အိပ်မက်မှတ်တိုင်

ဖန်အိုးထဲကရွှေငါး
ပန်းခင်းထဲကလိပ်ပြာ
စဉ်းစားနေတဲ့ငါ။

အသိမဲ့ လှုပ်ရှားမှု့တွေနဲ့
နာရီလက်တံကို ဆွဲပြေးချင်ရဲ့
အင်္ဂတေ ပြက္ခဒိန်တစ်ခု
ရက်စုတွေကများခဲ့ပြီ။

ပင့်ကူရဲ့ ဂရပ်ဖစ်ဒီဇိုင်း
အင်းဆက်သင်္ချိုင်း၊
အလင်းလှိုင်းတွေကခပ်ပါးပါး
သံချေးတက်ဘောင်နဲ့
အသက်ရှုနေတဲ့ ပန်းချီကား
အရောင်မှိုင်းနေတာက ခပ်များများရယ်။

“အမေ့အိမ်” နားထောင်နေတဲ့ငါ့လိပ်ပြာ
လ္ဖက်ရည်ဆိုင်က ပြန်ခဲ့ဦး
ဖြူညစ်ညစ် ငါ့ကောင်းကင်အပြင်ဘက်က
ထွေးပွေ့မယ့် မိုးရေစက်
ဘယ်ရက်မှာမျက်ရည်နဲ့ ရောမလဲ။

မပိုင်ဆိုင်ရတဲ့မနက်ဖန်
ရွှေရောင်ဝင်းပနေမလား ?
သေအောင် ယင်းထနေမလား ?။ ။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice