ဘလာဂေါက်ရဲ့သင်္ကြန်စာ

သင်္ကြန်စာဆိုသည်ကားမုန့်လုံးရေပေါ်၊ရွှေရင်အေး၊ပေါင်မုန့်အုန်းနို့ဆမ်း
စတဲ့သင်္ကြန်တွင်းကြွေးတာတွေကိုပြောတာဖြစ်သည်။
ရေပတ်ရင်သင်္ကြန်၊ရေမပတ်သေးရင်သင်္ကြန်မဟုတ်သေးလို့မှတ်။ဒါကား
သင်္ကြန်အလိုတည်းဖြစ်ပေသည်။
ရေပတ်ခံထွက်သူများနေပူလေတိုက်ခံရလိမ့်မည်။မဏ္ဍပ်မှာကဲသူများပိုက်
ဆံကုန်တာများမည်။အရက်သောက်သူများမူးလိမ့်မည်။လမ်းဘေးဈေးသည်
ပေါများမည်။ကောင်မလေးများချမ်းတယ်ပြောကာဘီယာရောင်းကောင်းအောင်
အကျိုးဆောင်မည်။Service+မှကိုရဲထွန်းအောင်ဆိုသူတရားစခန်းဝင်ရင်းဘ
လောက်လုပ်လိမ့်မည်။သူနှင့်အတူအလွန်စကားနည်းသောပါတနာကြီးကိုပိုင်
ဆိုသူပါရမီဖြည့်လိမ့်မည်။အမေရိကမှဂျက်စတင်းတန်းဘားလင့်ဘာလုပ်တယ်
မသိ။ရန်ကုန်ဆင်မလိုက်နားကဂျက်စတင်းဆိုင်းဝိုင်းတော့အလှုတွေနဲ့အလုပ်
ရှုပ်နေသည်။ရေပတ်တဲ့မဏ္ဍပ်ကိုရေကစားမဏ္ဍပ်ဟုခေါ်သည်။မြေနီကုန်းမှာ
မဏ္ဍပ်ကြီးကြီးမရှိ။အင်းယားလမ်းမှမဏ္ဍပ်များစပွန်စာကောင်းရင်မြတ်မယ်။
FOC များရင်ဂန့်မယ်။ မလုပ်တတ်သူတွေရင်ထဲမှာသင်္ကြန်နောက်သုံးလဆက်
ကျနေဦးမယ်။ ကိုက်အောင်လုပ်ချင်ရင်ဒိုဘာမင်နှစ်ကောင်နှစ်ရက်လောက်
အစာမကြွေးဘဲမဏ္ဍပ်ပေါ်တင်ထားပါ။သင့်မဏ္ဍပ်ကတအားကိုက်ကြောင်းနိုင်
ငံကျော်သွားမည်။ စိုင်းစိုင်းမဏ္ဍပ်မှာပတ်သည့်သူများအား Free ပတ်တဲ့သူတွေ
လို့အောက်မှသွားအော်ပါ။ရန်ဖြစ်မှာဧကန်မလွဲတည်း။ ဒီနှစ်လဲစိုင်းစိုင်းနှင့်တကွ
Hip-Hop တွေစန်းထနေသည်။စန်းကထရုံနှင့်ရပ်မသွားမတ်တတ်ကြီးထိုးထိုးထောင်
ထောင်။ဒါကြောင်းအ၀တ်အစားအပွအရ။မတော်တရော်။အဖေ့စွပ်ကြယ်ကောက်စွပ်
သည့်သုံးလကလေးစတိုင်တွေပေါပေါကြီးတွေ့ရမည်။ဘလောက်ဂါဟုသူ့ကိုသူအ
ထင်ကြီးနေသောဘလာဂေါက်ဆိုသောငနဲတစ်ကောင်ရှိနေသည်။သူလူမုန်းများမည်။
သူ့အားတွေ့ရင်သူ့မိန်းမအားအသိမပေးပါနှင့်။တော်ကြာမိန်းမစိတ်ညစ်နေလိမ့်မည်။
လမ်းတွေ့ရင်မသိချင်ဟန်ဆောင်ပါ။ပြီးရင်ဘီယာသွားတိုက်ပါ။အဲ မဟုတ်ပါဘူး။မတိုက်
ပါနဲ့ တော်ကြာသူ့ရဲ့ကွန်ပျူတာနည်းပညာအကြောင်းဆရာကောင်းတပည့်ပီသစွာဟော
လိုက်ရင်ဖြင့်နောက်မနက်ထိလေကြောဆက်သွားနိုင်သည်။လောလောဆယ်ဒါပါဘဲ။
မနက်ဖန်ကြိုမည်။သန်ဘက်ခါကျမည်။သင်္ကြန်ကျရင်သိကြားမင်းဆင်းသတဲ့။ဘယ်အရပ်
သို့ဆင်းသက်မည်ဆိုကြောင်းသိရင်ကိုရဲထွန်းအောင်ထံ သတင်းပို့ကြပါ။သူဘလောက်
လုပ်ပါလိမ့်မည်။

0 comments: