မြေကမ္ဘာနေ့နဲ့ဘလာဂေါက်

ဒီကနေ့သည်မြေကမ္ဘာနေ့ဖြစ်ကြောင်းနိုင်ငံတကာကသတ်မှတ်ကြသည်။
ဒီနှစ်တွေအတောအတွင်းကမ္ဘာကြီးပူ-ပူးလာသည်။(သူကပူနွေးလာတာ
ထက်ဆိုး၏)ရေခဲတွေအရေပျော်ကြနေကြောင်းပညာရှင်များကပြောနေ
ခြင်းကြောင့်ရေခဲစက်တွေထိပ်လန့်နေကြသည်။အဲဒီအတွက်နေ့လည်ဆို
အပြင်မထွက်ချင်၊ပြောရဦးမည်တနေ့ကမထွက်ချင်ဘဲနေ့လည်ခင်းကြီး
၂၇လမ်းကိုသွားရမှာမို့နေပူပူထဲကားဂိတ်ကိုထွက်လာလိုက်မိသည်။ဟော
ကားဂိတ်မှာဘောင်းဘီတိုနှင့်စွတ်ကျယ်အဖြူကိုစတိုင်ကျကျဝတ်ထားရင်း
သင်္ကြန်မတိုင်ခင်မြို့ထဲမှာချရောင်းသောနေကာမျက်မှန်ကြီးနဲ့လှပနေသည့်
ဒေးဗစ်ဗဟန်းအားသွားဆုံမိသည်။ပထမတော့မတွေ့ချင်ဟန်ဆောင်မလို့
ဘဲ။ကားဂိတ်ကလူရှင်းနေတော့ပုန်းမရတော့၊သူနဲ့စကားသွားပြောရင်လူ
တွေဝိုင်းကြည့်ကြမည်ဒုက္ခဒုက္ခ၊လှမ်းနှတ်ဆက်လိုက်သည်။စကားပြောကြ
သည်။သူကသူ့ယောက္ခမတွေနေသောမြောက်ဒဂုံသွားမလို့ဖြစ်ကြောင်း
ပြောသည်။ကျွန်တော်လဲတွေ့လက်စနဲ့ဘလောက်စာအုပ်ထုတ်မှမို့သူလိုက
မ္ဘာကျော်တစ်ယောက်ဆီကအကူအညီရလိုရညားတောင်းမိလိုက်သည်။
သူကတော့သူ့ပုံနှင့်မျက်နှာဖုံးထုတ်ပေးမယ်ဆိုစတ်ဝင်စားကြောင်းပြောပါ
တယ်။ဒါကတော့ဒီကိစ္စတွေကိုမအိမ်ခြံမြေတို့လုပ်တာဖြစ်လို့ကျွန်တော်နှင့်
မပြီးကြောင်းပြောတော့ဒါဆိုသူ့မိန်းမ၀ိတိုရိယနဲ့ပြောလို့ခြိမ်းခြောက်ပါ
တယ်။သူတောင်လခတွေအမြဲအသိမ်းခံရကြောင်းနဲ့သူအမျိုးသမီးကစံပြ
ဈေး၊သီရိမင်္ဂလာဈေးတို့သွားပြီးနေ့တိုင်းရှော့ပင်ထွက်နေလို့သူကိုယ်တိုင်
ဘိုင်ပြတ်နေတယ်တဲ့။အခုလဲမီးခွက်ဈေးဆိုလားလှိုင်သာယာသွားပြန်သ
တဲ့။ပြောနေရင်းသောက်လက်စရေခဲရေခွက်ကိုသူပြန်ချလိုက်ပါတယ်ကမ္ဘာ
ကြီးတော့သိပ်ပူတာဘဲတဲ့။အဲဒီအချိန်၃၆ ကားရောက်လာတာနဲ့ကွမ်းတရာ
ကျွန်တော့ဆီကတောင်းစားပြီးကားပေါ်တက်သွားပါတယ်။ကဲအလုပ်ရှိသေး
တာမို့ဘလာဂေါက်လဲ၂၇လမ်းကိုရောက်လာပါတယ်။လမ်းထိပ်မှာအင်မ
တန်သောက်လို့ကောင်းတဲ့အာပလာဖာလူဒါ၁၀၀ တန်ကိုမိန်ရည်ရှက်ရည်
သောက်နေတဲ့ Apple ဖခင်စတိဂျော့ကိုတွေ့ပါလေရော။ဘလာဂေါက်လဲ
ပူအိုက်နေတာနဲ့တခွက်ဝင်မှာသောက်ရင်းဒီအချီတော့ဘလောက်စာအုပ်
စပွန်စာတော့ရပြီဆိုပြီးပျော်သွားပါတယ်။ ဟဲလိုမစ္စတာစတိ၊ဘယ်လိုလဲဆို
ပြီးရောတောရှိရင်းအတင်းဝင်ရောပါတယ်။ပြီးတော့စပွန်စာကိစ္စပြောတဲ့အ
ခါ၊သူကတော့ကူချင်ကြောင်းဒါပေမယ့်သူ့ i-pod တွေသိပ်ရောင်းမကောင်း
လို့အခုဒီလိုလူစီကားရာဖရေဇာတရှောက်ချရောင်းနိုင်ဖို့လမ်းသုံးဆယ်ကဘာ
ဘူတွေ၊ဘိန်းစားတန်းကသူခိုးအကြီးစားတွေနဲ့လာငြှိတာဖြစ်ကြောင်းပြောနေ
တော့အားနာတာနဲ့ဆက်မပြောတော့ပါဘူး။ဒါပေမယ့်အကြံပေးရှာပါတယ်။
ဘေလဂိတ်ဆီသွားပါတဲ့။ဟော-ဒီလောက်ပူနေတဲ့ဟာကိုဘေလဂိတ်နေတဲ့
တိုက်ကြီးအထိဘယ်လိုသွားမလဲ၊လှည်းတန်းတို့အင်းစိန်တို့ဆိုတော်သေး။
ပြောရင်းဆိုရင်းစတိဂျော့လဲဆိုက်ကားငှားရင်းအောက်လမ်းဘက်လိမ့်သွား
သည်။သူ့ကြည့်ရင်းတွေးပူနေမိသည်၊နေပူထဲဆိုက်ကားနဲ့ဦးဏှောက်ပျက်သွား
ဦးမယ်။ကဲဒါနဲ့၂၇လမ်းက 7-internet ကိုရောက်ရောကံကောင်းချင်တော့ဘေ
လဂိတ်နဲ့ G-talk ထဲမှာသွားတွေ့ပြန်တယ်။ဒီတခါတော့စာအုပ်ကိစ္စမပြောဘဲ
စီမင်နာအကြောင်းပြောဖြစ်သည်။သူကလဲမနိုင်ပေ။စေတနာကြီးမါးသူပီပီအ
ကုန်အကျသူခံမည်။ဒါပေမယ့်ပထမအချက်သူ့ဝင်းဒိုးဗစ်စတာကိုကြော်ငြာပေး
ရမည်။နောက်တချက်က ဒီ စီမင်နာကို သန္တိသုခမှာ ဘုန်းကြီးတွေနေ့ဆွမ်းကပ်
ရင်းလုပ်မည်။သူလုပ်ရင်ကိုကာကိုလာကအအေး လှုမယ်လို့လဲပြောသည်။ဒါ
တော့မဖြစ်။ပထမအချက်အတွက် ကိုညီလင်းဆက်နဲ့ညှိရဦးမည်။နောက်တချက်
အတွက် အားလုံးကိုအသိပေးရမည်။နောက်တော့ ဆရာဘေကဆက်ပြောသည်
နောက်နှစ်မှပေးမှာတဲ့။ G-talk နေတုန်းကျောင်းသားတွေရောက်လာသည်။
ဘလာဂေါက်လဲစာသင်ရမှာမို့ရပ်လိုက်သည်။ကျောင်းသားတွေကချွေးသံရွှဲရွှဲ--
-----------ပူတယ်မဟုတ်လားမြေကမ္ဘာရယ်---------------------------။

0 comments: