အနီရောင်သင်္ကေတ(၅)

အနောက်တိုင်း အယူအဆမှာ ၈ ဂဏာန်းဟာကျန်း မာရေး၊ အသက်အန္ဒရာယ် စတာတွေနဲ့ ပတ်သက်နေတယ်တဲ့ ကျွန်တော်သူ့ စာကိုဖတ်ပြီး ကျွန်တော့်ဆေး စာအုပ်လေးကို ရုတ်တရက်တွေ့ သွားခဲ့မိတယ်။ အဲဒီမှာ ဘာပုံပါ သလဲဆို တော့ အားလုံးက ကြက်ခြေနီ တံဆိပ် လို့သိကြ တဲ့ ဆေးခန်းအမှတ် အသားလေး။ ကျွန်တော်စိတ် ကူးမိ တယ်၊ ဒါ ငါတို့ရဲ့ ချစ်ခြင်း သင်္ကေတဘဲ လား။ အရောင်က ကျွန်တော် နှစ်သက်တဲ့ အနီရောင်လေး၊ ကြက်ခြေ ခတ် လို့ခေါ်ပေ မဲ့ သူလေးက အပေါင်းလခဏ္ဍာ။ စုစည်းခြင်း၊ ပေါင်းစပ်ခြင်းကို ရည်ညွှန်း တယ်ပေါ့လေ။ ကိုယ့်အတွေး နဲ့ကိုယ်တော့ ကောင်းမြတ်တဲ့ အရာလို့ထင်မိ တယ်။ အမှန်ပါဘဲ၊ ဘယ်လိုဖြစ်ဖြစ် ဒီသင်္ကေတလေး ကိုကျွန်တော် တို့နှစ်ယောက် ရဲ့ချစ်ခြင်း အထိမ်းအမှတ် အဖြစ်တဖက်သက် သတ်မှတ်ဖြစ်ခဲ့တယ်။ သူငယ် ချင်းတွေက တော့ ပြောကြတယ် မင်းဟာက ကဗျာမဆန် လိုက်တာတဲ့။ ကဗျာမဆန်တဲ့ ကျွန်တော့် သင်္ကေတနဲ့ အတူ ကျွန်တော် သူနဲ့ပတ် သက်ပြီး ကဗျာတွေ အများကြီးရေး ခဲ့ဘူးတယ်။ သူကစာဖတ်တာ ၀ါသနာကြီး သူပီသစွာ ကျွန်တော် ပေး တဲ့စာတွေကို အမြဲဖတ် တယ်။ ကျွန်တော် မရေးဖြစ်ခဲ့ ရင်တောင် မဂ္ဂဇင်းတိုက် ပိုင်ရှင် လေသံ နဲ့ ကျွန်တော့်နှလုံးသား စာမူကို နှုတ်ခမ်း လေးတစူစူ နဲ့လာလာတောင်း တတ်သေးတယ်။ စိတ်ထဲမှာကြည်နူး မိတာတကယ်ပါ။ ကျွန်တော် သူ့ကိုလောက် ဘယ်သူ့ကိုမှ ဂရုတစိုက် မချစ်ခဲ့ဖူးဘူး ။ ဆုံးရှုံးရမှာ သိပ်ကြောက်ခဲ့တယ်။ ကြောက်တဲ့ သူဟာ အခါခါ သေရသတဲ့။ ဒီစိတ်နဲ့ ကျွန်တော် သူ့အပေါ်ထား ခဲ့တဲ့ မျှော်လင့် ချက်တွေနဲ့ အတူ တိုင်းဆမရတဲ့ သံ ယောဇဉ် မေတ္တာတွေနဲ့ အချစ်စိတ်ကူးတွေ ရင်ခဲ့တယ်။ အိပ်မက်တွေမက်ခဲ့ တယ်ပေါ့။
တကယ်တော့ကျွန်တော်သူ့ ကိုဆုံးရှုံးလက်လွှတ်ခဲ့ရတယ်။
လောကကြီးမှာ နှာစေးမှာရယ်၊ ဆူး စူးမှာရယ်၊ မင်းမုန်းမှာရယ်အကြောက်ဆုံးဘဲ။ အဲဒီတုန်းက ပေါ့လေ။ တော်တော်လေး ခံစားမိခဲ့တယ်။ ။ ။
You can leave a response, or trackback from your own site.

One Response to “အနီရောင်သင်္ကေတ(၅)”

  1. JJ says:

    ဒို့ စိတ်ဆိုးမှာ အရမ်းကြောက်တယ်ဆို တဲ့သူက ဒို့ ကို ထားပစ်သွားခဲ့ဘူးတယ်။ ဘ၀ဆုံးလူဖြစ်ရှုံးမလောက်ဖြစ်ရတယ်။ ကြောက်တယ်လို့ ပြောသံ ကြားလိုက်ရတာ ကြောက်မိပါရဲ့

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice