မနက်ဖန်/မနေ့က

မနက်ကတည်းကpostအသစ်တင်မလို့ပါဘဲ။မအားလို့ခုမှစဖြစ်တယ်။
မနေ့ကမြန်မာအကယ်ဒမီပေးပွဲကြည့်ရင်းပြောစရာပေါ်လာပါတယ်။
ကျန်စစ်မင်းဇာတ်ကားနဲ့လူမင်းအကယ်ဒမီရသွားပါတယ်။ဘာကိုသွား
သတိရသလဲဆိုရင်ရာဇ၀င်ထဲကသစ္စာတရား၊မေတ္တာထားတတ်ပုံတွေပါ
ကျန်စစ်သားဟာမဏိစန္ဒာနဲ့ပတ်သတ်ပြီးအနော်ရထာဘုရင်ရဲ့ညိုညင်မှု့
ကိုခံရပါတယ်။အများသိကြတဲ့အတိုင်းဝေးရာထွက်ပြေးတိမ်းရှောင်နေခဲ့
ရတယ်လေ။ဒါပေမယ့်အများသတိမထားမိတာကကျန်စစ်သားနဲ့အနော်ရ
ထာတို့နှစ်ယောက်ကြားကတယောက်အပေါ်တယောက်ထားရှိတဲ့သစ္စာတ
ရား၊သည်းခံခွင့်လွတ်အနစ်နာခံမှု့၊ယောက်ျားကောင်းယောက်ျားမြတ်တို့
ရှိအပ်ရာစိတ်ထား၊စစ်သားကောင်းပီသခြင်း။ခေါင်းဆောင်ကောင်းတို့ရဲ့အ
ရည်အချင်းတွေဖြစ်ပါတယ်။အနော်ရထာကကျန်စစ်သားထွက်ပြေးသွား
တာလိုက်ဖမ်းလို့ရရဲ့သားနဲ့မဖမ်းခဲ့ဘူး။သူလိုစစ်သူရဲကောင်းတစ်ယောက်
ဟာအနီးမှာရှိနေတဲ့ကျန်စစ်သားကိုအရိန္ဒမာလှံနဲ့ပစ်တာမထိဟဘူးဆိုတာ
စဉ်းစားစရာပါ။ကျန်စ်သားကလဲနေပြည်တော်နဲ့ဝေးဝေးမပြေးဘဲနှစ်ပေါင်း
များစွာလှည့်လည်သွားလာနေတာကိုသိလဲသူသေသည်အထိဘာမှအရေး
တယူမပြုခဲ့ပါဘူး။ကျန်စစ်သားအနေနဲ့လဲလူသူလက်နှက်စုဆောင်းပြီးပုန်
ကန်နိုင်ပါလျက်အေးချမ်းစွာနေထိုင်ခဲ့တယ်။သူ့ကိုထောက်ခံသူတွေဘယ်
လောက်များများထီးနန်းလုဖို့စိတ်မကူးခဲ့ဘူး။စောလူးမင်းအဖမ်းခံနေရချိန်
မှာသူ့ကိုမူးမတ်ဗိုလ်ပါလူအများကနန်းအပ်တာကိုငြင်းဆိုရဲတဲ့စွန့်လွတ်မှု့
ဟာချီးကြူးစရာပါ။နောက်တချက်ကသူပုဂံထီးနန်းစိုးစံသိမ်းပိုက်ချိန်မှာ
သူ့ အသက်ကငါးဆယ်ကျော်နေပါပြီ။သူ့အတွက်ဘုရားပေးတဲ့လက်ဆောင်
ကတော့ရာဇကုမ္မာလိုသားတော်၊အလောင်းစည်သူမင်းလိုမြေးတော်တွေ
ဖြစ်ပါတယ်။ရာဇကုမ္မာကလည်းနန်းမွေဆက်ခံခွင့်ရှိလျက်နဲ့ဖခင်ရဲ့စကား
မယွန်းရလေအောင်ရိုးကုတ်တည်ငြိမ်စွာနဲ့ဘ၀ကိုဖြတ်သန်းခဲ့ပြီးဖခင်ကြီး
အတွက်သူ့ရဲ့ကောင်းမှု့ကိုသမိုင်းတွင်အောင်ချန်ရစ်နိုင်ခဲ့သူမေတ္တာရှင်တစ်
ဦးဖြစ်ခဲ့သူပါ။စကားရှည်သွားပြီ။မနက်MICTမှာaseanလူငယ်ပြပွဲသွားရပါ
မယ်။SVPကသူ့ရဲ့ မူအတိုင်းခပ်ဆန်းဆန်းလေးပါဝင်ပြသသွားမှာပါ။

0 comments: