ပြဌာန်းချက်

ပူလောင်တက်မက်မှု့မျက်လုံးတွေနဲ့
နှလုံးသားကိုညာနေတာရွံတယ်။

ကပျစ်ကညစ်နေတတ်ခဲ့ပေမယ့်
ချစ်ခြင်းမေတ္တာကို ကပျက်ကချော်မလုပ်တက်ခဲ့ဘူး။

ဘ၀က ကသီလင်တနိုင်ပေမယ့်
အချစ်ဆိုတဲ့ကောင်ကို ကျကျနန မွေးမြူထားတဲ့ကောင်ပါ။

ပုပ်သိုးခဲ့တဲ့ရက်ဆွဲတွေမှာလဲ
အလွမ်းတွေထောင်း လမောင်းကြေလို့
အချစ်၊ အလွမ်း ကလွဲပြီး
ဘာမှမသိတဲ့ နလပိန်းတုန်းကောင်ပါ။

ထီပေါက်မဲ့ကံတရားကို
ယုံကြည်မျှော်လင့်လို့ရတယ်။
ငါ့ချစ်ခြင်းကအဖွင့်မှာရင်ကြိုးခဲ့ရတဲ့အဖြစ်။

နည်းနည်းစီချကျွေးနေတဲ့
ကုသိုလ်ကံတရားလေးပေါ်မှာဘဲ
ငါက ရသေ့စိတ်ဖြေ နေခဲ့ရသူလေ။ ။ ။

You can leave a response, or trackback from your own site.

7 Responses to “ပြဌာန်းချက်”

  1. pandora says:

    ကဗျာကတော်တော်ကောင်းတယ်
    စကားမစပ် – ပုဒ်သိုးခဲ့တဲ့ရက်ဆွဲတွေမှာလဲ- ဟုတ်ဘူးဟ။
    ပုပ်သိုးခဲ့တဲ့ရက်စွဲတွေမှာလည်း ..ဒီလို
    စာလုံးပေါင်းကိစ္စပွက်လောရိုက်နေရတဲ့ကြားထဲ.. ဘယ်သူမှမသိခင် မြန်မြန်ပြင်လိုက် နာပြောတယ်လို့ မပြောနဲ့။

  2. ဂျစ်တူး - gyit_tu says:

    မပန်တို့က အရင်ဦးသွားတယ်း)

    ကောင်မလေးချောတယ်နော် အဟီ

  3. balargout says:

    ကျေးဇူးပါမပန်နဲ့မဂျစ်

  4. Mr.Pooh says:

    ဘယ်ကကောင်မလေးလဲ။ မိတ်ချက်ပေး ….

  5. balargout says:

    ပေါ့ပေါ့လေးနဲ့မပေါတဲ့နိုင်ငံက
    ရှစ်ရှစ်လေးလေ

  6. ညလေး says:

    ဘလာဂေါက်ရေ လာလည်သွားတယ်။ စီဘောက်စ်မရှိလို့ ဒီထဲပဲ ၀င်ရေးခဲ့တယ်။
    ဒါနဲပ စကားမစပ် ကောင်မလေး ချောတယ်နော်… အမျိုးတော်လား ညီမလားဟင်….
    =P

  7. ညလေး says:

    ဒီနေ့မှ ရောက်ဖြစ်တယ်၊ လင့်ခ်မသိလို့။
    ဒါနဲ့ စကားမစပ် ကောင်မလေးက ညီမလားဟင် တော်တော်လှတယ်နော် တရုတ်မလေးလား… :P

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice