ဒီရက်ပိုင်းကဘလာဂေါက်

အခုတလောအလုပ်တွေသိပ်ရှုပ်ပါတယ်၊နေမနားblog templates
တွေရှာရလွန်းလို့မျက်လုံးတွေလဲညောင်းလှပါပြီ။လုပ်ရင်း
လုပ်ရင်းနဲ့အခုဆိုတော်တော်ခရီးရောက်ခဲ့ပြီးမြန်မာလိုblog
ရေးဖို့templateတွေchangeတာဟောတခုဟောတခုဖန်တီးတတ်နေ
ပါပြီ။ဒီကနေ့တော့သုံးနေကြရုံးကဆရာမျိုးရဲ့computerသူများငှား
သွားတဲ့အတွက်ဘလာဂေါက်ခမျာယောင်ချာချာနဲ့ဆပ်ပြာသည်လင်
ပျောက်သလိုပူဆွေးပြီးtodayတော့postမတင်နိုင်တော့ဘူးလို့
ထင်ပြီးယူကြုံးမရဖြစ်မနေဘဲအတူသုံးရတဲ့trainingထဲကစက်တွေ
ကြားထဲကုတ်ချောင်းကုတ်ချောင်းသွားပြီးအခုpostတင်ရပါတယ်။
မနေ့ကpay-dayမို့ဆရာတချို့ပြည်သူ့ဥယျာဉ်ဈေးပွဲတော်သွားပြီး
ငွေယားလေးတွေသွားစွန့်ကြရာဘလာဂေါက်မပါဖြစ်ခဲ့ဘူး။ဆရာမတစ်
ယောက်ဟာဖြင့်သရဲအိမ်ဝင်ကြည့်ရာကလန့်ဖြန့်ပြီးဖနောက်နဲ့
ကြမ်းပြင်ကိုပေါက်လိုက်တာကြမ်းကြိုးသွားလို့happy-world
ကန်ထရိုက်တော့အကြံအိုက်ရပါသည်ဆိုသတဲ့။ဒါပါဘဲ--ဟဲ-ဟဲ

0 comments: