အနီရောင်သင်္ကေတ(၂)

အနီရောင်တဲ့၊အနီရောင်ဆိုတာတရုတ်လူမျိုးတွေနဲ့အရှေ့တိုင်းအယူအဆမှာကောင်းမြတ်သောမင်္ဂလာရှိသော အရောင်တစ်ခုပေါ့။ စစ်တိုက်တဲ့အခါမှာ ၀တ်စုံတွေမှာအနီရောင်ကိုသုံးတယ်၊ မင်္ဂလာပွဲမှာသုံးတယ်။ သူရဲ့ဆန့်ကျင်ဘက် အရောင်ဟာအနက်ပါတဲ့။ အနီရောင်ကိုရဲရင့်ခြင်း၊ ပြတ်သားခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ ဒါဆိုချစ်သူတွေကြားမှာအနီရောင်ကိုဒီအဓိပ္ပါယ်တွေသွားဖွင့်လို့ရနိုင်မလား။ ချစ်သူတွေကြားမှာ အနီရောင်ကို ကြေကွဲဝမ်းနည်းခြင်းတွေဖြစ်စေတဲ့အရောင်၊မကောင်းတဲ့နိမိတ်ကိုဆောင်လာသောအရောင်ရယ်လို့ ပြောကြတယ်။ဒီကိစ္စကိုဘယ်လိုငြင်းဆန်ရမှာလဲ။အရောင်နဲ့ပတ်သက်လို့သူ့နေရာနဲ့သူဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတယ်။အားလုံးအမှန်တရားတွေဘဲပေါ့။သဏ္ဍန်ကိုပြောပါရစေဦးသင်နဲ့သင့်ချစ်သူကြားမှာသင့်အနေနဲ့ အနှုတ်လခဏ္ဍာသုံးချင်လား။ အပေါင်းလခဏ္ဍာလေးလိုချင်သလား။အပေါင်းနဲ့အနှုတ်အယူသီးတဲ့သူတွေကတော့ အပေါင်းကိုဘဲသုံးကြမှာပေါ့။ကျွန်တော်ရွေးချယ်ဘူးတဲ့အပေါင်းလက္ခဏာမှာတော့စောစောကပြောတဲ့အနီရောင် လေးပါလာခဲ့တယ်။ကျွန်တော့ရွေးချယ်မှု့ကမှားယွင်းခဲ့သလား။ဘယ်သူ့ကြောင့်လဲ။အရောင်ကြောင့်လား၊မသိဘူး။ ပထမဆုံးမှာတော့သူဟာကျွန်တော့ကိုကြည်နူးမှု့တွေ၊ကြင်နာမှု့တွေ၊ငြိမ်းချမ်းမှု့တွေပေးခဲ့တယ်။အ၀င်မှာတော့ မှန်ကန်ခဲ့သလိုဘဲ။ဒီသင်္ကေတနဲ့စခဲ့တဲ့ကျွန်တော်နဲ့သူရဲ့ဇာတ်လမ်းဟာဒီသင်္ကေတနဲ့ဘဲအဆုံးသတ်သွားခဲ့တယ်။ ဒါတိုက်ဆိုင်မှု့တစ်ခုလား။ဒါဆိုကျွန်တော့်အနေနဲ့ကြေကြေနပ်နပ်ကြီးလက်ခံလိုက်ပါ့မယ်။ကျွန်တော့်ရဲ့
အနီရောင်သင်္ကေတဟာနောင်တစ်ချိန်မှာပူလောင်စေခဲ့ပေမယ့်သူကကိုတွေ့တိုင်း အရာရာကို အမှတ်ရ စေခဲ့တယ်။ အထူးသဖြင့် --သူ့အကြောင်းကိုပေါ့

0 comments: