အနီရောင်သင်္ကေတ(၁)

သင်္ကေတ--တဲ့
ဒီသင်္ကေတဆိုတာဘယ်တုန်းကတည်းကပေါ်ပေါက်လာသလဲတော့ကျွန်တော်
မသိဘူး၊စာတွေထဲမှာဖတ်ဖူးတာတော့ဟိုးအရင်ကျောက်ခေတ်လူသားတွေဟာသူ
တို့ပြောချင်တာကိုသဏ္ဍန်(သင်္ကေတ)နဲ့ဖော်ပြလေ့ရှိတယ်တဲ့။ဥပမာဒီဂူမှာလူတွေ
နေထိုင်နေရင်ဂူရှေ့မှာအရိုးပုံနှစ်ခုကိုကြပ်ခြေခတ်ဆွဲပြထားတယ်တဲ့။ထားပါတော့
လေ၊ကျွန်တော်တို့မွေးဖွားလာကတည်းကဒီသင်္ကေတတွေကြားမှာကြီးပြင်းလာခဲ့တာ
ဆိုတော့ကျန်တာတွေသိပ်ပြီးသတိမထားမိခဲ့ဘူး၊တစ်ခုရှိတာကအသွင်သဏ္ဍန်အမျိုး
မျိုးကွဲပြားနေတဲ့ဒီသင်္ကေတတွေမှာအဓိပါယ်တွေလဲအကွဲကွဲအပြားပြားသူ့နေရာနဲ့သူ
ဖွင့်ဆိုကြရပြန်တယ်၊မြို့ထဲသွားလို့မီးပွိုင့်မှာမီးနီရင်ကားကိုရပ်ထား၊၀ါရင်ဖြေးဖြေး၊စိမ်း
ရင်ပြန်ထွက်နဲ့ဒါလဲသင်္ကေတမဟုတ်လား။အနီရောင်မှာအဖြူမျဉ်းသားထားရင်မ၀င်ရ
အ၀ါရောင်အကြားအကြားလေးတွေတွေ့နေရရင်လူကူးမျဉ်းကြား၊ဒါတွေကယာဉ်တွေ
နဲ့ပတ်သတ်တဲ့သင်္ကေတတွေလေ။စသဖြင့်ပေါ့လေ၊မြို့ပြထဲမှာသင်္ကေတဆိုတာကစိမ်း
စိမ်းနေလို့မှမရဘဲကိုး။နားမကြားတဲ့သူတွေကိုပြောတဲ့သင်္ကေတ၊ရေကြောင်းသွားလာ
ရေးသင်္ကေတ၊လေကြောင်းသွားလာရေးသင်္ကေတ၊ဒီလိုရုပ်ပြသင်္ကေတတွေအပြင်အ
ရောင်တွေမှာလဲသင်္ကေတတွေရှိနေတယ်။အပြာရောင်ကငြိမ်းခြမ်းရေး၊အေးချမ်းတယ်
တဲ့၊အဖြူရောင်ကနူးညံ့ခြင်း၊သန့်ရှင်းစင်ကြယ်ခြင်း၊အ၀ါရောင်ကရိုးသားခြင်းတည်ကြည်
ခြင်း၊အစိမ်းရောင်ကလဲရှင်သန်ခြင်း၊လွတ်လပ်ပျော်ရွှင်ခြင်း၊အနီရောင်ကတော့ရဲရင့်ခြင်း
စွမ်းရည်သတ္တိနဲ့ပြည့်စုံခြင်းစတဲ့အရောင်တွေမှာသူ့ဖွင့်ဆိုချက်တွေရှိနေတယ်။ကဲပါလေ
ရှည်ပါတယ်။ သိသလောက်တော့ပြောရတာပါလေ။တကယ်ပြောချင်တာကဒီသင်္ကေတ
တွေကြားကအသွင်သဏ္ဍန်နဲ့အရောင်ပေါင်းစပ်ထားတဲ့သင်္ကေတလေးတစ်ခုအကြောင်း
ဘာလဲသိလား။ --- ဒါကသူနဲ့ကျွန်တော့်ကြားကတွေ့ဆုံခြင်း၊ ခွဲခွာခြင်းကိုဖြစ်စေခဲ့တဲ့၊အ
ထိမ်းအမှတ်သင်္ကေတလေးတစ်ခုအကြောင်း----အဲဒါ
" အနီရောင် သင်္ကေတ "

1 comments:

နိုင်းနိုင်းစနေ said...

ဟို...ဖဲကြိုးလေးတခုရဲ့ သင်္ကေတကိုရော သိလား...ဟိုးတလောကမှ တကမ္ဘာလုံးဆိုင်ရာနေ့ လုပ်သွားသေးတယ်လေ...္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘအဲဒါလဲ အနီရောင်ပဲ...
း)