ကိုယ်ရေးကိုယ်တာ

ဖောဖောသီသီကြော်ငြာမှု့နဲ့
လူတွေရဲ့ပေါ့ဆချင်းခံရသူ၊
အခု
ကိုယ့်တမံကိုယ်တုတ်ရင်း
မြစ်ကျိုးအင်းလို ဟန်ဆောင်နေရ။

ပြန်ဆည်ခွင့်မရှိသောမြောင်းများ
ကျောင်းမျာမသင်တဲ့ပညာ
နည်းနည်းတော့ လိမ္မာလာပြီ။

ဟော– — ဒီမှာ
ဝန်ပိုတင်ဆောင်လာ ရွက်သင်္ဘော
မောကြီးပန်းကြီး ပင်လယ်ကို
အလျားလိုက် ဖြတ်ပြီးမှ
ကမ်းကပ်ခွင့် မရရှာသေး။ ။

You can leave a response, or trackback from your own site.

2 Responses to “ကိုယ်ရေးကိုယ်တာ”

  1. Tesla says:

    ကျောက်ချထား လိုက်ပေါ့.. စ .. တာ .. ကဗျာလေးက ကောင်းလှချည်လား ဗျ..

  2. pandora says:

    ဒီကဗျာ ကောင်းတယ်။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice