ရေးမယ်ရေးမယ် နဲ့အခုမှာဘဲ ရေးဖြစ်တော့တယ်။ ဒီနေ့နိုင်ငံတကာ မှာခေတ် စားနေတဲ့ ဖက်ရှင်ဒီဇိုင်း တွေဟာ အနောက် နိုင်ငံတွေကနေ လာတဲ့ပုံစံတွေဘဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ၀တ်စားဆင်ယင်ပုံ တွေကကမ္ဘာ ကြီးရဲ့ ယဉ်ကျေးမှု့သမိုင်း ကိုထင်ဟတ်စေခဲ့ပါတယ်။ လူမျိုးတိုင်း နိုင်ငံတိုင်းမှာ သူ့ဓလေ့နဲ့သူရှိ နေတဲ့ ရိုးရာ အ၀တ် အထည်တွေ ဒီဇိုင်းတွေ ရှေးယခင်ကတည်းက တည်ရှိခဲ့ ပြီးယနေ့ထက်တိုင် အောင်သူ့နေရာနဲ့သူ မြတ် နိုးစွာ ၀တ်ဆင်နေကြဆဲပါ။ ဒီလိုခိုင် မြဲစွာတည်ရှိ နေတဲ့ ရိုးရာအထည်တွေကို နိုင်ငံတကာမှာ အောင်မြင် နေတဲ့ အ၀တ် အစားတွေဒီဇိုင်း ပုံစံတွေနဲ့ စိတ်ကူးဆန်းဆန်း ရဲရဲဝံ့ဝံ့ လေး ဖန်တီးတီထွင်လိုက် တဲ့ အခါ အခုပြောခြင်နေ တဲ့ Stylish Ethnoဆိုတဲ့ ဘလောက် လေးဖြစ်လာရ တော့တာဘဲ။
Stylish Ethno ရဲ့ ဖွင့်ဆိုချက်လေးကတော့ ဇာတိမျိုးနွယ်စုတို့၏ ရိုးရာ အထည်စတို့ဖြင့် ခေတ်မှီသော ပုံစံ ဖန်တီးရ ယူခြင်း ပါတဲ့။ သူ့ရဲ့ ဖန်တီး တီထွင်သူကတော့ Reiju fashion school ရဲ့ ဆရာမ အန်တီ ယူကီကိုကြည် ဖြစ်ပြီး နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့အတွေ့ အကြုံတွေထဲက ဒီဇိုင်းပညာရပ် ကိုအခုလို နိုင်ငံတကာ ထိုးဖေါက် နိုင်ဖို့ ပြသထားခြင်း ဖြစ်ပါတယ်။ အလှပြင် ပညာရပ်ဟာ တသီးတခြားကွဲပြားနေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ၀ါသနာရော တီထွင်ဖန်တီး မှု့ပေါ်မှာ ဖက်တွယ်နေတဲ့ အနုပညာတစ်မျိုးပါ။ Reiju Tokyo သင်တန်းက သင်တန်းသူလေးတွေရဲ့ အမြင်ဆန်းနဲ့ ချူပ်လုပ် ထားတဲ့ ပုံစံ သစ် အ၀တ်အစားတွေကို လဲတင် ဆက်ထားပါတယ်။ လစဉ်လတိုင်း တစ်မျိုးစီ ဆန်းလှတဲ့ လှပတဲ့ အထည်ဒီဇိုင်း တွေက လာရောက်ကြည့် သူတွေကို ကြေနပ်မှု့နဲ့ စိတ်လှုပ်ရှားစေမယ်လို့ထင်ပါတယ်။ အန်တီယူကီ ဆိုတာလဲ သရဖူ၊ ရတီ စတဲ့မဂ္ဂဇင်း တွေမှာ အလှအပဆိုင်ရာ ဆောင်းပါးတွေရေး နေသူပါ။ ဒါကြောင့် သူ့ရဲ့ အမြင်တွေနဲ့ ရေးသားချက်လေး တွေက ဖတ်လို့ကောင်းတဲ့ စာတွေဖြစ်နိုင်သလို ပညာရပ်လေ့လာနေသူတွေအတွက်မှတ်သား စရာလေးတွေ ပါကောင်း ပါနိုင်မယ်လေ။ နောက်ပြီး အခုတင်ဆက်ထားတဲ့ ဘလောက် ထဲက ပုံစံတွေနဲ့ နိုင်ငံခြား ဈေးကွက်ကို ထိုးဖောက် နိုင်မယ်လို့ ထင်ပါတယ်။
Stylish Ethno ဆိုတာကလဲ ယနေ့နိုင်ငံတကာမှာ ခေတ်စားနေတဲ့ စီးပွားရေး ဘလောက်ဆို တာထဲကို တိုးဝင်လာတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ဘလောက်တစ်ခုဆို မှားမယ်မထင်ပါဘူး။ ဒီအကြောင်းကို ကျွန်တော့် ဘလောက် အရှေ့ပိုင်းမှာ ဖော်ပြခဲ့ဘူး ပါတယ်။ နောက်ပြီး တော့ ဘလောက်တွေထဲမှာ စီးပွားရေး ကြော်ငြာ ထည့်တော့လဲ သူကပဲ ပထမနေရာ ယူသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်ညွှန်းချင်တာက ဒီလို မရေရာသေး ပေမယ့် သေချာတော့မယ့် တနေ့ ကိုမြင်နိုင်ခဲ့တဲ့ အမြင်တွေနဲ့ ယုံကြည်စွာလျှောက်လှမ်း ရဲခဲ့တဲ့ သူတို့ရဲ စွန့်ဦး တီထွင်မှု့ ကိုပါ ဒါ့ကြောင့် ဒီဘလောက်ကတော့ ကျွန်တော်တို့ အားပေးကြည့်ရှု သင့်တဲ့ ဘလောက်တွေထဲ ကတစ်ခုဖြစ် နေတာကို တော့ စာဖတ်သူတွေငြင်းမယ်မထင်ပါဘူး။
နောက်ထပ် နောက်ထပ်သော စီးပွားရေး ဘလောက်များကိုလဲ အလျှင်းသင့်သလို တင်ပြသွားဦးပါမယ်။
ဒီရက်ပိုင်း ကျွန်တော်တို့ ရဲ့ နည်းပညဆိုင်ရာ အခက်အခဲပြသနာ တစ်ခုကြောင့် ၀င်ရောက်ကြည့်ရှု သူများကို စိတ်အနှောက်အယှက်ဖြစ် စေခဲ့ရင် နားလည်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း- - - ။

Type the rest of your post here.
ကဲခုမှတော့ဘာ မှမပြောချင်တော့ပါဘူး။ တာဝန်ယူထားပြီး ပြီးအောင်မလုပ်ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့ အမှားကို နားလည်ပေး ခြင်းနဲ့ ကျွန်တော်တို့ အသိုက်အမြုံလေး တည်တံ့အောင် ၀ိုင်းဝန်းကြတာပေါ့။ ကျွန်တော်တို့ မလုပ်နိုင် သည်များကို ကိုယ်စွမ်းရှိသလောက် ဥာဏ်စွမ်းရှိသလောက် လုပ်ဆောင်နေတဲ့ သူများအား အထူးကျေးဇူးတင် ပါတယ်။ ဒါပေမယ့် နောက်နောင် အခါတွေမှာဖြင့် တစ်စုံတစ်ရာ ပြုလုပ်ကြမယ်ဆို နီးစပ်ရာတွေကို ကြိုတင်အကြောင်း ကြားပေး ချင်းဖြင့် ဒီမိုကရေစီ ဆန်ဆန် လုပ်ဆောင်ပေး နိုင်လိမ့် မယ်လို့ မျှော်လင့်မိ ပါတယ်။ အရင်ပထမ အစည်းအဝေး ပြီးခါစကတည်းက ကျွန်တော်ဖတ်ရမည့် ဘလောက်တွေ ဖတ်ပြီး ရွေးပြီးပါပြီ။ အခုနောက်တစ် ခေါက်ပြန်ဖတ်နေပြီး မလိုသည်များကို ပြန်ခြစ် နေပါတယ်။ အခုပြီးထား သလောက် တင်ပါပြီဗျာ။ စိတ်ထဲ မှာဘယ်လိုမှ မအောက်မေ့ပါနဲ့ ဒါတင်ပြီးရင် လန်ထွက်နှင်းဆီကို တစ်ကျော့ ပြန်လိုက်ပါဦးမယ်။

soezeya.blogspot.com
take care oct -30-2006(ဓါတ်ပုံ)
ကျွန်တော့ခရီးစဉ် nov-27-2006 (ဓါတ်ပုံ)
ဧရာဝတီလင်းပိုင် nov-2-2006(သုတ)
အိမ်ရောင်းရန်ရှိသည်
dec -29- 2006(၀တ္ထု)
ခံစားခြင်း jan-27-2007(ဓါတ်ပုံ)
ငါပြောသလို mar-8-2007(သရော်စာ)
လူမသိသူမသိသို့သော် mar-3-2007(ရသ)
ဆောရီးကိုကို apr-22-2007(ဟာသ)
မြန်မာနှစ်သစ်ကူးပွဲ--- apr-15-2007(သရော်စာ)

smsy.blogspot.com
investing in thai stock 1 To 4 (သုတ)

splendidrose.blogspot.com
ငါ့ရဲ့ည apr-2-06
မှတ်ထင်စွဲလန်းခြင်း apr-19-06
မှတ်ထင်စွဲလန်းခြင်းများ ၁ မှ ၄ထိ apr to- - -
so called my life plan may-4-06
ချစ်သူနှင့်သူ့ကိုချစ်သော- -1 aug-11-06
ညီမလေးများသို့ oct-31-06
catching my soul nov-16-06
my poem from forever young feb-6-07
let me out apr-12-07

stevenalexand.blogspot.com
ကထိန် nov-6-06

spotfm.blogspot.com
တစ်ခုလုံးကိုညွှန်းပါတယ်

soemoeaung.blogspot.com
အင်္ဂလိပ်ရုပ်ရှင်တွေတရုတ်ကားကို- - - Oct-19-06
ကျွန်တော်သိခဲ့ရတဲ့ဒိုဟာ dec-24-06
imaginary to reality feb-20.07
မြန်မာနိုင်ငံသားဘ၀ကိုစွန့်လွှတ်တော့မှာလား - -mar-13-07
an inconvenient truth mar-03-07
သင်သူ့ကိုချစ်နေပြီလား may-24-07

soemin.blogspot.com
video.soemin.net aug-1-06


အခုတလော လက်စမ်းနေပြီး photo shop မတောက်တခေါက်နဲ့ ကဗျာ တွေတင်မိပါတယ် သည်းခံ ဖတ်ပေး ခြင်းကို ကျေးဇူးတင်ပါတယ်။



Type the rest of your post here.
ကလေးတွေ ကျောင်းပြန်ဖွင့်တော့ မည်။ ဘလာဂေါက်ရဲ့ ဇကော စကား ကဗျာ တစ်ပုဒ်တော့ တင်ဦးမှ။ အဲမကြာ ခင်တော့ စုံထောက်ကြီး တက်လော့ဟုန်းနဲ့ သူ့ မိတ်ဆွေကြီး ၀ယ်လဆင်ပွတတို့ ရဲ့ စွန့်စား စုံထောက်ပုံ များ တင်ဆက် သွားပါ့မယ်။ ခုတော့ ကဗျာလေး ရွက်ကြပါ ဦးနော်။

ရွှေ moon မှာ bunny ၀ပ်လို့
ဆန်ဖွတ်တဲ့ grandfather, ဟော look at than,
ဆိုသာဆို more than talker ,
baby crying တိတ်အောင်လို့
shadow to the show ပါတဲ့ ဖိုး moon spirit .
For 2 ရေ... တူတူရေ

ဝါးးးးးးးးးးးးးးးးးးးးးးးးးး
သူကပီကာဆို ရေးဆွဲခဲ့တဲ့ မျက်ကန်းကြီး ပန်းချီကားကို ကြည့်ရင်း ထိန့်လန့်လာ သလိုဘဲပဲဟုပြောလေသည်။ သူ့ကြည့်ရတာ လောကကြီး ဟာကန်းနေ တယ်ဆိုတဲ့ အကြည့်မျိုး ကြီးဗျ။ သူ့ကြောင်တောင် ကန်းမျက်လုံး တွေကို ကြည့်ရတာ စောစော ကပျော်ရွှင် နေတာလေး တွေတောင် ပျောက်သွားတယ်ဗျာ။
ကျွန်တော်တို့ တွေစုပြီး ပြောနေမိတဲ့ အကြောင်းက လူဟာဘာကြောင့် သတ္တလော ကမှာ ထိပ်တန်းရောက် နေရခဲ့တာရယ်။ လူ့ဂုဏ် သိက္ခာ ဟာဘာကြောင့် မြင့်မားနေရ ခြင်းဖြစ်တယ် ဆိုတဲ့ အကြောင်းတွေပါ။
လူဟာ နေစကြ၀ဋ္ဌာ အကြောင်းကို သိတယ်။ နေရဲ့သက်တမ်း ကိုတွက်ပြ နိုင်တယ်။ ကျွန်တော်တို့ ရဲ့နေပါဝင် ဖွဲ့စည်းထားတဲ့ ဂလက်ဆီကြီး ထဲမှာကြယ်တွေ ဘယ်နှစ်လုံးရှိတယ် ဆိုတာရေတွက်ပြနိုင်တယ်။ စကြ၀ဋ္ဌာကြီး ထဲမှာဂလက်ဆီ ကြယ်အုပ်စုကြီး တွေကုဋေ တစ်ထောင်မက ရှိနေတာကို လည်းလူဟာ သိနိုင်မြင်နိုင် သူတွေဖြစ်တယ်။ စကြာဝဋ္ဌာကြီး ထဲကအင်မတန် ကြီးကြယ်တဲ့ အရာတွေအ ကြောင်းကို သိနိုင် စွမ်းသလို အဏုမြူ အောက်သေးငယ် တဲ့ရုပ်မှုန် တွေအကြောင်းကို လည်းလူဟာ သိနိုင်တယ်။ အဏုမြူ စွမ်းအင်တွေ ကို မိမိလိုရာမှာ အသုံးချဖို့ စွမ်းဆောင်နိုင်တယ်။ လူဟာအာကာသထဲမှာ လမ်းလျှောက် ပြနိုင်စွမ်းရှိ သူတွေလဲဖြစ် တယ်။ လူဟာသဘာဝ နိယာမ တွေကို သိတဲ့အသိ နဲ့တီထွင်မှုတွေ အမြောက်အများ လုပ်နိုင်စွမ်းခဲ့ တယ်။ ကွန်ပျူတာခေတ် ကိုလည်းလူဟာ ဖန်တီးနိုင် စွမ်းတယ်ဆို တဲ့ အကြောင်း တွေကိုပြောရင်း လူ့ရဲ့ဂုဏ်သိက္ခာ ကိုမြှင့်တင်နေကြပါတယ်။ ပြီးတော့. . . . . .
လူဟာ လူ့အဖွဲ့အစည်းကြီးကို ပြောင်းလဲစေနိုင်တဲ့ ၀ါဒတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ကိုတည်ဆောက် နိုင်သူလည်း ဖြစ် တယ်။ ဒါတင်မက လူဟာ နက်နဲသိမ်မွေ့တဲ့ အနုပညာ ရပ်တွေကို ခံစားတီထွင် ဖန်တီးနိုင်စွမ်းလဲ ရှိတယ် ဆိုတဲ့ အကြောင်းတွေ ကို ခမ်းခမ်းနားနား ပြောကြရင်း လူ့ရဲ့ဂုဏ်ကို ထပ်မြှင့်ကြ ပြန်ပါတယ်။
ကျွန်တော်ကတော့ မျက်ကန်းကြီး ပန်းချီကား ကိုကြည့်ရင်း တစ်ခါက တောင်ဝှေး တဒေါက်ဒေါက် နဲ့ စမ်းပြီး ခရီးသွား နေတဲ့ မျက်ကန်း ကြီးတစ်ဦး အကြောင်းကို အမှတ်ရနေခဲ့တယ်။ - - - - - - - - - - - -
သူသွားဖူး တဲ့လမ်းကို မှန်းဆစမ်း ၀ါးပြီး သွားရင်း နေ၀င်ချိန် မှာရွာတစ်ရွာ ကိုရောက်တယ်။ ခရီးဆက်သွား မယ့် အဲဒီအကန်း ကြီးကို ကရုဏာ သက်တဲ့ ရွာသားတစ်ဦးက နေ၀င်ပြီးဖြစ်လို့ မှောင်မိုက် သွားပြီဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် မီးအိမ်ဆွဲ သွား ဖို့လို ကြောင်း အကြံ ပေးတယ်။ ဒီအခါမှာ အကန်းကြီးက. . . .
ငါက ကန်းနေတာပဲ၊ မီးအိမ်ဆွဲ သွားတော့ကော ဘာထူး မှာလဲလို့ ပြောတော့ ရွာသားက. . .
မီးအိမ်ကို ဆွဲပြီးလာတော့ ခင်ဗျားကို မြင်တဲ့ သူက ၀င်မတိုက်မိ အောင်ရှောင် သွားနိုင်တာ ပေါ့ လို့ပြောတယ်။ ဒါနဲ့ အကန်းကြီး ကလဲ မီး အိမ် ဆွဲသွားဖို့ သဘောတူ လိုက်တယ်။ ရွာသားကလဲ မီးအိမ်တစ်လုံး မီးထွန်းပြီး ပေးလိုက်တယ်။
အကန်းကြီးက မီးအိမ်ကို ဆွဲပြီးခရီး ဆက်ထွက်လာ ခဲ့တယ်။ မကြာခင်လူ တစ်ယောက်က သူ့ကို ၀င်တိုက်မိတယ်။ ၀င်တိုက်တဲ့ သူကို အကန်းကြီးက - - - -ဟေ့လူ ကန်းနေသလား၊ ဒီမှာ မီးအိမ်ဆွဲ လာတာမ မြင်ဘူးလား- -လို့အော် ငေါက်လိုက်တယ်။ ဒါနဲ့ ၀င်တိုက်တဲ့ သူ က- - -ခင်ဗျား မီးအိမ်ကိုလဲ ပြန်ကြည့် ဦး၊ မီးငြိမ်းနေတာ မသိဘူးလား - -လို့ ပြောရင်းဆက်ထွက် သွားတယ်။
စောစော ကမှလေတိုက် ပြီးမီးအိမ်မီး ငြိမ်းသွားတာကို အကန်းကြီးက မသိလိုက်ဘူး။ အကန်းကြီးကစဉ်းစား တယ်၊ သြော်-အမှောင် ထဲမှာတော့ မကန်းတဲ့သူရော ကန်းတဲ့သူဟာ အတူတူပါလား- -လို့ညည်းညည်း ညူညူပြော ရင်း တောင်ဝှေး တဒေါက်ဒေါက် နဲ့ခရီး ဆက်ထွက်သွား တယ်တဲ့။
တကယ်တော့ဗျာ သပ္ပံအသိတွေ ဘယ်လောက် ရှိရှိ၊ အတွေးအခေါ် တွေဘယ်လောက် ကောင်းကောင်း၊ အနုပညာ ပစ္စည်းတွေ ကို ဘယ်လောက်ပဲ ဖန်တီးနိုင်၊ ဖန်တီးနိုင် လူ့ရဲ့ စိတ်ဖြစ်စဉ်၊ ရုပ်ဖြစ်စဉ် ကိုအမှန် မသိသေးသမျှတော့ လူသတ္တ၀ါ အားလုံးအကန်း တွေချည့် ပါဘဲ။ အ၀ိဇ္ဖာမှောင် မိုက်ထဲမှာတော့ အားလုံးအတူတူပါ ဘဲ။ မမြင်တာခြင်း တူတူပါဘဲ။
ဘ၀ခရီးမှာ ကြုံတွေ့ ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို မချစ်ခင် မနှစ်သက် မလိုလားစရာ၊ အော့နှလုံးနာစရာ တွေအဖြစ် အလွဲမှား မြင်ပြီး စိတ်ပျက်စိတ်ဆိုး မှု့တွေဖြစ် မှာဘဲ။ အင်မတန် ချစ်စရာ ခင်စရာ နှစ်သက်မြတ်နိုး တွယ်ဖက် ထားစရာတွေ လို့အလွဲ မှား မြင်ထားတာ တွေနဲ့ ခွဲခွာရ စွန့်လွှတ်ရတဲ့ အခါ ၀မ်းနည်း ကြေကွဲမှု့ တွေ၊ နှမြောတသမှု့ တွေ ဖြစ်ဦးမှာဘဲ။ သေခြင်းတရား နဲ့ ရင်ဆိုင်တိုးတဲ့ အခါမှာလဲ ကြောက်လန့် စရာအဖြစ် အလွဲမှားမြင်ပြီး ညှိုးညှိုး ငယ်ငယ်၊ ပင်ပင်ပန်းပန်း ထိတ်ထိတ် လန့်လန့်ဖြစ်ဦး မှာဘဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကို ပန်းချီကားထဲက အကန်းကြီးက အမှန်တရား ကို မမြင်နိုင်တဲ့ အကန်းတွေအဖြစ် ကြည့်နေတယ် ထင်တာဘဲ။
သူတို့ပြော တဲ့လူ့ဂုဏ်သိက္ခာ ထဲမှာ လူ့ရဲ့စိတ်အစဉ်။ ရုပ် အစဉ်ကို အမှန်ဖြစ်နေ တဲ့ အတိုင်းသိတဲ့အသိ၊ တစ်နည်း ပြောရရင် လူကိုလူ ကအမှန်အတိုင်းသိတဲ့ အသိကို ဖြည့်ဖို့ လိုသေးကြောင်းကို ကျွန်တော် ကပြောမလို့ ပဲဗျ။ ဒါပေမယ့် သူတို့ စကားဝိုင်းသိမ်းပြီး လူစုခွဲ သွားခဲ့ ကြတယ်။ ကျွန်တော်လဲ မမှောင်ခင် အိမ် ကိုပြန်မှဘဲ ဆိုပြီး ခတ်သုတ်သုတ် ထွက်လာခဲ့ပါတယ်။
ဆရာနန္ဒသိန်းဇံ ၏ အသွင်သဏ္ဍန်တို့၏နောက်ကွယ်စာအုပ်မှ


်လွမ်းတယ်ကွယ်၊
ဟိုးကောင်းကင်ထက်
လင်းလက်လက်ကြယ် တိမ်ဆိုင်တွေကြား
ခရီးသွားရင်း ဒေသသစ်ရှာ
နင်လဲရင်ခွင်သစ်ရှာနေပြီလား။

သတိရတယ်ကွယ်
ဥသြငှက်ရဲ့ ရင်ကွဲသံစဉ်ကြား
နင်ထားရစ်ခဲ့ အလွမ်းများ
ပြန်ရလေမလားအတွေးနဲ့
တမ်းတမ်းတတ မျှော်နေမိပါရဲ့။

နှောင်ကြိုးတွေနဲ့
ချည်ထုံးခံလိုက်ရတဲ့ ငါ့အသဲ၊
သံယောဇဉ်ထားလဲ မမြဲခဲ့ပါဘူး
မျက်ရည်ကကြိုးနဲ့ အသဲကွဲသံစဉ်
အဖော်မဲ့လွင်ပြင် မှာ
တိုးတိတ်ရွက်ဆို
ငါငိုငါရစေ
နင်နားလည်ပေးမယ်ဆို
ငါငိုချင်တယ်ကွာ။ ။ ။
on the internet, nobody know you are a dog.

အနောက်တိုင်း အယူအဆမှာ ၈ ဂဏာန်းဟာကျန်း မာရေး၊ အသက်အန္ဒရာယ် စတာတွေနဲ့ ပတ်သက်နေတယ်တဲ့ ကျွန်တော်သူ့ စာကိုဖတ်ပြီး ကျွန်တော့်ဆေး စာအုပ်လေးကို ရုတ်တရက်တွေ့ သွားခဲ့မိတယ်။ အဲဒီမှာ ဘာပုံပါ သလဲဆို တော့ အားလုံးက ကြက်ခြေနီ တံဆိပ် လို့သိကြ တဲ့ ဆေးခန်းအမှတ် အသားလေး။ ကျွန်တော်စိတ် ကူးမိ တယ်၊ ဒါ ငါတို့ရဲ့ ချစ်ခြင်း သင်္ကေတဘဲ လား။ အရောင်က ကျွန်တော် နှစ်သက်တဲ့ အနီရောင်လေး၊ ကြက်ခြေ ခတ် လို့ခေါ်ပေ မဲ့ သူလေးက အပေါင်းလခဏ္ဍာ။ စုစည်းခြင်း၊ ပေါင်းစပ်ခြင်းကို ရည်ညွှန်း တယ်ပေါ့လေ။ ကိုယ့်အတွေး နဲ့ကိုယ်တော့ ကောင်းမြတ်တဲ့ အရာလို့ထင်မိ တယ်။ အမှန်ပါဘဲ၊ ဘယ်လိုဖြစ်ဖြစ် ဒီသင်္ကေတလေး ကိုကျွန်တော် တို့နှစ်ယောက် ရဲ့ချစ်ခြင်း အထိမ်းအမှတ် အဖြစ်တဖက်သက် သတ်မှတ်ဖြစ်ခဲ့တယ်။ သူငယ် ချင်းတွေက တော့ ပြောကြတယ် မင်းဟာက ကဗျာမဆန် လိုက်တာတဲ့။ ကဗျာမဆန်တဲ့ ကျွန်တော့် သင်္ကေတနဲ့ အတူ ကျွန်တော် သူနဲ့ပတ် သက်ပြီး ကဗျာတွေ အများကြီးရေး ခဲ့ဘူးတယ်။ သူကစာဖတ်တာ ၀ါသနာကြီး သူပီသစွာ ကျွန်တော် ပေး တဲ့စာတွေကို အမြဲဖတ် တယ်။ ကျွန်တော် မရေးဖြစ်ခဲ့ ရင်တောင် မဂ္ဂဇင်းတိုက် ပိုင်ရှင် လေသံ နဲ့ ကျွန်တော့်နှလုံးသား စာမူကို နှုတ်ခမ်း လေးတစူစူ နဲ့လာလာတောင်း တတ်သေးတယ်။ စိတ်ထဲမှာကြည်နူး မိတာတကယ်ပါ။ ကျွန်တော် သူ့ကိုလောက် ဘယ်သူ့ကိုမှ ဂရုတစိုက် မချစ်ခဲ့ဖူးဘူး ။ ဆုံးရှုံးရမှာ သိပ်ကြောက်ခဲ့တယ်။ ကြောက်တဲ့ သူဟာ အခါခါ သေရသတဲ့။ ဒီစိတ်နဲ့ ကျွန်တော် သူ့အပေါ်ထား ခဲ့တဲ့ မျှော်လင့် ချက်တွေနဲ့ အတူ တိုင်းဆမရတဲ့ သံ ယောဇဉ် မေတ္တာတွေနဲ့ အချစ်စိတ်ကူးတွေ ရင်ခဲ့တယ်။ အိပ်မက်တွေမက်ခဲ့ တယ်ပေါ့။
တကယ်တော့ကျွန်တော်သူ့ ကိုဆုံးရှုံးလက်လွှတ်ခဲ့ရတယ်။
လောကကြီးမှာ နှာစေးမှာရယ်၊ ဆူး စူးမှာရယ်၊ မင်းမုန်းမှာရယ်အကြောက်ဆုံးဘဲ။ အဲဒီတုန်းက ပေါ့လေ။ တော်တော်လေး ခံစားမိခဲ့တယ်။ ။ ။

ပူလောင်တက်မက်မှု့မျက်လုံးတွေနဲ့
နှလုံးသားကိုညာနေတာရွံတယ်။

ကပျစ်ကညစ်နေတတ်ခဲ့ပေမယ့်
ချစ်ခြင်းမေတ္တာကို ကပျက်ကချော်မလုပ်တက်ခဲ့ဘူး။

ဘ၀က ကသီလင်တနိုင်ပေမယ့်
အချစ်ဆိုတဲ့ကောင်ကို ကျကျနန မွေးမြူထားတဲ့ကောင်ပါ။

ပုပ်သိုးခဲ့တဲ့ရက်ဆွဲတွေမှာလဲ
အလွမ်းတွေထောင်း လမောင်းကြေလို့
အချစ်၊ အလွမ်း ကလွဲပြီး
ဘာမှမသိတဲ့ နလပိန်းတုန်းကောင်ပါ။

ထီပေါက်မဲ့ကံတရားကို
ယုံကြည်မျှော်လင့်လို့ရတယ်။
ငါ့ချစ်ခြင်းကအဖွင့်မှာရင်ကြိုးခဲ့ရတဲ့အဖြစ်။

နည်းနည်းစီချကျွေးနေတဲ့
ကုသိုလ်ကံတရားလေးပေါ်မှာဘဲ
ငါက ရသေ့စိတ်ဖြေ နေခဲ့ရသူလေ။ ။ ။
ပြန်လာမယ်ဆိုတဲ့အတွေးတွေနဲ့ပါ
ဟောဒိသန်းခေါင်ယံ ကလဲ
အမှောင်ကိုတွယ်ကတ်နေသေးတယ်
တရက်ပြီး တရက်မြန်မြန်ထွက်သွားကြစမ်းပါ
အပြင်းပြေ CD ခွေတွေတောင်တွားသွား
သက်ပြင်းတွေကတော့ဖြင့်သားနားနေပေါ့။

ကဗျာခဏခဏစပ်တာတောင်
သန်းခေါင်မလွှဲနိုင်တဲ့
တချိန်လုံး (မျက်လုံး) မှိတ်ထားပေမယ့်
နာရီတရွေ့မှအိပ်မရခြင်းတွေနဲ့အတူ
၉၉ ခါမက စိတ်လေခဲ့ရတဲ့

နာရီတွေနဲ့ငါ ဘယ်သူက သစ္စာမဲ့နေတာလဲ
ဟောဒီခေါက်ရိုးကျိုး အတွေးတွေနဲ့အတူ
အမှောင်ထုနဲ့ အခါခါရိုက်ပုတ်တဲ့
အဲဒါ
မင်းကိုလွမ်းတဲ့ ပေါ့  " "။ ။ ။
အချိန်ကတော့ နပိုလီယံ ၏တပ်ဖွဲ့များရုရှားကိုကျူးကျော် နေချိန်၊ တိုက်ပွဲများဖြစ်ပွား နေရင်း နပိုလီယံ တစ် ယောက်သူ့ တပ်သားများနှင့် လူစုကွဲသွား ခဲ့သည်။ နပိုလီယံလဲ တစ်ယောက်ထဲ လျောက်သွားနေ ရင်းသူ့ကို ရုရှား ကော့ဆပ် တပ်သားတစ်ဖွဲ့ ကတွေ့သွားလေသည်။ သူ့နောက်ကို အတင်းလိုက်လာ တဲ့ကော့ဆပ် တပ်သားတွေ လက်ထဲက လွတ်မြောက်အောင် နပိုလီယံ တစ်ယောက် အတင်းထွက်ပြေးတော့ သည်။ ပြေးရင်းလွှားရင်း လမ်းကွေ့ တစ်ခုအရောက် မှာတော့ သားမွှေးထည်များ ရောင်းချတဲ့ ဆိုင်ကလေး တစ်ခုကို တွေ့တာနဲ့ ဆိုင်ထဲဝင် ပြီးပုန်း ဖို့ကြိုးစားတယ်ပေါ့လေ။ ဆိုင်ထဲ အရောက်မှာ ဆိုင်ရှင်ကို သူ့အားကယ် ဖို့တောင်းပန်တဲ့ အခါ ဆိုင်ရှင်က " ဟိုး ထောင့် ကသားမွှေးထည်တွေ ပုံထားတဲ့ အောက်ထဲ ၀င်ပုန်းနေလိုက်" လို့ပြောတဲ့အခါ သူလဲ ထိပ်ထိပ်ပြာပြာ နဲ့ သားမွှေးပုံကြီးအောက်ထဲ အတင်းတိုးဝင်ပြီးပုန်းနေလိုက်ပါတယ်။ မကြာခင် မှာဘဲစစ်သားတွေ ရောက်လာပြီး ဆိုင်ရှင်ကို မေးပါတယ်။ " ဟေ့ ခုနက လူတစ်ယောက် ၀င်သွားတာတွေ့တယ်၊ ဘယ်မှာလဲ ဘယ်ပြေးသွားလဲ၊ ပြောစမ်း " ဆိုပြီး အတင်းဝင်ရောက် ရှာဖွေကြ ပါတယ်။ သူတို့တွေက သားမွှေးပုံကြီး ကိုလဲလှံစွပ် တွေနဲ့အကြိမ်ကြိမ် ထိုးကြပြီး တစ်ဆိုင်လုံး စိတ်ကြေနပ်အောင် မွှေ နှောက်ပြီးမှ ပြန်ထွက်သွားတော့တယ်။ ခဏလောက်ကြာရော နပိုလီယံ လဲသားမွှေးပုံ အောက်က လေးဘက် တွားသွားပြီး ထွက်လာပါတယ်။ တစ်ကိုယ်လုံး လဲချွေးတွေရွှဲလို့။ အဲဒီအချိန်မှာဘဲ နပိုလီယံရဲ့ တပ်သားတွေလဲ ဆိုင်ထဲ ၀င်လာပါတယ်။ နပိုလီယံ ကဆိုင်ရှင်ကို ကျေးဇူးတင်တဲ့အကြောင်း ပြောတဲ့အခါ ဆိုင်ရှင်က " တမျိုး တော့မထင် ပါနဲ့ ခင်ဗျာ၊ တစ်ခုလောက် မေးလို့ရမလား၊ ဒီလိုကြီးကျယ် မြင့်မြတ်တဲ့ သူတစ်ယောက် အနေနဲ့ ခု နက အဖြစ်အပျက်မှာ ဘယ်လိုများ စိတ်ထဲက ခံစား ခဲ့ရလဲ သိချင်လို့ပါ။" ဒီလိုလဲ မေးလိုက်ရော နပိုလီယံရဲ့ မျက်နှာက ချက်ချင်း တင်းမာသွားပြီး "ဟေ့ ငါ့လူများ- ဒီလိုမျိုးငါ့ ကိုမခန့်လေးစား ပြောတဲ့ လူမိုက်ကို သုတ်သင် ရမယ်။ အခုဘဲ သူ့ကိုဖမ်းပြီး မျက်နှာကို အ၀တ်နဲ့စီးလိုက်၊ ပြီးရင်သူ့ကို သတ်ရမယ်။" လို့ပြောတော့ စစ်သား တွေက ဆိုင်ရှင်ကို ချက်ချင်း ဖမ်းဆီးတုတ်နှောင်ပြီး မျက်နှာကိုအ၀တ်နဲ့စီးပြီး ဆွဲထုတ်သွားကြပါတယ်။ ဆိုင်ရှင် လဲကြောက် လွန်းလို့တဆတ်ဆတ် တုန်နေတာပေါ့။ အပြင်ရောက်တော့ နံရံတစ်ခုကို အမှီခိုင်းပြီး မက်တက် ရပ်ခိုင်း လိုက်ပါတယ်။ သားမွှေးသည် လဲတုန်လှုပ်နေပြီး လေကလေးတွေသူ့ နားကိုတဖျက်ဖျက်တိုး သွားတာက အစ သိနေရ တယ်။ စစ်သားတွေ သေနတ်မောင်း ချိန်တဲ့ အသံ အမိန့်ပေးနေသံတွေကသူ့ ကိုပိုလို့ခြောက်ခြား စေတာပေါ့။ အခုသိနေရတဲ့ အရာတွေ မကြာခင်ဆုံး ရှုံးရတော့မယ်။ ကိုယ့် ကိုကိုယ် ဆုံးရှုံး ရတော့မယ် ဆိုတာ တွေ တွေးလိုက်တော့ တော်တော်ဘဲ ၀မ်းနဲလာ ပြီးပါးပြင်ပေါ် ကိုမျက်ရည်တွေ စီးကျလာခဲ့တယ်။ တကယ်တော့ သူမသေ ချင်သေးဘူးလေ။ ရုပ်တရက် အသံတွေတိတ်ဆိတ် သွားပါတယ်။ သူ့အသက်ရှုသံ ကိုသူကိုယ်တိုင် ပြန် ကြားနေရပြီ။ သူ့နားကိုလာနေတဲ့ ဖြေသံတစ်ခု ကိုသူကြားနေရတယ်။ ခြေသံရပ်တန့် သွားတဲ့အခါ သူ့မျက်နှာ မှာစီးထား တဲ့အ၀တ်ကို တစုံတစ်ယောက်ကဆွဲ ဖြုတ်လိုက်ပါတယ်။ ရုတ်တရက် အလင်းရောင်ကို ပြန်မြင်ရ တော့ ဘာမှသဲသဲ ကွဲကွဲမမြင်ရဘူး၊ အားလုံးေ၀၀ါး နေတဲ့ကြားက သူ့ကိုစိုက်ကြည့်နေ တဲ့မျက်လုံး တစ်စုံကို သူ တွေ့လိုက် ရတယ်။ သူ့အကြည့်က အားလုံးကို သူသိနေ တဲ့ပုံနဲ့ ကြေနပ်နေတဲ့ သဏ္ဍန်ပေါက်နေတယ်။ နပိုလီယံက သားမွှေးသည်ကို ပခုံးပုတ်ရင်း ပြောလိုက်တယ်။ " ကဲ ကိုယ့်လူ၊ သိပြီလား" တဲ့။ ။ ။
အရာတိုင်းဟာ ကိုယ်တိုင်ကြုံဘူးမှဘဲ သိတဲ့ အရာတွေရှိတယ်။ ဒါကြောင့် မခံစားဘူ ရင်ကိုယ်ချင်း မစာတတ်သူ တွေကို တခေါက်လောက် ပေးပြီးခံစား စေချင်တယ်။
Steven Andress, Napoleon and the furrier
ဆရာဖေမြင့်၏နှလုံးသားအဟာရစာအုပ်မှ

"ည"
ည - ဒီညပေါ့ အိပ်မရခဲ့တာ
ကြေမွနေတဲ့ အတိတ်ဟောင်းကို
ဖြန့်ကြည့်ချင်တဲ့ ငါဟာ မှားနေခဲ့တယ်လေ။

ပင်လယ်ရေအရ သာကိုခံစားဖို့က
အုန်းစိမ်းရေ ထက်သာမယ် ထင်ခဲ့တာကိုး။

ခွင့်လွှတ်တယ်ဆိုတာ မင်းအတွက်
ငါ့ရဲ့တန်ဖိုးအကြီးဆုံး လက်ဆောင်ဘဲလေ။

ဒီတန်ဖိုးအတွက် ပေးဆပ်ခဲ့ရတဲ့ငါ့ရဲ့ ညတွေ
မင်းအိပ်ပျော် နေမှာပေါ့။

ရင်ထဲကခုန်နှုန်း ပေါက်ကွဲမဲ့မီးတောင်တစ်လုံးလို
တ၀ုန်းဝုန်းနဲ့ ဘင်သံတွေလိုညံနေခဲ့တယ်။

ထားပါတော့ ရှိစေတော့
မင်းချစ်ခဲ့တဲ့ငါဟာ မင်းချစ်တဲ့အချစ်နဲ့ဘဲ
မင်းချစ်တာကိုခံချင်ခဲ့သူပါ
ဒါကိုအတ္တလို့ခေါ်မလား?

ဒါဆိုငါလဲဒီည မအိပ်တော့ဘူး
မင်းအိပ်ပါတော့။ ။ ။
ဆရာဝန်က မေးတော့ သူကဘဲကျွန်တော့် ကိုယ်စား ၀င်ဖြေသွားတယ်။ "ဆရာ- သူက ညဘက်ဆို အဖျားပိုတက် တယ်" ။ သူပြောတာ မှန်နေတော့ ကျွန်တော်လဲ ဘာမှဝင် မပြောဖြစ် ပါဘူး။ သူကလဲ ဆရာဝန်တစ် ယောက်ရဲ့ သ မီးဆို တော့ကျန်းမာ ရေးဗဟုသုတ အတော်အသင့် ရှိပုံရတယ်။ နောက်တော့ ဆရာဝန်က ထပ်ပြောတယ်။ "သမီး ဒီမှာကြည့် "ဆိုပြီးကျွန်တော့် နှာခေါင်းထဲ ကိုဓါတ်မီးနဲ့ ထိုးပြပါတယ်။ " နှာခေါင်းဟိုး အထဲက ထိပ်မှာ ယောင်နေ တာတွေ့လား၊ ဆရာထည့် ဖို့ရော သောက်ဖို့ပါ ဆေး ပေးလိုက်မယ်၊ တခါထည့်ရင် ဆေးရည်နှစ်စက်နဲ့ တနေ့ နှစ် ကြိမ်သေသေ ချာချာ ထည့်ပေးနော်၊ နဲနဲလောက် သမီးဂ ရုစိုက်ပေးပေါ့၊ အညှော် မိလို့ မရဘူး၊ ဒီအနာရှိန်ကြောင့် အဖျား မကျဖြစ် နေတာ။" လို့ပြောပါတယ်။ ဆရာဝန်က ကျွန်တော် တို့နှစ်ယောက် ကိုဘာထင်လဲ တော့မသိဘူး၊ ကျွန်တော်က ကြားထဲ ကမျက်နှာပူပေ မယ့်သူကတော့ ဘာမှမဖြစ် သလို အေးအေး ဆေးဆေးဘဲ။ ဆရာဝန်နဲ့ တောင်စကား စမည်ပြောနေ လိုက်သေး။ ဆေးတော့မထိုး ဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ကျွန်တော် တို့ဆေးခန်း ကပြန်ခဲ့ ကြပါတယ်။ ဆေးတွေမှန်မှန် သောက်ဖို့ တဖွဖွ မှာရင်းသူလဲ ပြန်သွားခဲ့တယ်။ နေ့လည်လောက် ကျတော့ ကျွန်တော့် သူငယ်ချင်းတယောက် ရောက်လာ ပြီး စာ တစောင်သူ ပေးခိုင်းလိုက် လို့ဆိုပြီး လာပေးသွားတယ်။ ကျွန်တော့်ချစ်သူ ရဲ့စာပေါ့၊ ကျွန်တော်ဖောက် ဖတ်ကြည့် လိုက်တော့ သူကျွန်တော့်ကို ချစ်ပါတယ်ဆိုတဲ့ အကြောင်း၊ စိတ်မညစ်ဖို့ ၊နေကောင်းအောင်နေဖို့၊ ဆေးမှန်မှန် သောက်မှ အဖျားမြန်မြန် ကျပြီးသူ လဲစိတ်အေးရ မှာဖြစ်ကြောင်း၊ စတဲ့မှာတမ်းတွေ တလှေကြီး ခြွေထားတဲ့ သူ့ ရဲ့ အဖြေပေးတဲ့ စာဖြစ်နေပါတယ်။ ကျွန်တော်သူ့ အချစ်ကို ရလိုက်ပါတယ်။ ကျွန်တော်လဲသူ့ ကိုချစ်ခဲ့ ပါတယ်။ ဒါတွေဟာ ကြာရှည်ဖြစ်မယ်မှန်း မသိခဲ့လို့ အရမ်း ပျော်ခဲ့ပါတယ်။ နှစ်ကိုယ် ကြားဖြစ်ခဲ့ တဲ့အချစ်အကြောင်း တွေ ကို သူနဲ့ကျွန်တော်ကဘဲ အသိဆုံးနေမှာပါ။ ကျွန်တော့် စိတ်ထဲမှာသူ့ ကိုတကယ်ချစ်ခဲ့ သလို သူလဲ ကျွန်တော့် ကိုတကယ် ချစ်ခဲ့တာလို့ဘဲ ထင်ခဲ့တယ်။ အဲဒီအချိန်တုံးကပေါ့လေ။ ထင်လောက်တဲ့ အကြောင်းတွေလဲ မကုန် လောက်အောင် ရှိခဲ့တာကိုး။ သူနဲ့ ကျွန်တော် တနေ့ကို စာတစ်စောင်စီ ပေးကြရင်း စာအစောင်ပေါင်း ရာနဲ့ချီခဲ့ အောင် ကဗျာတွေ စာတွေ ဖွဲ့ ဘူးကြတယ်။ ချစ်ခဲ့ဖူးကြတယ်။ ဒါနဲ့ နေပါဦး ကျွန်တော့် သင်္ကေတလေး အကြောင်း ဆက်ရအောင်၊ သူကျွန်တော့်ကို အဖြေ ပေးတဲ့ နေ့က October 17- -ပေါင်းရင် ၈ ဂဏာန်းရတယ်။ ၈ ဂဏာန်း ဟာ ကျွန်တော့်မွေးနေ့ ဂဏာန်းပါ။ သူ့ကိုအင်္ဂါ ဂြိုလ်က စိုးမိုးပြီး မီးအသွင်ကိုဆောင်ပါတယ်။ ကျွန်တော်က အင်္ဂါ နေ့မွေးတဲ့ သူ။ နံသင့်ဂြိုလ် ကလဲ ၈ ဘဲလေ။ ၈ ဆိုတဲ့ အနီရောင်ကို ညွှန်းဆိုတဲ့ ဒီဂဏာန်းက ကျွန်တော့် အပေါ် တိုက်ပွဲ တစ်ခု လို့ ရည်ညွှန်းခဲ့တာ မသိလိုက်မိဘူး။ ။ ။
အဖေ
ကျွန်တော် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅- နှစ်- - -ငါ့ဖေဖေက မသိတာ ဘာမှမရှိဘူး။
၆- နှစ်- - -ငါ့ဖေဖေက မင်းအဖေထက်တတ်တယ်ကွ။
၈- နှစ်- - -တို့ဖေဖေက အကုန်လုံးတော့လဲအတိအကျ မသိဘူး။
၁၀- နှစ်- - -အဖေ တို့ငယ်ငယ် တုန်းကနဲ့ အခုကတခြား စီပဲ။
၁၂- နှစ်- - -အင်း အဲဒါတော့ အဖေလဲဘယ်သိ ပါ့မလဲ။သူ ကအသက်သိပ်ကြီး လာပြီဆိုတော့ ငယ်ငယ်က အကြောင်းတွေမမှတ်မိ နိုင်တော့ဘူး။
၁၄- နှစ်- - -အဖေ့တော့ထည့်မပြောနဲ့ကွာ၊ သူကရှေးရိုးသမားကြီး။
၂၁- နှစ်- - - အဘိုးကြီးလား။ - -ထားစမ်းပါ။ အောက်နေပြီကွ၊ သိပ်အောက်နေပြီ။
၂၅- နှစ်- - -အဖေလဲနည်းနည်းပါးပါး တော့သိတယ်။ မသိလို့လဲ မဖြစ်ဘူးလေ၊ သူကလူကြီး ဘဲဟာ။
၃၀---အဖေကို နည်းနည်း ပါးပါးမေး ကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာဘဲပြောပြောသူ ကအတွေ့အကြုံ အများ ကြီးရှိတယ်။
၃၅- နှစ်- - -အဖေ နဲ့ တိုင်ပင်ပြီးမှဘဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀- နှစ်- - -အဖေ သာဆိုဒီ ကိစ္စဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေကအတွေ့ အကြုံစုံတယ်။အမြော် အမြင် ရှိတယ်။
၅၀- နှစ်- - -ဒီကိစ္စ ခုနေသာ အဖေနဲ့တိုင်ပင် ခွင့်ရရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့ အရည် အချင်း တွေသူရှိနေတုန်းက ကောင်ကောင်း သတိမထားမိတာ နှမြောစရာ ကောင်းတယ်။ တကယ်ဆို ငါ့အဖေ့ ဆီက ပညာတွေအများကြီးရလိုက် ဖို့ကောင်းတယ်။
Ann Landers ၏ My father when I was
ဆရာဖေမြင့်၏ နှလုံးသားအဟာရစာအုပ်မှ

ပြောရဦးမယ်
computer တလုံး printer တခုနဲ့
ပင့်ကူရဲ့ graphic design ထက်လှဖို့
ဦးဏှောက်ကို အလုပ်ရှုပ်
edit ကစုတ်စုတ်။ ။

Software တွေတပုံတပင်နဲ့ အကုန်အစင်ရဖို့အရေး
ငါ့မျက်လုံးတွေအလေးပေး။ ။

CPU ကမှားမတဲ့လေ ၊ Virus ကြောက်ရတာကိုး၊
network ကွန်ယက်၊ Local နဲ့ inter, world wide web မှာအလုပ်လုပ်
internet မှာအလုပ်ရှုပ်။
standard bar နဲ့ tool bar ဘာတွေကမှားမလဲ
window ရဲ့ vista ၊ apple ရဲ့ mac ဘယ်ကောင်ကကောင်းသလဲ။
ဒါပေမယ့် microsoft ကဘုရင်တဲ့လေ။

သင်သမျှထဲက Access နဲ့ Excel, word နဲ့ photoshop,
ဘာတစ်ခုမှငါမလုပ်၊ turbo c နဲ့ ပုံသေနည်းတွေကသာအလုပ်ရှုပ်၊
ဒါ programmer အလုပ်တဲ့လေ။

Program တစ်ခု rum ဖို့အရေး
အချိန်တွေမနဲပေးနေရတယ်။
keyboard ကိုတဂျောက်ဂျောက်နှိပ်ရင်း
ငါလဲရူးရတော့မယ်။ ။ ။
အတ္တ
အား-- သယ်ထားလိုက်ရတာ
အလေးကြီးပေါ့။
တဖက်သက်
အယူအဆတွေ မစွန့်နိုင်ဘူး
ရင်မှာ အုပ်မြစ်ကျနေပြီ။
အမေရိကန်မှာ မကြာခင်က ဖွင့်လှစ် လိုက်တဲ့ မဟာချောက်ကြီး ပေါ် ကအိပ်မက် တံတားကို နာမည် ကျော်blog တခုဖြစ်တဲ့ sixfaces ကဖော်ပြထားပါတယ်။ သွားကြည့် လိုက်ရင် အံ့သြ သွားလိမ့်မယ်။

စက်တွေလဲ ကိုယ်တိုင်ထွင်တတ်တယ်
ဒီလိုကိုယ်ပိုင်ဒီဇိုင်းလဲရှိတယ်
သူပေါ့ စိုင်မိုးနိုး
ဆိုင်းဘုတ်ကအလန်နော်

မြန်မာ စကားမှာရှိ တယ်မဟုတ်လား။ အိမ်ထောင်မှု့ ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဒီသုံးမျိုး အချက်မပိုင်ရင် နောင်ပြင်ရန် ခက်တဲ့ အမျိုး လို့အဆိုရှိလေ တော့ ဒီနေ့ လူငယ်တွေ ထဲက body art, tattoo လို့အသိများ နေတဲ့ ဆေးမင်ကြောင် ထိုးကြမယ်ဆို တနေရာ ကိုညွှန်းချင် ပါတယ်။ အသက် ၂၅ နှစ်လောက်ကျော် နေတဲ့ ယနေ့လူ ငယ်တွေထဲ ကတော့ မသိသူနည်းပါ လိမ့်မယ်။ သူကတော့ အဖိုးကြီး လို့အမည်ရတဲ့ ဆေးမင်ထိုး ဆရာကြီးပါ။ ရှေး အစဉ် အဆက် မြန်မာမှု စုတ်ထိုးနည်း ကိုမျိုးဆက် မပြက်အောင် ထိန်းသိမ်း ခဲ့သူပါ။ အမည်ရင်းကတော့ စိုးမိုးနိုင် ပါ
ရှေးနည်းဖြစ်တဲ့ စုတ်တံနှင့် ထိုးခြင်းကို ပိုင်နိုင်ပြီး လုပ်သက် နှစ်ပေါင်းသုံးဆယ် ကျော်ခဲ့ပါပြီ။ နယ်တကာလှည့် ပြီး ဘုရားပွဲတွေ မှာထိုးနေရာက အခုပုဇွန်တောင် စာတိုက်ရှေ့ ကကိုးသိန်း လဖက်ရည်ဆိုင်ဘေး မှာအထိုင်ချ ခဲ့တာဘဲ ဆယ်စုနှစ် တစ်ခုကျော် ခဲ့ပါပြီ။ ဇော်ဝင်းထွဋ်၊ ရင်ဂို တို့လို နာမည်ကြီး တွေမှာလဲ သူ့ လက်ရာ မကင်းခဲ့ ပါဘူး၊ နှစ်စဉ် ရုရှား၊ ပြင်သစ် နဲ့ တခြားဥရောပ သားတွေက သူ့ရဲ့ ဘီးလူးခေါင်းပုံ လက်ရာတွေ ကိုနှစ် သက်လို့ မကြာခဏ လာရောက်ထိုး ကြပါတယ်။ ထိုင်ဝမ် အထိသူ့ လက်ရာကြော်ကြား ပါတယ်။ မနှစ် ကနာမည် ကျော်ခဲ့ တဲ့ ဘီလူး ဇာတ်ကားထဲ ကဘေလုဝ ရဲ့ရင်ဘက်က အရုပ်တွေ။ ကင်းကောင်ကိုယ်ပေါ် ကအ ရုပ်တွေဟာ အဖိုးကြီး လက်ရာတွေပါ။ ကိုယ်တိုင်က မြန်မာ မှု့ ပန်းချီအတတ်ကို တတ်မြောက်သူ ဖြစ်တဲ့ အပြင် တခါသုံး အပ်တွေကိုသာ အသုံးပြု ပြီး စုတ်ထိုးခြင်း။ ဂျာမနီဆေး ကိုသာ အသုံးပြုခြင်းတွေ ကြောင့် ဈေးတော့ အတန်ငယ် များပါလိမ့်မယ်။ သို့သော်လဲ ကျန်းမာရေး အရရော လက်ရာမှာပါ စိတ်ချရပါတယ်။
ဘလာဂေါက်ရဲ့ body art တွေလဲ လွန်ခဲ့တဲ့ ၅နှစ်လောက် က ထိုးထားတဲ့ အဖိုးကြီးလက်ရာတွေပါ ဘဲ။
ဖောဖောသီသီကြော်ငြာမှု့နဲ့
လူတွေရဲ့ပေါ့ဆချင်းခံရသူ၊
အခု
ကိုယ့်တမံကိုယ်တုတ်ရင်း
မြစ်ကျိုးအင်းလို ဟန်ဆောင်နေရ။

ပြန်ဆည်ခွင့်မရှိသောမြောင်းများ
ကျောင်းမျာမသင်တဲ့ပညာ
နည်းနည်းတော့ လိမ္မာလာပြီ။

ဟော-- -- ဒီမှာ
ဝန်ပိုတင်ဆောင်လာ ရွက်သင်္ဘော
မောကြီးပန်းကြီး ပင်လယ်ကို
အလျားလိုက် ဖြတ်ပြီးမှ
ကမ်းကပ်ခွင့် မရရှာသေး။ ။
ဒီတလောဘလောက်တွေ ဘက်မလှည့်နိုင် တာကြာပါပြီ။ marketing တွေလှိမ့်ဆင်း နေလို့ပါ။ ဒါနဲ့ဘဲဟိုသွားဒီ သွားလုပ်နေရင်း ကိုယ့်စားရိတ်ကိုယ်စိုက် market လိုက်နေသူ မို့ကြာတော့ခရီး စားရိတ်ပြတ်တော့တာ ပေါ့။ တနေ့တနေ့ ငတ်တလှည့် ပြတ်တလှည့် သွားလာလုပ်ရှား နေရင်း ဒီနေ့တော့ ရုံးအပြန် ရန်ကုန်မြို့ ရဲ့မီထရို ကို သွားအစီး ခလုတ်တိုက် လိုက်တာခြေမ ကွဲလို့ ထောက်လှမ်းရေးဖြစ်သွား ရပါတယ်။ တကယ်တော့ အသပြာ၁၀၀ ကိုနှမြော လိုက်တာ ဆေးဖိုးကုန်တော့မယ်လေ။ ၁၀၀ ဖိုးလမ်းလျောက်ရင်း နဲ့မှ ငွေ၁၀၀ ရဲ့တန်ဖိုး ဘယ်လောက်ရှိ လဲဆို တာသိရပါမယ်။ ခရီးနဲ့တွက်ရင် ငွေတရာဟာ မိုင် အစိတ်လောက် တန်ကြောင်း အားလုံး သိကြရင် ကောင်း ပါမယ်။ ဓါတ်ပုံတွေအတင် လွန်သွားလို့ ဘလောက်ဂါကပေး ထားတဲ့ နေရာကုန်နေ ပါပြီ။ ဒါပေမယ့် ကြိုး စား တင် ကြည့် ပါဦးမယ်။
မနေ့က ၆-မေ-၂၀၀၇ တနင်္ဂနွေ နေ့ထုတ် ကြေးမှုံသတင်းစာ မှာ၅-မေ-၂၀၀၇ ရန်ကုန်မြို့ ရေ၀င်ရောက်မှု့ဖြစ် စဉ်အတွင်း ရန်ကုန်မြို့ အလုံ၊သစ်တောလမ်းမှ နေအိမ်တစ် ခုအတွင်းသို့ နံနက်၅ နာရီခန့်မှာ ရေများဝင်ရောက်ခဲ့ ရာ၊ မီးအားမြှင့်စက်မှတဆင့်ဝါယာ ရှော့ဖြစ်ပွား ခဲ့ပြီးမီးလောင် ကျွမ်းခဲ့တဲ့ အတွက်လူ လေးဦး မီးခိုးမွှန်ကာ သေဆုံး ခဲ့ပါတယ်။ အလားတူ နေ့မှာဘဲ စမ်းချောင်းမြို့ နယ်အတွင်းမှ အမျိုးသမီး တစ်ဦး အိမ်ရှေ့လမ်းပေါ် အထွက်မှာ ဓါတ် ကြိုးပြတ်ကျ နေသောရေအိုင် ထဲနင်းမိလို့ ဓါတ်လိုက်ပြီး အသက်ဆုံး သွားကြောင်းဖတ်ရ ပါတယ်။
ဒါကြောင့်မိုးရေထဲအသွားအလာ ဆင်ချင်ကြပါ ဗျို့၊ ညအိပ်ရင် သတိထား ကြပါဗျို့။
ဒီနေရာလေးမှာမဂျစ်စတင်ထားသော ဘလောက်ဂါများရဲ့
စုပေါင်း ရေးလို ၀တ္ထုတို လေး ရှိနေပါတယ်။
ဖတ်ကြဦးမလား ဂျို့။
ဖန်အိုးထဲကရွှေငါး
ပန်းခင်းထဲကလိပ်ပြာ
စဉ်းစားနေတဲ့ငါ။

အသိမဲ့ လှုပ်ရှားမှု့တွေနဲ့
နာရီလက်တံကို ဆွဲပြေးချင်ရဲ့
အင်္ဂတေ ပြက္ခဒိန်တစ်ခု
ရက်စုတွေကများခဲ့ပြီ။

ပင့်ကူရဲ့ ဂရပ်ဖစ်ဒီဇိုင်း
အင်းဆက်သင်္ချိုင်း၊
အလင်းလှိုင်းတွေကခပ်ပါးပါး
သံချေးတက်ဘောင်နဲ့
အသက်ရှုနေတဲ့ ပန်းချီကား
အရောင်မှိုင်းနေတာက ခပ်များများရယ်။

"အမေ့အိမ်" နားထောင်နေတဲ့ငါ့လိပ်ပြာ
လ္ဖက်ရည်ဆိုင်က ပြန်ခဲ့ဦး
ဖြူညစ်ညစ် ငါ့ကောင်းကင်အပြင်ဘက်က
ထွေးပွေ့မယ့် မိုးရေစက်
ဘယ်ရက်မှာမျက်ရည်နဲ့ ရောမလဲ။

မပိုင်ဆိုင်ရတဲ့မနက်ဖန်
ရွှေရောင်ဝင်းပနေမလား ?
သေအောင် ယင်းထနေမလား ?။ ။
ဒီတိုက်ကြီးအောက်မှာကားတွေမြှုပ်နေပါတယ်။
မြေနီကုန်းဈေးကာပတ်ကင်ပါ။
မီးသတ်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြပါတယ်။
စတိုးဆိုင်တွေထဲလဲရေတွေဝင်ပါတယ်။
အများသုံး phone ရုံလေးလဲ လေဒဏ်ကြောင့် တုံးလုံးလေး။
မီးသတ်ကား တွေနဲ့ရေတွေစုတ်ထုတ်ဖို့ ကြိုးစားကြရပါတယ်။
ဒဂုံ စင်တာ ကတော့ အောက်ဖက်ကားပါကင် ရေ၀င်သွားတာကြောင့် ဓါတ်အားတွေ
ပြတ်တောက်နေလို့ နောက် တရက်ကနေ နှစ်ရက်အတွင်း ပြန်မဖွင့် နိုင်ပါဘူး။
ဆိုင်တွေလဲရှင်းလင်းရေးတွေ လုပ်နေရတယ်။
စုတ်ထုတ်လို့ ထွက်လာတဲ့ ရေတွေကို မြောင်းထဲ စွန့်နေခြင်းဖြင့် ရေစီးရေလာကောင်းစေပါတယ်
မနက်စောစောကတည်းက ကားပေါင်းများစွာ နဲ့ ရေ တွေကုန်အောင်ထုတ်ဖို့ ကြိုး စားနေကြတယ်။
လွန်ခဲ့တဲ့ရက် အနည်းငယ် ကစတင် ခဲ့တဲ့မုန်တိုင်း တစ်ခုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ကမ်းရိုးတန်း ဒေသ တွေမှာ မိုးတွေ စတင်ရွာသွန်း ခဲ့ပါတယ်။ ပုန်မှန်နဲ့ ရက်ဆက်ရွာခဲ့ တဲ့မိုးကြောင့် ရန်ကုန်မြို့ရဲ့ နေရာဒေသ တော် တော်များများ မှာရေကြီး၊ ရေလျှံမှု့တွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ရဲ့ နှစ်စဉ် ရေလျှံနေကြ နေရာတွေမှာသာ မက ယ ခုအခါမှာတော့ တော်တော် ဆိုးဆိုးရွားရွား ခံစားခဲ့ကြရပြီး လမ်းတွေအကုန်လုံး နဲ့မြေနိမ့်ပိုင်း ရက်ကွက်တွေ မှာ မနေ့က ကတည်းက ရေတွေစတင်ဝင်ရောက် ခဲ့ပါတယ်။ လမ်း ၄၀၊ ၃၉ လမ်း အောက်ဖက်တ၀ိုက်၊ လသာ၊ မင်္ဂ လာတောင်ညွန့်၊ ကန်တော်ကလေး၊ ယုဇနပလာဇာ စတဲ့ပုံမှန်နေရာ တွေမှာသာမက။ သင်္ကန်းကျွန်း၊ သုဝဏ္ဍ၊ အင်းစိန်၊ ကမာရွက်၊ စမ်းချောင်း မြို့နယ်တွေမှာပါ ရေတွေဝင်ရောက် ခဲ့ပြီး ကွန်ဒို အဆောက်အဦး တွေအောက် မှာရှိတဲ့ ကားရပ်ရန်နေရာတွေ ကိုပါပြည့် လျှံသွားစေခဲ့ပါတယ်။ လမ်းတွေရေကျော်ခြင်း ပိတ်ဆို့ ခြင်းတွေကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းခဲ့ရပြီး တာဝန်ရှိသူတွေနဲ့ ပြန်လည်ပြင်ဆင်ရေး တွေဆက်တိုက် လုပ် ဆောင်မှု့ ကြောင့် အခုဆိုပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ မနေ့ကနဲ့ ဒီနေ့ညနေ အထိ မီးသတ်ကား၊ သူနာတင်ယဉ် တွေရဲ့ အချက်ပေး သံညံမစဲ ပါဘဲ။ လူအသေအပျောက် သတင်းတော့ မကြားမိပါ ဘူး။ အခုလို ကယ်ဆယ် ရေး လုပ်ငန်း တွေကို ထိရောက်စွာ လုပ်ဆောင် ပေးနိုင်ဖို့ အမြဲလိုအပ်ပါတယ်။ ရေ၀င်ရောက် မှု့ တွေကြောင့် လျှပ် စစ် ဓါတ်အားတွေ ပြတ်တောက်နေ ဆဲပါ။ တချို့နေရာတွေပြန် လည်ရရှိ နေပေမဲ့ တချို့ နေရာတွေမှာ အချိန် ယူ ပြင်ဆင်ရဦး မယ်ထင်ပါ တယ်။ ကားတွေ တော်တော် များများ ကတော့ ကွန်ဒိုတွေအောက် ကားပါကင်မှာ ရေ စိမ်နေဆဲ ဖြစ်တဲ့အပြင် အောက်ဖက် Underground မှာလျှပ်စစ် သွယ်တန်းထား တာကြောင့် မီးတွေဖြတ်ထား တာဖြစ်ပါ လိမ့်မယ်။ သံလွင်လမ်း နဲ့ ဦးဝိစာရ လမ်းတွေ နေရာတော်တော်များများ သဲဖုံးကုန်တဲ့ အတွက် မနက် စောစော ကတည်းက ပြန်လည်ပြင် ဆင်နေတာတွေ့ရ ပါတယ်။ သွားရလာရခက်ခဲနေတဲ့ အပြင် Internet ဆက် သွယ်ရေးတွေလဲ အချို့ အချို့ သောနေရာတွေမှာ ပြတ်တောက်ကုန်ပါတယ်။ နှေးကွေးကုန် ပါတယ်။ဒါ ကြောင့် နီးစပ်ရာဒီမြေ နီကုန်းတ၀ိုက် သတင်း တွေကိုဘဲ ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုဝါးတားတားကနေ
ဒီလိုကြည်လင်လာလိုက်ပြီး
ဒီလိုရွာလိုက်တဲ့မိုးကြောင့်
ရန်ကုန်တစ်မြို့လုံးရုတ်တရက်မှင် သက်သွားစေ ခဲ့တယ်။ မေဦးမုတ်သုန် ပြင်းလွန်းတယ်။
နှစ်ရက် သုံးရက်ဆက် ရွာလိုက်တဲ့ မိုးကြောင့် ဘလာဂေါက်တို့ ရုံးနဲ့ မလှမ်း မကန်းမှာရှိတဲ့ offset တစ်ခု လုံးဝရေ မြှုပ်သွားပါတယ်။ ၄ ရက်နေ့ည ကတည်းကသည်း လိုက်တဲ့မိုး ဟာ ရန်ကုန် တစ်မြို့လုံး ကြွက်ကြွက် ရိုက်စေ ခဲ့ပါ တယ်။ ၅ ရက်နေ့သန်းခါင်ကျော် လင်းအားကြီး ၃ နာရီလောက်မှာ ရေတွေ ထိန်းမနိုင် သိမ်းမရ ၀င်ရောက် ခဲ့တာ ကြောင့် အောက် ထပ်နေ ပြည်သူတွေ စောစောစီးစီး ခေါင်းလောင်းတီး ရင်းအိပ်ရေး ပျက်ကြရ တယ်လို့ ခံစားရ သူတွေထံက ကြားခဲ့ရပြန်တယ်။ မိုးတိတ်သွားတဲ့ အခါရေတွေပြန် ကျကုန်ပေမယ့်ရေ၀ပ် သောနေရာတွေက တော့ ရေတွေတင် ကျန်ရစ်နေလို့ အတော် ဒုက္ခ များကုန်ပါတယ်။
ချစ်သူတွေ ကြားမှာ အတိမ်းအမှတ်တစ်ခု အဖြစ် သင်္ကေတတွေ သုံးကြတာ တွေ့ဘူးတယ်။ ကျွန်တော့် သူငယ်ချင်း
ဆို သူ့ကောင်မလေးရဲ့ ရှေ့သွားတွေက ကြီးလို့တဲ့၊ သူတို့နှစ်ယောက်က ယုန်ပုံလေးကို အထိမ်းအမှတ် သုံးကြတယ်။ နောက်တစ် ယောက်ကျတော့ City-mart မှာ ပန်းသီး ၀ယ်ရင်း တွေ့ခဲ့လို့ ပန်းသီးကို အမှတ် တယသုံးတယ်။ ကျွန်တော့် အလှည့်ကျ အဆန်းသား၊ ပြန်ပြောရင်ရှည် လိမ့်ဦးမယ်။ သူနဲ့ ပတ်သက် သမျှက မေ့ဦး မှာမဟုတ် လို့ ချရေးရင် ၀တ္ထု တစ်အုပ်စာ ဖြစ်သွားမယ်။ စတာကတော့ ကျွန်တော် သူ့ကို လမ်းထိပ်က ထီဆိုင်မှာ တွေ့ရာကဘဲ။ ထီလက်မှတ် ကြီးကို အမှတ်တယ သုံးသင့် သလား။ သူနဲ့ကျွန်တော် သိတောင် မသိသေးဘူး။ ဒါနဲ့ ကျွန်တော် မစဉ်းစား သေးဘဲ သူ့ကို ချစ်ရေး ဆိုခဲ့တယ်။ စပြီး စကားလိုက် ပြောတဲ့နေ့ မှာ အအေးဆိုင် စထိုင်ဖြစ် တယ်။ ဒါဆို အအေး ပုလင်း၊ မဟုတ်သေးဘူး၊ တရက်တော့ ကျွန်တော် မူးပြီး(အရက်သောက်လို့) သူ့ကို စကား သွားပြောတယ်။ သူအတော် ဆိုးရိမ် နေပုံဘဲ။ စိတ်ဆိုးပုံ တော့ မပြပါဘူး။
တစ်ခုပြီး တစ်ခု တစ်စပြီး တစ်စ နဲ့သူ ကျွန်တော့် အပေါ် သံယောဇဉ် တွေပိုလာ ခဲ့တယ် ကျွန်တော်လဲ သူ့လို ဘဲ။ တစ်လသာ ပြည့်တော့ မယ်ဘာမှ မထူးသေးဘူး။ သူ့ဘက်က အဖြေ မပေး သေးဘူး။ အမှတ် တယ တွေ နေ့တိုင်း ရှိခဲ့တယ်။ လိုက်မှတ် ရင်အုံးစား သွားမယ်လေ။ မကြာလိုက် ခင်မှာ ဘဲ ကျွန်တော် ဖျားနေတဲ့ အချိန် သူ့ရဲ့ စေတနာ ပါတဲ့ တားမြစ် မှု့တွေ၊ အကြင်နာ ပါတဲ့ ယုယမှု့ တွေ မေတ္တာဓါတ် တွေပါတဲ့ စကားသံ တွေနဲ့ အတူ ကျွန်တော့်ကို ဆေးခန်း ပြဖို့ လာပြောတယ်။ ကျွန်တော်က ခေါင်းမာပြီး မပြဖြစ် ဘူး။ သုံးရက်လောက် ကျွန်တော် အဖျားမကျ ဖြစ်နေ ပြီ။ အဲဒီတော့ မှ ကျွန်တော် ကိုယ်တိုင် ဆေးခန်း သွားဖို့ ဆုံးဖြတ် လိုက်တယ်။ သူကတစ်ခု တောင်းဆို တယ်လေ။ သူလဲ လိုက်ပါရစေ တဲ့။ နောက်နေ့ မနက် သူ့ကျူရှင် ကိုသွား ကြိုပြီး အပြန် ဆေးခန်း ၀င်ပြကြတယ်။ ကျွန်တော် သူ့ကို အပြင်မှာ နေခဲ့ ဖို့မှာတယ်။ မရဘူး ၊ သူအတင်း ၀င်လိုက် လာခဲ့တယ်။ ကျွန်တော် က တကယ်လို့ ဆရာဝန်က ဆေးထိုးရင် ရှက်စရာကြိး မဟုတ်လားလို့ ပြောတော့ ရပါတယ် တဲ့။
ချစ်သူရေ
တကယ်ဆို ခတ်နာနာနှတ်ထားတဲ့
နှလုံးသားကောင်းကောင်း
တစ်ခုပါကွယ်။
အချစ်တွေမယိုစိမ့်စေရပါဘူး၊
ဘောင်ဘင်မခတ်အောင်တော့
ခပ်ပြည့်ပြည့်ဖြည့်ပေးပါ။ ။
အနီရောင်တဲ့၊အနီရောင်ဆိုတာတရုတ်လူမျိုးတွေနဲ့အရှေ့တိုင်းအယူအဆမှာကောင်းမြတ်သောမင်္ဂလာရှိသော အရောင်တစ်ခုပေါ့။ စစ်တိုက်တဲ့အခါမှာ ၀တ်စုံတွေမှာအနီရောင်ကိုသုံးတယ်၊ မင်္ဂလာပွဲမှာသုံးတယ်။ သူရဲ့ဆန့်ကျင်ဘက် အရောင်ဟာအနက်ပါတဲ့။ အနီရောင်ကိုရဲရင့်ခြင်း၊ ပြတ်သားခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ ဒါဆိုချစ်သူတွေကြားမှာအနီရောင်ကိုဒီအဓိပ္ပါယ်တွေသွားဖွင့်လို့ရနိုင်မလား။ ချစ်သူတွေကြားမှာ အနီရောင်ကို ကြေကွဲဝမ်းနည်းခြင်းတွေဖြစ်စေတဲ့အရောင်၊မကောင်းတဲ့နိမိတ်ကိုဆောင်လာသောအရောင်ရယ်လို့ ပြောကြတယ်။ဒီကိစ္စကိုဘယ်လိုငြင်းဆန်ရမှာလဲ။အရောင်နဲ့ပတ်သက်လို့သူ့နေရာနဲ့သူဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတယ်။အားလုံးအမှန်တရားတွေဘဲပေါ့။သဏ္ဍန်ကိုပြောပါရစေဦးသင်နဲ့သင့်ချစ်သူကြားမှာသင့်အနေနဲ့ အနှုတ်လခဏ္ဍာသုံးချင်လား။ အပေါင်းလခဏ္ဍာလေးလိုချင်သလား။အပေါင်းနဲ့အနှုတ်အယူသီးတဲ့သူတွေကတော့ အပေါင်းကိုဘဲသုံးကြမှာပေါ့။ကျွန်တော်ရွေးချယ်ဘူးတဲ့အပေါင်းလက္ခဏာမှာတော့စောစောကပြောတဲ့အနီရောင် လေးပါလာခဲ့တယ်။ကျွန်တော့ရွေးချယ်မှု့ကမှားယွင်းခဲ့သလား။ဘယ်သူ့ကြောင့်လဲ။အရောင်ကြောင့်လား၊မသိဘူး။ ပထမဆုံးမှာတော့သူဟာကျွန်တော့ကိုကြည်နူးမှု့တွေ၊ကြင်နာမှု့တွေ၊ငြိမ်းချမ်းမှု့တွေပေးခဲ့တယ်။အ၀င်မှာတော့ မှန်ကန်ခဲ့သလိုဘဲ။ဒီသင်္ကေတနဲ့စခဲ့တဲ့ကျွန်တော်နဲ့သူရဲ့ဇာတ်လမ်းဟာဒီသင်္ကေတနဲ့ဘဲအဆုံးသတ်သွားခဲ့တယ်။ ဒါတိုက်ဆိုင်မှု့တစ်ခုလား။ဒါဆိုကျွန်တော့်အနေနဲ့ကြေကြေနပ်နပ်ကြီးလက်ခံလိုက်ပါ့မယ်။ကျွန်တော့်ရဲ့
အနီရောင်သင်္ကေတဟာနောင်တစ်ချိန်မှာပူလောင်စေခဲ့ပေမယ့်သူကကိုတွေ့တိုင်း အရာရာကို အမှတ်ရ စေခဲ့တယ်။ အထူးသဖြင့် --သူ့အကြောင်းကိုပေါ့
မနေ့ကရန်ကုန်မှာဒုတိယအကြိမ်မြောက်မိုးရွာခဲ့တယ်။ဓါတ်ပုံလေးတွေရိုက်ထား
ပေမယ့်ကတ်ရီဒါမကောင်းလို့လောလောဆယ်မတင်နိုင်သေးဘူး။ ရုံးမှာတော့ဒီ
လအတွက်လစာ စောစောထုတ်လို့ရတယ်။ ဒါ့ကြောင့်နှစ်ရက်ဆက်တိုက် တရုတ်
တောင်းသွားပြီး အင်္ဂလိပ်လိုပြောဖြစ်ခဲ့ ပြန်တယ်။ လစာစောရတဲ့အကြောင်းကတော့
ဘာညာတယောက် ဘွတ်ဘွတ် ပုံကြီးနင်းမိပြီးတည်းကစပါယ်ရှယ်ဇွန်းတတ်အတန်း
တွေ ဆက်တိုက်သင်ရပြီးလာဘ်ကောင်းနေသတဲ့။ အဲဒီအကြောင်းကြားရတဲ့ တခြား
ဆရာတွေကလဲ ပြတ်တုန်းလပ်တုန်း၂၃ ဖြစ်နေတော့ လာဘ်ရွှင် အောင် ဘွတ်ဘွတ်
ပုံတွေဖွေရှာနင်းကာ ရုံးလာကြမယ်ဆိုတဲ့အတွက်။ ကျွန်တော်တို့ရဲ့မန်နေဂျာ့မန်နေ
ဂျာချုပ်ကြီး လူပျံတော်ပတ္တမြား(မူလလက်ဟောင်း) ခမျာ အီးလမ်းနင်း စင်တာဖြစ်
သွားမှာ စိုးရိမ်တာနဲ့အခုလို စောစော ထုတ်ပေးလိုက်ရတာဖြစ်ပါတယ်။
တကယ်တော့ ဘာညာဘွတ်ဘွတ် ဘွတ်ဘွတ်ဘာညာကျေးဇူးပေါ့နော်---။