အချိန်လုနေရလို့ပါနော်

  3. balargout says:

    ထားချင်ဝူး။ ကော့မန့်ဘဲလိုချင်လို့
    မကြာမကြာလာတဲ့ အတွက်ကံစမ်း မဲ
    ပေး ဖို့ ရှိတယ်။ အခုလို အားပေး
    တာ နွေးထွေးမှု့တစ်ခုခံစားမိပါတယ်။

  4. Yan says:

    လှောင်ပြုံးတွေနဲ့
    ဟားတိုက်ခံလိုက်ရတဲ့ ငါ့အချစ်
    ယစ်ပလ္လင်ပေါ်မှာ ပူဇော်ခံလိုက်ရပေမယ့်
    မီးခိုးငွေ့တွေကြားကနေ
    အားယူလို့ ချစ်သူရဲ့ အပြုံးကို မျှော်နေဆဲပဲ
    နင်မုန်းနိုင်မယ်ဆို
    မတွယ်မတာ
    ငါ့ရင်ကို ခုပဲခွဲပါကွာ…

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice