အနီရောင်သင်္ကေတ(၄)

ဆရာဝန်က မေးတော့ သူကဘဲကျွန်တော့် ကိုယ်စား ၀င်ဖြေသွားတယ်။ “ဆရာ- သူက ညဘက်ဆို အဖျားပိုတက် တယ်” ။ သူပြောတာ မှန်နေတော့ ကျွန်တော်လဲ ဘာမှဝင် မပြောဖြစ် ပါဘူး။ သူကလဲ ဆရာဝန်တစ် ယောက်ရဲ့ သ မီးဆို တော့ကျန်းမာ ရေးဗဟုသုတ အတော်အသင့် ရှိပုံရတယ်။ နောက်တော့ ဆရာဝန်က ထပ်ပြောတယ်။ “သမီး ဒီမှာကြည့် “ဆိုပြီးကျွန်တော့် နှာခေါင်းထဲ ကိုဓါတ်မီးနဲ့ ထိုးပြပါတယ်။ ” နှာခေါင်းဟိုး အထဲက ထိပ်မှာ ယောင်နေ တာတွေ့လား၊ ဆရာထည့် ဖို့ရော သောက်ဖို့ပါ ဆေး ပေးလိုက်မယ်၊ တခါထည့်ရင် ဆေးရည်နှစ်စက်နဲ့ တနေ့ နှစ် ကြိမ်သေသေ ချာချာ ထည့်ပေးနော်၊ နဲနဲလောက် သမီးဂ ရုစိုက်ပေးပေါ့၊ အညှော် မိလို့ မရဘူး၊ ဒီအနာရှိန်ကြောင့် အဖျား မကျဖြစ် နေတာ။” လို့ပြောပါတယ်။ ဆရာဝန်က ကျွန်တော် တို့နှစ်ယောက် ကိုဘာထင်လဲ တော့မသိဘူး၊ ကျွန်တော်က ကြားထဲ ကမျက်နှာပူပေ မယ့်သူကတော့ ဘာမှမဖြစ် သလို အေးအေး ဆေးဆေးဘဲ။ ဆရာဝန်နဲ့ တောင်စကား စမည်ပြောနေ လိုက်သေး။ ဆေးတော့မထိုး ဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော် တို့ဆေးခန်း ကပြန်ခဲ့ ကြပါတယ်။ ဆေးတွေမှန်မှန် သောက်ဖို့ တဖွဖွ မှာရင်းသူလဲ ပြန်သွားခဲ့တယ်။ နေ့လည်လောက် ကျတော့ ကျွန်တော့် သူငယ်ချင်းတယောက် ရောက်လာ ပြီး စာ တစောင်သူ ပေးခိုင်းလိုက် လို့ဆိုပြီး လာပေးသွားတယ်။ ကျွန်တော့်ချစ်သူ ရဲ့စာပေါ့၊ ကျွန်တော်ဖောက် ဖတ်ကြည့် လိုက်တော့ သူကျွန်တော့်ကို ချစ်ပါတယ်ဆိုတဲ့ အကြောင်း၊ စိတ်မညစ်ဖို့ ၊နေကောင်းအောင်နေဖို့၊ ဆေးမှန်မှန် သောက်မှ အဖျားမြန်မြန် ကျပြီးသူ လဲစိတ်အေးရ မှာဖြစ်ကြောင်း၊ စတဲ့မှာတမ်းတွေ တလှေကြီး ခြွေထားတဲ့ သူ့ ရဲ့ အဖြေပေးတဲ့ စာဖြစ်နေပါတယ်။ ကျွန်တော်သူ့ အချစ်ကို ရလိုက်ပါတယ်။ ကျွန်တော်လဲသူ့ ကိုချစ်ခဲ့ ပါတယ်။ ဒါတွေဟာ ကြာရှည်ဖြစ်မယ်မှန်း မသိခဲ့လို့ အရမ်း ပျော်ခဲ့ပါတယ်။ နှစ်ကိုယ် ကြားဖြစ်ခဲ့ တဲ့အချစ်အကြောင်း တွေ ကို သူနဲ့ကျွန်တော်ကဘဲ အသိဆုံးနေမှာပါ။ ကျွန်တော့် စိတ်ထဲမှာသူ့ ကိုတကယ်ချစ်ခဲ့ သလို သူလဲ ကျွန်တော့် ကိုတကယ် ချစ်ခဲ့တာလို့ဘဲ ထင်ခဲ့တယ်။ အဲဒီအချိန်တုံးကပေါ့လေ။ ထင်လောက်တဲ့ အကြောင်းတွေလဲ မကုန် လောက်အောင် ရှိခဲ့တာကိုး။ သူနဲ့ ကျွန်တော် တနေ့ကို စာတစ်စောင်စီ ပေးကြရင်း စာအစောင်ပေါင်း ရာနဲ့ချီခဲ့ အောင် ကဗျာတွေ စာတွေ ဖွဲ့ ဘူးကြတယ်။ ချစ်ခဲ့ဖူးကြတယ်။ ဒါနဲ့ နေပါဦး ကျွန်တော့် သင်္ကေတလေး အကြောင်း ဆက်ရအောင်၊ သူကျွန်တော့်ကို အဖြေ ပေးတဲ့ နေ့က October 17- -ပေါင်းရင် ၈ ဂဏာန်းရတယ်။ ၈ ဂဏာန်း ဟာ ကျွန်တော့်မွေးနေ့ ဂဏာန်းပါ။ သူ့ကိုအင်္ဂါ ဂြိုလ်က စိုးမိုးပြီး မီးအသွင်ကိုဆောင်ပါတယ်။ ကျွန်တော်က အင်္ဂါ နေ့မွေးတဲ့ သူ။ နံသင့်ဂြိုလ် ကလဲ ၈ ဘဲလေ။ ၈ ဆိုတဲ့ အနီရောင်ကို ညွှန်းဆိုတဲ့ ဒီဂဏာန်းက ကျွန်တော့် အပေါ် တိုက်ပွဲ တစ်ခု လို့ ရည်ညွှန်းခဲ့တာ မသိလိုက်မိဘူး။ ။ ။
You can leave a response, or trackback from your own site.

One Response to “အနီရောင်သင်္ကေတ(၄)”

  1. JJ says:

    တိုက်ဆိုင်တယ်ဆိုရမှာဘဲ ၁၇ ရက်စွဲက လည်း ဒို့ အတွက် အမှတ်တရဖြစ်ခဲ့ဘူးတယ်၊ ခုတော့ ၁၇ရက်ရောက်တိုင်းတစေခြောက်ခံရသလိုဘဲ

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice