professionallyဂေါက်သူများ

ပူတယ်၊ပူတာမှလုံးဝမအေး၊ရာသီဥတုဆိုးရွားလွန်းတယ်လေ။ရုံးမှာတနေကုန်နီး
ပါးဒီအပူဒဏ်ခံစားနေရတာနေ့စဉ်ဘဲ။ပူရတဲ့အထဲနေ့လည်ခင်းကြီး marketing
ထွက်ကြရတယ်။သိပ်မဝေးဘူးလှိုင်သာယာတဲ့။A-21စက်ရုံကိုသွားတာပါ။မြေနီ
ကုန်းကနေကားငှားသွားရပါတယ်။အလုပ်ဖြစ်မဖြစ်မသိသေးငွေအရင်ကုန်နေ
ပြီ။ကားပေါ်မှာတလမ်းလုံးမျက်နှာပူလိုက်တာ။လေပူတွေတိုးတာကိုး။ဟိုရောက်
တော့စက်ရုံဝရှိသေးဆပ်ပြာနံ့ကမွှေးလို့ကြိုင်လို့။ရုံးခန်းထဲမှာG-Mနဲ့တွေ့၊ပြီးတော့
သူတို့marketing manager နဲ့တွေ့ပါတယ်။ဒီပုဂ္ဂိုလ်ကနိုင်ငံခြားသားပါ။အိန္ဒိယက
လာသူပါ။သူနဲ့ကျွန်တော်တို့တွေ့တော့ကိုယ့်စကားကိုယ်မပြောပါဘူး။သူကလဲသူ့
အိန္ဒိယစကားမပြော၊ကျွန်တော်တို့ကလဲမြန်မာလိုမပြောပြပါဘူး။အင်္ဂလိပ်လိုပြော
ကြပါတယ်။ပြောကြရင်း ကြော်ငြာဈေးကွက်အပေါ်သူ့အမြင်ကိုယ့်အမြင်ပြောကြ
ရင်းငြင်းခုံကြပါတယ်။နောက်ဆုံးသူတို့Directorအဖွဲ့ကိုတင်ပြမယ်ဆိုပြီးဈေးတည့်
တယ်ဆိုပါတော့။တကယ်ပါဒီနေ့အတွေ့အကြုံမှာမနေ့ကSONYမှာပြောတဲ့စကား
တွေပြောလို့မရသလို၊ပိုင်ရှင်ကိုယ်တိုင်နဲ့ပြောရတာတွေနဲ့မတူတာတွေ၊လုပ်ငန်းအ
ကြီးအသေးဆုံးဖြတ်ချက်ကွဲပြားတာတွေ၊အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ကုန်ပစ္စည်းတ
ခုနဲ့တခုဈေးကွက်အပေါ်သုံးသပ်ချက်၊ကြော်ငြာပေါ်လစီ စတာတွေအကြောင်းပြန်
တွေးရင်းပညာရခဲ့ပါတယ်။သစ်တစ်ပင်ကောင်းတော့ငှက်ချေးများဆိုသလိုတစ်စုံ
တခုကောင်းမှု့ကြောင့်မတူညီတဲ့အရာတွေတဦးအပေါ်တစ်ဦးမှီခိုအကြိုးများတာတွေ
စီးပွားရေးDomeno Effectစတဲ့အကြောင်းတွေစဉ်းစား၊professionalပီသအောင်
ဘယ်လိုကြိုးစား၊ကိုယ့်ဆန္ဒနဲ့လုပ်ငန်းအကြိုးစီးပွား၊ဘယ်လိုစခန်းသွား၊တောင်စဉ်ရေ
မရအတွေးများနဲ့အဆင့်မြင့်မြင့်professionallyဂေါက်သူများ-----အိုက်လိုက်တာ--

0 comments: