ချစ်သူရေ
လွမ်းနေချင်ရုံသက်သက်နဲ့တော့
ငါတို့ဇာတ်လမ်းကိုပန္တတ်ရိုက်ခဲ့တာမဟုတ်ပါဘူး။
အခုတော့------
ပြန်ဖြည့်လို့မပြည့်နိုင်တဲ့ကွက်လပ်လေးဟာ
မင်းဖြစ်နေပြီး
အဲဒီကွက်လပ်နဲ့အသက်ရှင်ခဲ့ရသူကတော့
ငါကိုယ်တိုင်ပါဘဲ။
အချစ်တွေပျိုးကြဲခဲ့ပေမယ့်
အလွမ်းတွေသာရှင်သန်ပေါက်ရောက်
ငါတို့ရင်ခွင်ကရေခံမြေခံမကောင်းခဲ့ဘဲလေ။
နှစ်လွှာပေါင်းလဲစွယ်တော်ရွက်မဖြစ်နိုင်တော့၊
အတိတ်ကိုပြန်သွားလဲ အရိပ်ကောင်းမဖြစ်နိုင်တော့၊
ကျောခိုင်းမေ့ပစ်ချင်သူရဲ့ရှေ့မှာ
တဖက်သက်ဒူးထောက်ခဲ့ပေမယ့်လဲ
အဲဒါတွေအလကားဖြစ်ခဲ့ရပြီ။
အချစ်နဲ့စပြီးအချစ်နဲ့မဆုံးခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်မှာ
ပွဲပြီးတာတောင်ငါက
ငိုလို့ကောင်းနေတုန်း---။ ။
ငါတို့ဇာတ်လမ်းကိုပန္တတ်ရိုက်ခဲ့တာမဟုတ်ပါဘူး။
အခုတော့------
ပြန်ဖြည့်လို့မပြည့်နိုင်တဲ့ကွက်လပ်လေးဟာ
မင်းဖြစ်နေပြီး
အဲဒီကွက်လပ်နဲ့အသက်ရှင်ခဲ့ရသူကတော့
ငါကိုယ်တိုင်ပါဘဲ။
အချစ်တွေပျိုးကြဲခဲ့ပေမယ့်
အလွမ်းတွေသာရှင်သန်ပေါက်ရောက်
ငါတို့ရင်ခွင်ကရေခံမြေခံမကောင်းခဲ့ဘဲလေ။
နှစ်လွှာပေါင်းလဲစွယ်တော်ရွက်မဖြစ်နိုင်တော့၊
အတိတ်ကိုပြန်သွားလဲ အရိပ်ကောင်းမဖြစ်နိုင်တော့၊
ကျောခိုင်းမေ့ပစ်ချင်သူရဲ့ရှေ့မှာ
တဖက်သက်ဒူးထောက်ခဲ့ပေမယ့်လဲ
အဲဒါတွေအလကားဖြစ်ခဲ့ရပြီ။
အချစ်နဲ့စပြီးအချစ်နဲ့မဆုံးခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်မှာ
ပွဲပြီးတာတောင်ငါက
ငိုလို့ကောင်းနေတုန်း---။ ။
Comments