ဒီခရီးနီးသလား

လျှောက်နေဆဲ
လှမ်းနေဆဲ၊
နေပူထဲမှာတယောက်ထဲ။
ပန်းတိုင်တွေခဏခဏရောက်ဘူးတယ်၊
လိုချင်တာငွေသား
ငါရတာဖလားတွေဘဲ။
အောင်မြင်မှု့ကခပ်ပါးပါး
အတုအယောင်တွေကတော့ခပ်များများရယ်။
ငါ့ကိုယ်ငါတောင်ငါမပိုင်တဲ့ဘ၀၊
လှမ်းမျှော်ကြည့်တော့လမ်းပေါ်ဆိုတဲ့
အသိတစ်ခုကဘဲခေါင်းထဲဝင်လာ။
ငါရောက်ခဲ့တဲ့ပန်းတိုင်ဆိုတာ
တကယ်တော့လဲချက်ပွိုင့်တွေပါ၊
လမ်းဆုံးကတော့ဘယ်မှာ၊
ဒါကလဲမသေချာ။
ရေရာတာအဖြေရှာကြည့်
ပန်းတိုင်ကိုလဲမမျှော်မှန်းဘူး။
ယိမ်းယိုင်ဖို့လဲမရော်ရမ်းဘူး။
ရေပ၀ါလူမကူလဲ
အသေချာနွေနေပူထဲ
ငါ
လျှောက်နေဆဲ
လှမ်းနေဆဲ။ ။

1 comments:

Pan Pwint Lay said...

ကဗျာလေးကောင်းတယ်
ကိုယ်တိုင်ရေးသလားရှင်