နပိုလီယံနဲ့သားမွှေးသည်

အချိန်ကတော့ နပိုလီယံ ၏တပ်ဖွဲ့များရုရှားကိုကျူးကျော် နေချိန်၊ တိုက်ပွဲများဖြစ်ပွား နေရင်း နပိုလီယံ တစ် ယောက်သူ့ တပ်သားများနှင့် လူစုကွဲသွား ခဲ့သည်။ နပိုလီယံလဲ တစ်ယောက်ထဲ လျောက်သွားနေ ရင်းသူ့ကို ရုရှား ကော့ဆပ် တပ်သားတစ်ဖွဲ့ ကတွေ့သွားလေသည်။ သူ့နောက်ကို အတင်းလိုက်လာ တဲ့ကော့ဆပ် တပ်သားတွေ လက်ထဲက လွတ်မြောက်အောင် နပိုလီယံ တစ်ယောက် အတင်းထွက်ပြေးတော့ သည်။ ပြေးရင်းလွှားရင်း လမ်းကွေ့ တစ်ခုအရောက် မှာတော့ သားမွှေးထည်များ ရောင်းချတဲ့ ဆိုင်ကလေး တစ်ခုကို တွေ့တာနဲ့ ဆိုင်ထဲဝင် ပြီးပုန်း ဖို့ကြိုးစားတယ်ပေါ့လေ။ ဆိုင်ထဲ အရောက်မှာ ဆိုင်ရှင်ကို သူ့အားကယ် ဖို့တောင်းပန်တဲ့ အခါ ဆိုင်ရှင်က ” ဟိုး ထောင့် ကသားမွှေးထည်တွေ ပုံထားတဲ့ အောက်ထဲ ၀င်ပုန်းနေလိုက်” လို့ပြောတဲ့အခါ သူလဲ ထိပ်ထိပ်ပြာပြာ နဲ့ သားမွှေးပုံကြီးအောက်ထဲ အတင်းတိုးဝင်ပြီးပုန်းနေလိုက်ပါတယ်။ မကြာခင် မှာဘဲစစ်သားတွေ ရောက်လာပြီး ဆိုင်ရှင်ကို မေးပါတယ်။ ” ဟေ့ ခုနက လူတစ်ယောက် ၀င်သွားတာတွေ့တယ်၊ ဘယ်မှာလဲ ဘယ်ပြေးသွားလဲ၊ ပြောစမ်း ” ဆိုပြီး အတင်းဝင်ရောက် ရှာဖွေကြ ပါတယ်။ သူတို့တွေက သားမွှေးပုံကြီး ကိုလဲလှံစွပ် တွေနဲ့အကြိမ်ကြိမ် ထိုးကြပြီး တစ်ဆိုင်လုံး စိတ်ကြေနပ်အောင် မွှေ နှောက်ပြီးမှ ပြန်ထွက်သွားတော့တယ်။ ခဏလောက်ကြာရော နပိုလီယံ လဲသားမွှေးပုံ အောက်က လေးဘက် တွားသွားပြီး ထွက်လာပါတယ်။ တစ်ကိုယ်လုံး လဲချွေးတွေရွှဲလို့။ အဲဒီအချိန်မှာဘဲ နပိုလီယံရဲ့ တပ်သားတွေလဲ ဆိုင်ထဲ ၀င်လာပါတယ်။ နပိုလီယံ ကဆိုင်ရှင်ကို ကျေးဇူးတင်တဲ့အကြောင်း ပြောတဲ့အခါ ဆိုင်ရှင်က ” တမျိုး တော့မထင် ပါနဲ့ ခင်ဗျာ၊ တစ်ခုလောက် မေးလို့ရမလား၊ ဒီလိုကြီးကျယ် မြင့်မြတ်တဲ့ သူတစ်ယောက် အနေနဲ့ ခု နက အဖြစ်အပျက်မှာ ဘယ်လိုများ စိတ်ထဲက ခံစား ခဲ့ရလဲ သိချင်လို့ပါ။” ဒီလိုလဲ မေးလိုက်ရော နပိုလီယံရဲ့ မျက်နှာက ချက်ချင်း တင်းမာသွားပြီး “ဟေ့ ငါ့လူများ- ဒီလိုမျိုးငါ့ ကိုမခန့်လေးစား ပြောတဲ့ လူမိုက်ကို သုတ်သင် ရမယ်။ အခုဘဲ သူ့ကိုဖမ်းပြီး မျက်နှာကို အ၀တ်နဲ့စီးလိုက်၊ ပြီးရင်သူ့ကို သတ်ရမယ်။” လို့ပြောတော့ စစ်သား တွေက ဆိုင်ရှင်ကို ချက်ချင်း ဖမ်းဆီးတုတ်နှောင်ပြီး မျက်နှာကိုအ၀တ်နဲ့စီးပြီး ဆွဲထုတ်သွားကြပါတယ်။ ဆိုင်ရှင် လဲကြောက် လွန်းလို့တဆတ်ဆတ် တုန်နေတာပေါ့။ အပြင်ရောက်တော့ နံရံတစ်ခုကို အမှီခိုင်းပြီး မက်တက် ရပ်ခိုင်း လိုက်ပါတယ်။ သားမွှေးသည် လဲတုန်လှုပ်နေပြီး လေကလေးတွေသူ့ နားကိုတဖျက်ဖျက်တိုး သွားတာက အစ သိနေရ တယ်။ စစ်သားတွေ သေနတ်မောင်း ချိန်တဲ့ အသံ အမိန့်ပေးနေသံတွေကသူ့ ကိုပိုလို့ခြောက်ခြား စေတာပေါ့။ အခုသိနေရတဲ့ အရာတွေ မကြာခင်ဆုံး ရှုံးရတော့မယ်။ ကိုယ့် ကိုကိုယ် ဆုံးရှုံး ရတော့မယ် ဆိုတာ တွေ တွေးလိုက်တော့ တော်တော်ဘဲ ၀မ်းနဲလာ ပြီးပါးပြင်ပေါ် ကိုမျက်ရည်တွေ စီးကျလာခဲ့တယ်။ တကယ်တော့ သူမသေ ချင်သေးဘူးလေ။ ရုပ်တရက် အသံတွေတိတ်ဆိတ် သွားပါတယ်။ သူ့အသက်ရှုသံ ကိုသူကိုယ်တိုင် ပြန် ကြားနေရပြီ။ သူ့နားကိုလာနေတဲ့ ဖြေသံတစ်ခု ကိုသူကြားနေရတယ်။ ခြေသံရပ်တန့် သွားတဲ့အခါ သူ့မျက်နှာ မှာစီးထား တဲ့အ၀တ်ကို တစုံတစ်ယောက်ကဆွဲ ဖြုတ်လိုက်ပါတယ်။ ရုတ်တရက် အလင်းရောင်ကို ပြန်မြင်ရ တော့ ဘာမှသဲသဲ ကွဲကွဲမမြင်ရဘူး၊ အားလုံးေ၀၀ါး နေတဲ့ကြားက သူ့ကိုစိုက်ကြည့်နေ တဲ့မျက်လုံး တစ်စုံကို သူ တွေ့လိုက် ရတယ်။ သူ့အကြည့်က အားလုံးကို သူသိနေ တဲ့ပုံနဲ့ ကြေနပ်နေတဲ့ သဏ္ဍန်ပေါက်နေတယ်။ နပိုလီယံက သားမွှေးသည်ကို ပခုံးပုတ်ရင်း ပြောလိုက်တယ်။ ” ကဲ ကိုယ့်လူ၊ သိပြီလား” တဲ့။ ။ ။
အရာတိုင်းဟာ ကိုယ်တိုင်ကြုံဘူးမှဘဲ သိတဲ့ အရာတွေရှိတယ်။ ဒါကြောင့် မခံစားဘူ ရင်ကိုယ်ချင

You can leave a response, or trackback from your own site.

2 Responses to “နပိုလီယံနဲ့သားမွှေးသည်”

  1. နိုင်းနိုင်းစနေ says:

    ဒီတစ်ပုဒ်ကို တရုတ်လို ပြန်ဆိုထားတာ ဖတ်ဖူးတယ် သိလား…
    ဒါပေမယ့် ရေးသူကို မထည့်ထားသော မူရင်းရေးသူကို မသိခဲ့ဘူး..
    အခုလို မူရင်းရေးသူပါ ဖော်ပြထားတဲ့ ဆရာဖေမြင့်စာကို မျှဝေတဲ့အတွက်
    ကျေးဇူး…ပါ မောင်ဂေါက်

  2. balargout says:

    နောက်လဲရေးပါဦးမယ်
    ကျေးဇူးပါ

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice