အနီရောင်သင်္ကေတ(၃)
ချစ်သူတွေ ကြားမှာ အတိမ်းအမှတ်တစ်ခု အဖြစ် သင်္ကေတတွေ သုံးကြတာ တွေ့ဘူးတယ်။ ကျွန်တော့် သူငယ်ချင်း
ဆို သူ့ကောင်မလေးရဲ့ ရှေ့သွားတွေက ကြီးလို့တဲ့၊ သူတို့နှစ်ယောက်က ယုန်ပုံလေးကို အထိမ်းအမှတ် သုံးကြတယ်။ နောက်တစ် ယောက်ကျတော့ City-mart မှာ ပန်းသီး ၀ယ်ရင်း တွေ့ခဲ့လို့ ပန်းသီးကို အမှတ် တယသုံးတယ်။ ကျွန်တော့် အလှည့်ကျ အဆန်းသား၊ ပြန်ပြောရင်ရှည် လိမ့်ဦးမယ်။ သူနဲ့ ပတ်သက် သမျှက မေ့ဦး မှာမဟုတ် လို့ ချရေးရင် ၀တ္ထု တစ်အုပ်စာ ဖြစ်သွားမယ်။ စတာကတော့ ကျွန်တော် သူ့ကို လမ်းထိပ်က ထီဆိုင်မှာ တွေ့ရာကဘဲ။ ထီလက်မှတ် ကြီးကို အမှတ်တယ သုံးသင့် သလား။ သူနဲ့ကျွန်တော် သိတောင် မသိသေးဘူး။ ဒါနဲ့ ကျွန်တော် မစဉ်းစား သေးဘဲ သူ့ကို ချစ်ရေး ဆိုခဲ့တယ်။ စပြီး စကားလိုက် ပြောတဲ့နေ့ မှာ အအေးဆိုင် စထိုင်ဖြစ် တယ်။ ဒါဆို အအေး ပုလင်း၊ မဟုတ်သေးဘူး၊ တရက်တော့ ကျွန်တော် မူးပြီး(အရက်သောက်လို့) သူ့ကို စကား သွားပြောတယ်။ သူအတော် ဆိုးရိမ် နေပုံဘဲ။ စိတ်ဆိုးပုံ တော့ မပြပါဘူး။
တစ်ခုပြီး တစ်ခု တစ်စပြီး တစ်စ နဲ့သူ ကျွန်တော့် အပေါ် သံယောဇဉ် တွေပိုလာ ခဲ့တယ် ကျွန်တော်လဲ သူ့လို ဘဲ။ တစ်လသာ ပြည့်တော့ မယ်ဘာမှ မထူးသေးဘူး။ သူ့ဘက်က အဖြေ မပေး သေးဘူး။ အမှတ် တယ တွေ နေ့တိုင်း ရှိခဲ့တယ်။ လိုက်မှတ် ရင်အုံးစား သွားမယ်လေ။ မကြာလိုက် ခင်မှာ ဘဲ ကျွန်တော် ဖျားနေတဲ့ အချိန် သူ့ရဲ့ စေတနာ ပါတဲ့ တားမြစ် မှု့တွေ၊ အကြင်နာ ပါတဲ့ ယုယမှု့ တွေ မေတ္တာဓါတ် တွေပါတဲ့ စကားသံ တွေနဲ့ အတူ ကျွန်တော့်ကို ဆေးခန်း ပြဖို့ လာပြောတယ်။ ကျွန်တော်က ခေါင်းမာပြီး မပြဖြစ် ဘူး။ သုံးရက်လောက် ကျွန်တော် အဖျားမကျ ဖြစ်နေ ပြီ။ အဲဒီတော့ မှ ကျွန်တော် ကိုယ်တိုင် ဆေးခန်း သွားဖို့ ဆုံးဖြတ် လိုက်တယ်။ သူကတစ်ခု တောင်းဆို တယ်လေ။ သူလဲ လိုက်ပါရစေ တဲ့။ နောက်နေ့ မနက် သူ့ကျူရှင် ကိုသွား ကြိုပြီး အပြန် ဆေးခန်း ၀င်ပြကြတယ်။ ကျွန်တော် သူ့ကို အပြင်မှာ နေခဲ့ ဖို့မှာတယ်။ မရဘူး ၊ သူအတင်း ၀င်လိုက် လာခဲ့တယ်။ ကျွန်တော် က တကယ်လို့ ဆရာဝန်က ဆေးထိုးရင် ရှက်စရာကြိး မဟုတ်လားလို့ ပြောတော့ ရပါတယ် တဲ့။
You can leave a response, or trackback from your own site.
One Response to “အနီရောင်သင်္ကေတ(၃)”
  1. JJ says:
Leave a Reply
Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice